နွယ်ပင်September 5, 20111min38939
မနေ့က သူငယ်ချင်း တစ်ယောက်က မေးလ်ပို့လို့ ကားပြပွဲဆိုပြီး ပုံလေးတွေတင်ထားလိုက်မိတယ် သူငယ်ချင်းဆီက မေးလ်မို့လို့ လင့်ကလဲ မသိတော့ ဘယ်ကရမှန်းလဲ မသိလို့ ဒီမှာတင်တဲ့အခါမှာ ကူးယူလာတဲ့ လင့်ကို မတင်ဖြစ်လိုက်မိပါဘူး အခု ဒီနေ့မှ ပိုစ့်ကို ကြည့်လိုက်တော့ အခုလို ပြသာနာတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ် အဲတော့မှ သူငယ်ချင်းဆီကို အသည်းအသန်ဖုန်းဆက်ပြီး ဘယ်ဆိုဒ်ကကူးလာတာလဲလို့မေးတော့ ဧရာဝတီ ဘလော့ဂ် ကကူးလာတာတော့ မဟုတ်ပါဘူး myatlayngon.blogspot.com က ကူးပြီး ပို့ပေးလိုက်တာ ဆိုပါတယ် ဒါပေမယ့် အခုလို ပြသာနာတွေဖြစ်သွားတဲ့ အတွက် သဂျီးကိုလဲ ဒီကနေပြီး အနူးအညွတ် တောင်းပန်ပါတယ်