Zaw WonnaAugust 17, 20101min450
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခြင်းသည် တမူ ထူးခြားသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်ပြီး မိမိနှင့် သက်ဆိုင်သော လုပ်ငန်းကျွမ်းကျင်မှုကို ပိုမိုတိုးတက်အောင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသည်။ သင်သာလျှင် လုပ်ငန်းရှင် ဖြစ်သည့်အတွက် သင့်အလုပ်နှင့် ပတ်သက်သော အချိန်ဇယားကို စိတ်ကြိုက် ရေးဆွဲနိုင်ပြီး သင့်လုပ်ငန်းနှင့် ပတ်သက်သော စွန့်စားမှုများအတွက် သင်ကိုယ်တိုင် တာဝန်ယူရပေမည်။ မည်သို့ပင် ဖြစ်စေကာမူ ကိုယ်ပိုင်လုပ်ငန်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး လူတိုင်းအတွက် မှန်ကန်သော ရွေးချယ်မှု တစ်ခု မဖြစ်နိုင်ပေ။ ကိုယ်ပိုင်လုပ်ငန်းသည် သမားရိုးကျ အလုပ်မျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ကြိုတင် ဟောကိန်းထုတ် ခန့်မှန်း၍ မရနိုင်သော လုပ်ငန်းမျိုး ဖြစ်သည်။ တစ်ဦးချင်း အနေဖြင့် အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းရှင်များမှာ အလွန်တက်ကြွ၍ ဦးဆောင်နိုင်စွမ်း ရှိသူများဖြစ်ပြီး […]