manawphyulayJuly 13, 20121min47329
မနေ့က မိုးအကြီးအကျယ်ရွာတော့ မိုးမိပြီး ဒီနေ့ အတော်ဖျားချင်နေတယ်။ ကိုယ်တွေလက်တွေကိုက်နေရင်း မနက်က အလုပ်လာတော့ လမ်းမှာ ရုံးက အစ်ကိုတစ်ယောက်နဲ့ တွေ့တယ်။ သူက ပြောတယ်။ဒီမနက် အလုပ်လာတော့ စိတ်မကောင်းစရာတွေကြားရပါတော့တယ်။ ရုံးက ဆရာတစ်ယောက် ဆုံးတယ်လို့ ပြောတော့ လာမနောက်နေနဲ့လို့ ပြောလိုက်တယ်။ မနေ့ကတောင် စကားတွေ ထိုင်ပြောနေသေးတယ်လို့ ပြောတော့ ဟုတ်ပါတယ်။ ဒါနဲ့ ရုံးရောက်တော့ ထပ်ပြောတယ်။ အစ်မ သင်တန်းက ဆရာတစ်ယောက် ဆုံးသွားပြီလို့ ထပ်ပြောတယ်။ ဟုတ်လို့လား မနေ့ကတောင် ညဘက်ထိ တွေ့တယ်လို့ ပြောတော့ ညက ရုံးက အပြန်မှာ ဗိုလ်ချုပ်လမ်းပေါ်က ပန်းဆိုးတန်းဂုံးအောက်ကားမှတ်တိုင်ကျော်မှာ အဓိပတိယာဉ်လိုင်းပေါ်က ပြုတ်ကျပြီး ဆုံးတာလို့ ပြောပါတယ်။ ည မိုးအရမ်းရွာနေတဲ့အချိန် ရ နာရီခွဲမှာ ဖြစ်တာတဲ့။ ဖြစ်နိုင်ပါ့မလား […]