koyinMarch 17, 20131min520
သက်ငြိမ် (၂) တိတ်ဆိတ်တယ်ဆိုတာထက် ထိတ်ထိတ်ပြာ ရင်ထက်မှာ ဝင်သက်နာ ထွက်သက်ပြင်း မင်လျက်သာ လှည့်ထွက်ငြင်းလ­ို့ လှေကားရင်းမှ အခန်းဝ (ငါ့)ခန်းမအလယ် ကမ္ဘာငယ် အာရုံကွယ် အသိမေ့ မနေ့နက်ဖန် ရက်ဧကန်မှား နှလုံးသားနှင့် ရင်းသည့်စစ်ပွဲ တစ်ကိုယ်တည်းတိုက် လက်နက်မပါ လက်ဗလာဖြင့် ကျဆုံးခန်း ငရဲခန်းမှာ တွေးသွားတွေမဆို အဆွေးသမားလိုလည်း မငိုရှိုက် သိုရိုက်ထည့်သွင်း အသက်ပြင်းသည့်ခန္ဓာ ဝေဒနာကို မြှုပ်နှံသဂြိင်္ုလ်လျက် မနက်မှသည် နေ့လည် မွန်းတည့်မှသည် သန်းခေါင် ကြယ်ရောင်ဝင် အမှောင်နက် လရောင်ခြောက်ကပ်အရုဏ်တက်မှာ အလင်းရောင်မလာခင် ခြွေ တိတ်တခိုး ကြွေကျလာသည့်စကား အတ္တက များများ (နှလုံးသားက နားညည်းလို့) ရင်ဘတ်ကို ဖွင့်ဟထားပြီးသည­့်နောက် နေရောင်အောက်မှာ မီးအိမ်ထွန်းပြီး တဖန်ပြန်လည်ရှာေ­ဖွနေမိသော…။ ။ တောက ကိုရင် ၀၇.၀၃.၂၀၁၃


တောက ကိုရင်February 2, 20131min731
ဝင်သက်ပူတုန်း အစချီ အချီအချညီ (နဘေညီ) ပိုဒ်စုံရတု ဝင်သက်ပူတုန်း ရင်ထက်နုံးချိ မင်သက်မိဆို ညဉ့်အိုစိတ်ကူး ပိပြိုဖူးခက် ငိုဘူးလျက်မှ ဆူးချက်ကနာ နက်လှပါပြီ မြွက်ဟသီကျူး ရည်စူးတေးသံ ရူးဆွေးပြန်မိ် စူးငေးထိရှ တွေးမိတလွမ်း ငြိမှကမ်းဖြို မြကျွမ်းဖိုလှိုက် ငိုရှိုက်သည်းကြွေ ပြိုခိုက်စေစား သိုရိုက်ထားစဉ် မှားမြင်ပင်ထက် နားချင်လျက်သား ငှက်ခါးတောင်ပံ ကြားယောင်ပြန်လျှင် နားထောင်ညင်သာ မြင်ပါလျက်မြူ ရင်မှာဆူအုံး ပူတုန်းဝင်သက် ခြွေနေလား…။ မြင်ခက်မြူဖုံး ကြင်သက်ဆုံးတိုင် ယှဉ်လျက်ထိုင်ငေး မှိုင်ဆွေးနှင်းဖြူ လှိုင်မွှေးကြူသို့ တွေးပူလို့လေ သူညှို့စေငြား ပျို့လေအားတင်း စို့စေညှင်းလျက်လင်းခက်ရီဝေ ထက်ဆီနေရောင် ပြက်မည်မှောင်ထွ­န်း သည်မြောင်ကျွန်းဝယ် သောင်ထွန်းမယ်ဆို ကွန်းငယ်ခိုဝင် လိုအင်ဖွင့်ဟ ငြိုငြင်တလှမ်း ထိုပင်တန်းမျှော် မှန်းရော်ရီငေး တမ်းဖော်ဝေးလှစ်­ ဆွေးရစ်ကာလေ သစ္စာခြွေမှ မေတ္တာခသွန်း လှလွန်းမွှေးကြူ […]