annonymousAugust 10, 20111min21513
ကျွန်မတို့နိုင်ငံ က ထေရ်ဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမဲ့ ခုနောက်ပိုင်းလူတွေကို ကြည့်ရတာ ယဉ်ကျေးမှု ၊ ရိုသေနားလည်မှု ၊ စာနာမှုတွေလဲ အလွန်ခေါင်းပါးတယ် လို့တွေးမိပါတယ်။ အထူးသဖြင့် ကားစီးတဲ့အခါ လူတွေရဲ့ အတ္တတွေကို ပိုတွေ့ရပါတယ်။ ကားပေါ်မှာ ကိုယ့်ထက်အသက်ကြီးသူတွေ့ရင် ပေးထိုင်ရမှန်းမသိတာလား ၊ မမြင်ချင်ယောင်ဆောင်တာဖြစ်ဖြစ်နဲ့ ပေကတ်ထိုင်နေကြပါတယ်။ သံဃာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးတွေကို ငဲ့ညာ သင့်တယ်ဆိုတဲ့အတွေးမျိုးတွေ မရှိကြတော့ဘူး ထင်ပါရဲ့။  ဒါဆို ကားတွေပေါ်မှာရေးထားတဲ့ သံဃာနဲ့အသက်ကြီးသူများ ဦးစားပေးပါဆိုတဲ့စကားက မှားပြီလို့ထင်ပါတယ်။ ကျွန်မမနက် အလုပ်လာတုန်းက အဖြစ်အပျက်လေး တစ်ခုကိုပြောပြချင်ပါတယ်။ ကျွန်မတို့အလုပ်က လှိုင်သာယာမှာရှိလို့မနက်ဆိုလိုင်းကားစီးဖြစ်ပါတယ်။ ကားကလဲ 96 ဒိုင်နာကားပေါ့နော်။ ကားက လူတော်တော်ကြပ်ပါတယ်။ ဘုရင့်နောင်ရောက်တော့ သက်ကြီးပိုင်းသံဃာတစ်ပါးတက်လာပါတယ် ။ သံဃာကြီးက အလွန်အသက်ကြီးနေပါပြီ … […]