နွေဦးJune 26, 20121min60534
ဟိုရက်က မြွေ အကြောင်းရေးထားတာလေးဖတ်ရတော့ ကြောက်စရာ မြွေတွေကို သတိရသွားတယ်…။ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးကတော့ မိန်းမများနှင့် ဆက်ဆံ ထိတွေ့မှုများဟာ အဆိပ်ပြင်းတယ်ဆိုတဲ့အကြောင်း (အာသီဝိသောပမ သုတ်လာ) မြွေ-၄ မျိုးနှင့်တူကြောင်း မိန့်ဆိုခဲ့ဖူးကြောင်းပါ..။ ထိုမြွေလေးမျိုးကား- ၁။ ဒိဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ စူးစူးစိုက်စိုက်ကြည့်ခြင်း ခံရသူသည် အကြည့်ခံရရုံနှင့် အဆိပ်တက်စေနိုင်ခြင်း။ ၂။ ဖုဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ အထိခံရသူမှာ တစ်ကိုယ်လုံး အဆိပ်များ ပျံ့နှံ့စေခြင်း။ ၃။ ဝါတိဝိသမြွေ ထိုမြွေနဂါး၏ နှာခေါင်းလေဖြင့် အမှုတ်ခံရလျှင် ဖွဲပြာကဲ့သို့ ဖြစ်စေနိုင်ခြင်း။ ၄။ အဋ္ဌဝိသမြွေ ထိုမြွေနဂါး၏ အကိုက်ခံရသူများ ထိုနေရာ၌ပင် လဲ၍ သေစေနိုင်ခြင်း။ စသော မြွေလေးမျိုးကဲ့သို့ပင် – ၁။ မိန်းမပျို၏ အကြည့်ခံရရုံနှင့် အဆိပ်တက်သကဲ့သို့ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း။ ၂။ မိန်းမပျို၏ […]