အပြောင်းအလဲ.. အပြောင်းအလဲ….. အဲဒီ စကားလုံးလေး စိတ်ထဲရောက်နေတာ ကြာပြီ.. နှစ်ဟောင်းက နှစ်သစ်သို့ အပြောင်းအလဲ ခံယူချက်အပြောင်းအလဲ အစိုးရ အပြောင်းအလဲ အုပ်ချုပ်မှုစနစ် အပြောင်းအလဲ.. လူမှုစီးပွားရေးအပြောင်းအလဲ.. မြန်မာပြည်ကြီး အပြောင်းအလဲရေစီးကြောင်းထဲ မျောတဲ့ ၂၀၁ဝ ကတည်းကပေါ့.. ၂၀၁၂ နှစ်ဟောင်းမှ ၂၀၁၃ နှစ်သစ်တစ်ခု မကူးခင်လေး.. ဟော ခုလည်း ပြောနေကြပြန်ပြီ ပြောင်းရုံတင်မကဘူး.. ပျက်ကို ပျက်တော့မှာတဲ့ မြန်မာပြည်နဲ့တင် ဆိုင်တဲ့ကိစ္စမဟုတ်.. ကမာ္ဘကြီးပျက်စီးမှာ…. ကမာ္ဘကြီး မနက်ဖြန် ပျက်တော့မှာဆိုရင် ဘာလုပ်မလဲတဲ့ တို့ သူကြီးကလည်း မေးနေတယ်.. အဲဒီတော့ ကျုပ်လည်း ကမာ္ဘမပျက်ခင် ဘာလုပ်ချင်လည်း တွေးကြည့်တော့ မန်းဂေဇက်မှာ တင်မယ်ဆိုပြီး ကာတွန်းလေးတွေ လျှောက်ဆွဲထားတာ တကယ်လို့များ မနက်ဖြန် ၂၁-၁၂-၂၀၁၂ ရက်နေ့ တကယ်များ […]