Aung Myat LinMay 2, 20131min1217
တမာတန်းက စောင့်နေသူ ဒီနေ့ နေလင်းတို့ ရတနာပုံတက္ကသိုလ်ကြီးကို စတက်ရတော့မည်။ ပြီးခဲ့တဲ့အပတ်က ကျောင်းသွားပြီးအပ်ခဲ့ပြီးပြီ။ နာမည်အပြည့်အစုံကတော့ နေလင်းအောင်ပါ။ သူငယ်ချင်းတွေက နေလင်းဟုသာ ခေါ်ကြသည်။ နေလင်းတယောက် (၁၀)တန်းစာမေးပွဲ ဖြေပြီးကတည်းက ဂလေရိုက်နေခဲ့သည်။ အင်တာနက်ဆိုင်လိုလို ဂိမ်းဆိုင်လိုလို နဲ့ သူငယ်ချင်းတွေနဲ့ လမ်းသလားနေခဲ့သည်။ တခါတလေ ဘီယာဆိုင်လေး ထိုင်တတ်သေးသည်။ တကယ်တမ်းတော့ နေလင်းမိဘတွေက ချမ်းသာသည်ဟု ဆိုရလောက်သည်။ သူတို့နေထိုင်သည့် မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်မှာ သူတို့အိမ်က အချမ်းသာဆုံးဟု ဆိုနိုင်သည်။ RC တိုက်နဲ့ ကားနဲ့ ဆိုင်ကယ်နဲ့ပြည့်စုံသည်။ မိဘတွေက ရပ်ကွက်တွင် ကုန်စုံဆိုင်ကြီးဖွင့်ထားသည့်အတွက် ငွေရွှင်သည်။ ၎င်းတို့ဆိုင်မှာလည်း ပစ္စည်းစုံသောကြောင့် ဈေးဝယ်သူ ပေါများလှသည်။ သူတို့မိသားစု စားဝတ်နေရေးအတွက် ထိုဝင်ငွေနှင့်ပင်လုံလောက်သည်။ နေလင်းအဖေမှာအခြားစီးပွားရေး လုပ်ငန်းက ရှိသေးသည်။ ထို့ကြောင့်နေလင်းတစ်ယောက် […]