…http:www.myanmarupdates.com/link/frame?cat-id=1&url=feedproxy.google.com/~r/thithtoolwin/yIWv/~3/Lim96OwJQv8/7day-news-html… မေလ(၁၀)ရက်နေစွဲပါ၊ 7Day News Journal မှာပါရှိလာတဲ့ သိန်း(၁၀၀)ရှိရင် ၂၀၀ရ အထက်မော်ဒယ်ရှိအိမ်စီး ၁၃၅ဝစီစီ ကားများကို ပါမစ်မလိုပဲ တင်သွင်းလို့ရပါပြီဟုဖေါ်ပြထားသည်ကို သစ်ထူးလွင်ဆိုဒ်မှဖတ်ရှုမိ၍ ပြန်လည်မျှဝေလိုက်ပါသည်။ အမှန်တစ်ကယ်သာ သာမာန်လူတန်းစားတွေ သိန်း(၁၀၀)နဲ့ ၂၀၀ရမော်ဒယ်အထက်ကားတွေစီးနိုင်ပီဆိုရင်တော့ ဝမ်းသာစရာပါပဲဗျို့… လူတိုင်းကားစီးနိုင်မယ့်အခွင့်အရေးတွေရှိလာနိုင်ပီပေါ့…ဆိပ်ကမ်းအရောက် us$5000 တန်ကို က.ည.နအခွန်အပြီးအစီး သိန်း(၁၀၀)ဝန်းကျင်ပဲကျမယ်ဆိုတော့…တစ်ကယ်ပဲလားမောင်တို့ရယ်…တစ်ကယ်ပါပဲဆိုရင်တော့ တရုတ်ပြည်က ချယ်ရီဝါဂွန်တွေ၊ကုလားပြည်က တာတာ တွေ၊နားပြီးပေါ့နော်… အဲ…အဲ..နောက်ပြီးတော့ ကားတွေများလာတော့ လမ်းတွေကျပ်ပြီပေါ့နော်…ကားထားစရာနေရာတွေ(Car Parking)စနစ်တစ်ကျရှိဖို့လိုပြီပေါ့နော်…မဟုတ်ရင်တော့ ယာဉ်ကျောပိတ်ဆို့မူတွေတိုးလာပြီး သွားရေးလာရေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။မြို့နယ်တိုင်းမှာ Free Parking နဲ့ Pay Parking တွေကို စနစ်တစ်ကျစီမံဖို့အထူးလိုအပ်ပါလိမ့်မယ်။မြို့လည်ခေါင်က ကန်ထရိုက်တိုက်တွေမှာနေသူတွေရဲ့ ကားတွေကို Parking Zone ခွဲထားပြီး၊စီမံသင့်တယ်လို့မြင်ပါတယ်။ ယခုအခြေအနေအတိုင်း မှန်ကန်ပါတယ်ဆိုရင်တော့ လူလပ်တန်းစားများ ကားကောင်းစီးနိုင်တော့မယ့်အခွင့်အရေးပါပဲ။အိမ်ထောင်စုအလိုက် ကားအရေအတွက်ကိုလည်း ကန်ုသပ်ဖို့လိုအပ်ပါမည်။ ဂျီပွန်မှာတော့ […]