(၁) “ဘေးဖယ်… ဘေးဖယ်၊ ဒီစက်ဘီးက ဘရိတ်မမိတော့ဘူး၊ ဟင်… ဟောတော့…” “ဝုန်း… အား…” စာကြည့်တိုက်ထဲက ထွက်ထွက်ချင်း မောင်မိုးတစ်ယောက် အီစလံဝေသွားတယ်။ မဝေခံနိုင်ရိုးလား။ ပေါင်ကြားတည့်တည့်ကိုမှ အိစံရဲ့စက်ဘီးက ဝင်တိုက်တာလေ။ မောင်မိုးခမြာ မျက်နှာကြီး ရှုံမဲ့ရင်း… “အားလား…လား၊ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်တော့်ကို လူဖြစ်ရှုံးအောင်လို့ တမင်သက်သက်များ ကြံစည်လိုက်တာလား” “မဟုတ်ပါဘူးရှင်၊ အိစံ တောင်းပန်ပါတယ်၊ အိစံ တမင်သက်သက်လုပ်တာ မဟုတ်ရပါဘူး၊ ဟိုလေ… ဟို ရှင် ဘာဖြစ်သွားသေးလဲ” “အင်း… ဟိုဟာ၊ အာ… ဘယ်လိုပြောရမလဲ၊ တော်ပြီဗျာ၊ ခင်ဗျား ဘာတွေ မေးနေမှန်း မသိဘူး၊ သွားတော့မယ်” မောင်မိုး ရှက်ရှက်နဲ့ မျက်နှာကြီးနီပြီး သူရပ်ထားတဲ့ စက်ဘီးရှိရာကို ပြေးသွားတယ်။ အဲ့ဒီကို ရောက်တောင်မရောက်သေးဘူး။ […]