ကားသစ်တွေပေါလာတော့မည့် မြို့တော်မဟာရန်ကုန်နဲ့ လိုက်ဖက်တဲ့ လမ်းကောင်းတွေ၊လမ်းသစ်တွေ လည်းပေါလာဖို့ လိုအပ်မှာပါ။ဒါမှလည်း ပဏာသင့်မှာပါ၊သို့မှ မဟုတ်ရင်တော့ မျက်နှာသနှပ်ခါးနဲ့ ပေါင်မှာ သေးစီးချောင်းနဲ့ဆိုသလိုဖြစ်နေမှာပေါ့။ နောက်ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ ကားရပ်နားရန်နေရာ ပြဿနာမဖြစ်စေရန်အတွက် ကြိုတင်စီမံမူများပြုလုပ်သင့်ပါတယ်လို့ယူဆပါတယ်။အမှန်တစ်ကယ်လိုနေတာပါ၊ ရန်ကုန်မြို့ရဲ့ မြို့လည်မှစ၍ မြို့နယ်များစွာမှာ ကန်ထရိုက်အဆောက်အဦးတွေပဲများပါတယ်၊စနစ်တကျ စီမံထားတဲ့ Housing တွေက အင်မတန်နည်းနေပါသေးတယ်။ဥပမာ… လမ်းတစ်ထဲမှာ အိမ်ခြေအလုံး(၄၀)ရှိတယ်ပဲထား၊ကန်ထရိုက်တိုက်အဆောက်အဦးက အလုံး(၂၀)ရှိတယ်ထား၊ကန်ထရိုက်တိုက်တစ်လုံးမှာ (၈)ထပ်၊အခန်း (၁၆)ခန်း။ဆိုတော့…အခန်းပေါင်း(၃၂၀)…တစ်ခန်းကို မိသားစု တစ်စုအတွက် ကားတစ်စီးစီပိုင်တယ်ထား၊ကားပေါင်း (၃၂၀)စီး၊ကျန်တဲ့ အိမ်တွေမပါသေးဘူးနော်…။အဲဒီလမ်းထဲမှာ ဘယ်လိုများထားကြမလဲပေါ့…။တစ်ကယ့်လက်တွေပါပဲ….ငါ့ အိမ်ရှေ့လာမရပ်နဲ့ တစ်ခြားသွားရပ်…နေ့စဉ် အိမ်ရှေ့ကားလာရပ်လို့ ရန်တွေ့ရန်ဖြစ်နေကြတာကို မြန်မာပြည်ခဏပြန်စဉ် ကြားရမြင်ခဲ့ရပါတယ်…။ အဲဒီတော့…ခိုင်ထူး သီချင်းလေးပဲ ဆိုချင်ပါတော့တယ်… “ပြဿနာ အခြေအနေမစခင်.. မင်းစဉ်းစားဖို့ကောင်းတယ်…ယခုလို အခြေနေမျိုးမှာ ရုံးထွက်ဖို့ မကြိုးစားနဲ့..” Free Parking Zone.,မည်သူမဆို အခမဲ့ […]