လူသားတိုင်းနှင့် တိရစ္ဆာန်တိုင်းမှာ ဘဝဆိုတာ ရှိပါတယ်။ ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားကာလလို့ ဆရာအောင်သင်းက ဆိုဖူးပါတယ်။ ကြားကာလဆိုတာ အချိန်ပါပဲ။ ယင်းအချိန်ဆိုတာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ထိုသုံးပါးကို ဆိုလိုတာပဲ မဟုတ်လား။ ထိုသုံးပါးကို ဆက်ရှင်းရရင် အတိတ်ဆိုသည်မှာ လွန်လေပြီးသော အချိန်ကို ဆိုလိုရင်းဖြစ်ပြီး ပစ္စုပ္ပန်ကတော့ လက်ရှိအချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနာဂတ်ကတော့ နောင်လာမည့်အချိန်ကို ဆိုလိုခြင်းပါ။ တရုတ်စကားပုံတစ်ခုရှိပါတယ်။ အဲ့ဒါက အတိတ်ကာလအတွေ့အကြုံများဟာ အနာဂတ်တာဝန်များအတွက် အကောင်းဆုံးလမ်းပြဖြစ်ခြင်းတဲ့။ ထိုစကားပုံက မှန်ကန်ပါတယ်။ လူသားတို့ဟာ အတိတ်ကာလ အတွေ့အကြုံများကို ယူ၍ ပစ္စုပ္ပန်မှာသာ အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်သူများဖြစ်နိုင်ကြမှာပါ။ တချို့ ရှိပါတယ်။ ကိုယ့်လက်ရှိ မအောင်မြင်မှုများကို အတိတ်ကံသို့ လွှဲချတတ်ခြင်းပါ။ အမှန်က ကံဆိုတာ […]