စားပွဲတွင် ပြန့်ကျဲနေသော အရောင်များကို ကျွန်တော်မြင်သည်။ အဖြူ၊အစိမ်း၊ စိမ်းဖျော့၊ အနီ၊ ခဲပြာ၊ စသဖြင့် အရောင် ငါးမျိုးရှိသည်။ ထိုအရောင်များထဲမှ ကျွန်တော့်ကို ကြိုက်နှစ်သက်ရာတစ်ရောင်ကို ရွေးချယ်ခိုင်းမည်ဆိုလျှင် အကြိုက်နှစ်သက်ဆုံးကို ကျွန်တော် ရွေးချယ်နိုင်မည် မဟုတ်ပါ။ သို့သော် တစ်နေ့တစ်မျိုး သို့မဟုတ် တစ်ပတ်ကို အရောင် တစ်မျိုးမျိုးကိုတော့ ကျွန်တော် ပြောင်းလဲ ရွေးချယ်လေ့ရှိသည်။ ထိုသည်က အရောင်တွေကို ကြိုက်နှစ်သက်၍ မဟုတ်ပါ။ စိတ်၏ အခါအားလျှော်စွာ အာသီသပြင်းပျမှုအပေါ် ကျွန်တော် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ (၁) ရုပ်ဝတ္ထုအစိတ်အပိုင်းတွေကို ပြင်ဆင်နေရာချဖို့ ကျွန်တော် တော်တော်ဝါသနာပါသည်။ ရုတ်တရက် ကျွန်တော့်အခန်းထဲကို ဝင်ကြည့်လိုက်မည်ဆိုလျှင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြောင်းထားပြန်ပြီဟု လွှတ်ခနဲ ပြောမိတတ်ကြသည်။ ကျွန်တော့်အခန်းဖွဲ့စည်းပုံသည် အမြဲတသတ်မှတ်ထဲမရှိ။ ပြီးခဲ့သည့် အပတ်က […]