မင်္ဂလာပါ ရွာသူ/သား အပေါင်းတို့ခင်ဗျ ကျနော် ကာတွန်းကို စိတ်ဝင်စားသူတစ်ယောက်ပါ အချိန်ရရင်လဲ စိတ်ကူးရှိတာလေးတွေ ဆွဲတတ်ပါတယ်။ နောက်စာအရေးသားမှာလဲ သရော်စာဖက်ကို ပိုအားသန်ပါတယ် အဲဒီတော့ ကျနော်ရွာထဲမှာ ကိုယ့်ပတ်ဝင်းကျင်(ဝါ)ကိုယ်သိမှီတဲ့ အပိုင်းလေးတွေကို သရော်စာပုံစံ ကာတွန်းလေးတွေ ရေးဆွဲပီး တင်ချင်ပါတယ်။ ဒီနေရာမှာ ကျနော် တယောက်ထဲ ဆိုရင်ဖြင့် အိုင်ဒီယာပိုင်းမှာ အားနည်းမယ်လို့ ထင်မိပါတယ်။ ဆိုတော့ ရွာသူ/ရွားသားတွေလဲ ဝိုင်းဝန်း အားဖြည့်ပေးမယ် ဆိုရင်ဖြင့် ပိုပီးစည်ပင်မယ်လို့ ယူဆမိပါတယ်။ နောက်တခုက တကွက်ဟာသလေးတွေနဲ့ ရွာသူ/သားတွေရဲ့ တနေ့တာ နွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့လဲ ရည်ရွယ်ပါတယ်။ ရွာထဲမှာတော့ ကောမစ်ပိုင်းမှာ ကိုကမ်းဝေးရှိပါတယ် နောက် ကိုအင်ဇာဂီလဲ ရှိပါတယ် ကျနော်ကလဲ အားဖြည့်ပေးမှာပါ။ ဟာသပိုင်းမှာလဲ ရွာထဲမှာ ဦးကြောင်၊ ကိုအောင်ပု၊ ကိုပေ၊ကိုဗိုက် စသဖြင့်ပေါ့ […]