ထိုင်းနိုင်ငံအလယ်ပိုင်းဒေသ တစ်ခုလုံးမကြာသေးမီရက်များဆီက ရေလွှမ်းမိုးခဲ့မှု ကြောင့်နစ်မြုပ်ခဲ့ရသော ဟွန်ဒါကားများကို ဟွန်ဒါကုမ္ပဏီမှ ဖျက်ဆီးခဲ့ကြောင်း Dec 28 ရက်နေ ့ကသတင်းထုတ်ပြန်ပါတယ်။ဖျက်စီးခဲ့တဲ့ ဟွန်ဒါကားတွေဟာ အစီးပေါင်း ၁၀၅၅စီး ဖြစ်ပါတယ်။ထိုကားအမျိုးအစားများကတော့ ဘရီရို၊ဂျက်ဇ်၊စီးတီး၊စီဗစ်၊ဟွန်ဒါ အက်ကော့ဖ်၊ စီအာဗွီ တွေဘဲဖြစ်ပါတယ်။ ယင်းကားများသည် ရေမြုပ်ခံရပြီးနောက် အင်ဂျင်မှဆီယိုစိမ့်ခြင်း၊ထိခိုက်ထားခြင်း၊စက်ပစ္စည်းအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခဲ့ရသည်။ထိုကားများကို ဝန်ချီစက်ဖြင့်ရွှေ ့ပြောင်း ပြီးဖျက်ဆီးသည့်နေရာ၌ ထုချေကာသံရည်ကျိုပြီးနောက်ပြန်လည်အသုံးပြုမည်ဟုကြားရပါ တယ်။ တဆက်တည်းမှာဘဲ ဟွန်ဒါကုမ္ပဏီမှ မိမိတို ့သည်အရည်အသွေးကောင်းမွန်သော မော်တော် ယဉ်များကိုသာ ဝယ်ယူသူများအား ဖြန် ့ဖြူးသွားမည်ဟုကြေညာလိုက်ပါတယ်။ အင်း……စဉ်းစားရင်းနဲ ့မကောင်းဖြစ်တော့မယ်ဗျာ။ဘာကြောင့်များ နိုင်ငံခြင်းကပ်နေရဲ ့သားနဲ ့သူ ့အဆင့်ရဲ ့တဝက်လောက်လေးတောင်မမှီရသလဲတွေးမိပြန်ပါတယ်။ကျနော်တို ့နိုင်ငံများ. တော်ချက်ကတော့ သူများနိုင်ငံတွေက စွန် ့ပစ်၊မိုင်နှုန်းပြည့်၊reject ကားတွေကို သိန်းကိုရာချီ၊ထောင်ချီပေးဝယ်နေရတာ တခြားနိုင်ငံတွေအတွက်ရီစရာပါလားဗျာ။ အင်း…..ဟိုးတလော ဒါမှမဟုတ်ရင် တစ်ချိန်,….. […]