manawphyulayDecember 17, 20101min25821
ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား (ကျွန်မဘဝတစ်စိတ်တစ်ပိုင်း) ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တစ်ခါတလေ ပြောသင့်တယ်လို့ ထင်ထားပေမယ့် ဆရာလုပ်တယ်လို့ မြင်ကြတာ ခုနောက်ပိုင်း လူငယ်တော်တော်များများရဲ့စိတ်လို့ ပြောရမလားပါပဲ။ နောက်တစ်ချက်က ကျွန်မအနေနဲ့ သိတာ မြင်တာကို ဖြန့်ဝေသလို အချိန်ကို အလဟဿ မသုံးမိကြစေဖို့ နီးစပ်ရာကို ဆရာလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တော်တော်များများက ချက်တင်ပိုင်းကို အားသန်နေတာ တွေ့ကြရပါတယ်။ ကျွန်မ မေးကြည့်တယ်။ အင်တာနက်သုံးရင် ဘာတွေသုံးလည်းလို့ မေးကြည့်တော့ ချက်တာပေါ့တဲ့။ မချက်ပဲ တခြားလေ့လာစရာရှိတာတွေ အများကြီးပဲ အင်တာနက်ရွာကြီးထဲမှာ ရှိနေတယ်ဆိုတာ သိကော သိကြရဲ့လား။ ကျွန်မက တတ်နိုင်သမျှ အချိန်၊ ငွေ မဖြုန်းတီးဖို့ အကျိုးရှိတာကို လုပ်ဖို့ ပြောပြတော့ ကျွန်မကို အန်းတိတ်တဲ့။ အပျိုကြီးတွေများ ဇီဇာကြောင်တာတဲ့၊ ဒါကြောင့် […]