lu ta loneMay 26, 20101min2235
အမျိုးသားများ မသွားလာထိုက်သော မိန်းမ(၂၀) ၁-မိခင်စောင့်ထိန်းသောမိန်းမ။ ၂-ဘခင်စောင့်ထိန်းသောမိန်းမ။ ၃-မိဘနှစ်ပါးစောင့်ထိန်းသောမိန်းမ။ ၄-မောင်ကြီးမောင်ငယ်စောင့်ထိန်းသောမိန်းမ။ ၅-အစ်မညီမစောင့်ထိန်းသောမိန်းမ။ ၆-ဆွေမျိုးစောင့်ထိန်းသောမိန်းမ။ ၇-အနွယ်တူစောင့်ထိန်းသောမိန်းမ။ ၈-သီတင်းသုံးဖော်စောင့်ထိန်းသောမိန်းမ၊ ၉-ဝမ်းတွင်းကပင်မှန်း၍စောင့်ရှောက်ထားေသောမိန်းမ။(အမိဝမ်းတွင်းကပင် ဖွားမြင်လာလျှင် မယားအဖြစ်လက်ထပ်ယူရန် တောင်းရမ်းသတ်မှတ်ထားသောမိန်းမ)။ ၁၀-မင်းဒဏ်ထားသောမိန်းမ(အာဏာပိုင်တို့က ကိုယ်တိုင်သိမ်းပိုက်ရန်ရည်ရွယ်ထားသဖြင့်ဤမိန်းမကိုသွားလာကျူးလွန်လျှင် ဤအပြစ်ဒဏ်သင့်စေ ဟု သတ်မှတ်ထားသောမိန်းမ) ၁၀-ဥစ္စာဖြင့်ဝယ်ယူထားသောမယား။ ၁၂-အလိုတူနေထိုင်သောမယား။ ၁၃-စည်းစိမ်အတွက်သွားရောက်နေထိုင်သောမယား(ယောက်ျားထံမှ ဆုံ၊ကျည်ပွေ့ စသော အိမ်အသုံးအဆောင်ကိုရ၍ မယားအဖြစ်ခံယူသောမိန်းမ)။ ၁၄-ထမီအတွက်နေထိုင်သောမယား(ဝတ်ရုံလောက်ကာမျှသော အဝတ်ထမီကိုရ၍ မယား အဖြစ်ခံယူသောမိန်းမ)။ ၁၅-ရေခွက်၌ လက်နှစ်ဘက်ချ၍ ထိမ်းမြားသောမယား( ဤရေသည်မကွဲမပြားသကဲ့သို့ သင်တို့နှစ်ယောက်မကွဲမပြားစေသတည်းဟု ရေတစ်ခွက်တည်း၌ လက်နှစ်ဘက်ကိုချကာ မိဘနှစ်ပါးစုံထိမ်းမြားပေးသောမယား)။ ၁၆-ခေါင်းခုကိုချခိုင်း၍ နေစေသောမယား(ထင်းခွေ၊ ရေခပ်ခြင်းအမှုကို ပြုလုပ်နေသောအမျိုးသမီးကို မယားအဖြစ် သိမ်းပိုက်လို၍ သင်ယနေ့မှစ၍ ထင်းခွေ၊ ရေခပ်ခြင်းအမှုကို မပြုနဲ့တော့ ဟုပြောဆိုသိမ်းပိုက်ထားသောမယား)။ ၁၇-ကျွန် မယား(မယားအဖြစ်သိမ်းပိုက်ထားသောကျွန်မ)၊ ၁၈-အမှုလုပ်မယား(မယားအဖြစ်သိမ်းပိုက်ထားသော အိမ်စေမိန်းမ)။ ၁၉-စစ်အောင်သဖြင့် […]