black chawOctober 2, 20111min24720
ယခုတလော ဘလက်ကျွန်ုပ်သည် ဂဇက်ဟုအဟုတ်ခေါ်တွင်သော ရွာတွင်းသို့ အလည်အပတ် ထွက်ရသည်ကို နှစ်သက် သဘောကျလျက်သာရှိနေပါ၏။ ရွာထိပ်၌ကား ကလင်းနင်း ဂဇက်ဟု ကြွေးကျော်လျက်ရှိသည့် သူကြီး တို့အဖွဲ့သည် ရွာတွင်းဝင်လာသမျှ ဧည့်သည်အပေါင်းတို့အား လေဆိပ်တွင် ပတ်စ်ပို့စ် စစ်သော လဝက ဝန်ထမ်းများကဲ့သို့ စံနစ်တကျ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုလျက်ရှိ၏။သူကြီး၏ စစ်မေးပုံ ကိုကြည့်ပါလော့။ သူကြီး ။         ။ နာမည် ဧည့်သည်။      ။ ကျားကြီး သူကြီး ။         ။ လူတွေပဲ ဝင်ခွင့်ပြုပါတယ်ကွယ်။ သဘောပေါက်ပါတယ်နော။ ဧည့်သည်။      ။ ကြောင်တွေကျတော့ ဘာလို့ ဝင်ခွင့်ပေးပါသလဲ သူကြီးမင်းခင်ဗျား။ သူကြီး ။         ။ ကြောင်တွေက အိမ်မှာမွေးထားတဲ့ ကျုပ် အချစ်တော်လေးတွေပါ။ ကြောင်တွေက လူတွေကို ဒုက္ခ […]