ဒီနေ့ မနက်ပဲ အိမ်းသူသက်ထား ချစ်မယားလေး ရှင်မွေးလွန်းက ပြောတယ်.. ကားစီးချင်ဘီ ကိုကိုရယ်တဲ့.. စိတ်ထဲကတော့ လစာလေး သုံးသောင်းလောက်တိုးတာမှ မကြာသေးဘူး ကားစီးချင်တယ် လုပ်နေဘီပေါ့၊ (ချဉ်ပါတယ်အေ.. ဂယ်ပဲ) နှုတ်ကနေတော့.. အို ကွယ် တနေ့တော့ စီးရလိမ့်မပေါ့..။ ခုလည်း မော်တော် ဆိုင်ကယ်လေးနဲ့ အဆင်ပြေနေတာပဲဟာ.. လို့ နှစ်သိမ့်လိုက်ရပါတယ် ..ဟီး။ သိန်းထောင့်ငါးရာ ဆုကြီးပေါက်လို့ကတော့ ကားကောင်းကောင်းဝယ်ပြီး မြန်မာပြည်အနှံ့  အမျိုးတွေအကုတ်လုံး ဘုရားဖူးပို့မယ် မှန်းထားတာ..။ ထီကလည်းမပေါက်။ ကားစီးချင်တယ် ပြောလို့မှ ဆုံးရုံရှိသေး ဟော.. သတင်းကြားဘီ။ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းကြောင့်တဲ့ ကားဈေးတွေထိုးကျတယ်ဆိုပဲ..။ ရွာစားကျော်တို့ ဆန္ဒပြင်းလို့ သကြားမင်း ပန္တုကမ္ဗလာ […]