13 စာဥတို့ကိုသတိရတဲ့ နေညိုချိန်တိမ်တောက်         “ကြွေသွားတဲ့ညနေခင်းလေးများ”     ကျနော်ဘဝမှာ1991ကနေစလို့ 2005 ညနေခင်းဆိုတာဘာမှန်းမသိခဲ့အောင် အလုပ်ထဲမှာနစ်မြုတ်လို့နေခဲ့ပါတယ်။ ညနေခင်းများမှာစာရင်းအင်းတွေထဲမှာခေါင်းစိုက် အလုပ်လုပ်ရတာက ထပ်ခိုးလေးမှာ။ လျှပ်စစ်မီးချောင်းရဲ့အရောင်သာရှိတဲ့အခန်းလေးခပ်မှောင်မှောင်။ ကိုယ်နဲ့လက်တွဲဖော် ကလေး သုံးယောက်နဲ့ဘဲနွေမိုးဆောင်းအချိန်တွေကုန်လွန်ခဲ့။ ကုန်လက်ကျန်တွေ ငွေလက်ကျန်တွေ ကိန်းဂဏန်းတွေနဲ့သာနစ်မြုတ်လို့နေခဲ့။ အလုပ်ပြီးတဲ့အချိန်က ညကိုးနာရီ။ ဒီလိုနဲ့ဘဝကြီးကိုဖြတ်သန်းလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကျော် 2005ခုနှစ်နောက်ပိုင်းမှာတာ့ လုပ်ငန်းမှာလူတိုးတော့ လုပ်ငန်းအချို့ကိုခွဲဝေလို့ပေးနိုင်တဲ့အခါ အလုပ်ကလဲစောပြီး။ နောက်လုပ်ငန်းကလဲ နေရာပြောင်းတော့ ညနေခင်းနေရောင်မြင်ရတဲ့နေရာလေးကိုရောက်လာ။ လှပသောညနေခင်းလေးများကိုတော့ခံစားလို့ရပါတယ်။   အခုနောက်ပိုင်းခရီးထွက်ရ ကင်မရာလေးနဲ့လက်ဆော့ခွင့်ရတော့ ငယ်ငယ်က မက်မောခဲ့တဲ့ လှပသော ညွှတ်နူးဘွယ်ကောင်းသောလွမ်းဖွယ်ကောင်းသော ရင်ခုန်ချင်စရာကောင်းသော အရောင်စုံ ညနေခင်းလေးများကို မှတ်တမ်းတင်မိပါတယ်။   […]