Ma MaMarch 8, 20153min17211
ပထမဦးဆုံး သတင်းကောင်းပါးချင်တာက…. အော်ရီဒူးပြက္ခဒိန် အသစ် ၂ခု ရထားပါတယ်။   ရွာထဲကလိုချင်တဲ့သူတွေကို စူပါမားကက်ကြီးတွေမှာ ကံစမ်းမဲပေးသလို First come, First Priority လို့ပဲ ပေးရမလား မသိဘူး။ :kwi:   တနေ့ပြီးတနေ့ဆိုပြီး ကာတွန်းပေါ်မှာ ခံစားမိတဲ့ ကိုယ့်အတွေးအမြင်တွေဖြည့်ဖို့အတွက် ဓာတ်ပုံရိုက်တာမှာ နေ့စွဲတွေပါချင်တော့ အခြားနေ့က စာတွေပါ ပါပြီး အမြင်မရှင်းဖြစ်နေရတယ်။   သို့မို့ကြောင့် ပုံတွေကို ဖြတ်ကပ်ညှပ်လို့ရမယ့် နည်းလမ်းလေးများရှိရင် မစ ကြပါလို့ သဂျီးခေါင်းဆောင်သော ရွာသူားအပေါင်းကို မေတ္တာရပ်ခံချင်ပါတယ်။   အိတ်ပေါက်နဲ့ ဖားကောက် လို့ဆိုတဲ့ မြန်မာစကားပုံနဲ့ ဆင်တူတယ်လို့ထင်ပါတယ်။   အိတ်ပေါက်လို့ဆိုရာမှာတောင်မှ ဘာမှမဖြစ်လောက်ဘူးလို့ထင်တဲ့ အသေးသုံးလေးတွေ စုပေါင်းလိုက်တဲ့အခါ ပမာဏအများကြီးဖြစ်သွားတတ်တယ် ဆိုတာကို သတိပြုမိစေချင်တာပါ။ :p:   […]


Ma MaFebruary 19, 20153min32920
မြှောက်ပေးတဲ့သူတွေကလည်း မြှောက်ပေးတယ်။ က ချင်တဲ့သူကလည်း ဆိုင်းဝို်င်းမစခင်ကတည်းက လက်ချိုးပြီးသား ဖြစ်နေတယ်။ 😳   အော်ရီဒူးရဲ့ ကာတွန်းပြက္ခဒိန်လေးကို ခံစားမိသလိုလေး တင်ပြချင်ပါတယ်။   မှားယွင်းတာ ပေါ့ပျက်တာတွေလည်း ပါနိုင်တာမို့ ဆရာအော်ပီကျယ်ကို ဒီနေရာကနေပဲ တောင်းပန်ချင်ပါတယ်။   ပဏ္ဍိတာရာမ ဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒစကားထဲကလို … ဟာနေတာဖြည့်၊လိုနေတာစွက်၊လွဲနေတာ တည့်ပေးကြဖို့လည်း မျှော်လင့်ပါတယ်။         အနုပညာရှင်တွေကတော့ မနေ့ကငါနဲ့ ဒီနေ့ငါ ယှဉ်ပြိုင်တယ်လို့ စကားလှလှပြောတတ်ကြတယ်။ ကိုယ့်အမြင်မှာတော့ သူနဲ့ငါ ယှဉ်ပြိုင်ကြတာပဲ။   တိုးတက်တာကိုတိုင်းတာရာမှာ တိုင်းတာပုံလည်း ကွာနိုင်တယ်။ တိုင်းတာတဲ့ပေတံလည်း ကွာနိုင်တယ်လို့ ထင်တာပဲ။  :byee: ဘယ်အရာမှ အလကားမရဘူး။ ရယူမှုအတွက် ပေးဆပ်မှုဆိုတာ ရှိရမယ်လို့ နားလည်မိပါတယ်။ ပုံကိုကြည့်ရတာတော့ […]