koyinNovember 6, 20112min1082
ဤနေရာမှ အစပြု၍… ဤနေရာတွင်… ကဗျာတစ်ပုဒ်၊ ရင်မှ ထုတ်ဖော် ကာရန်ချော်လည်း၊ ကဗျာပဲလေ ဖန်တီးနေကြ၊ ကဗျာမှသည် ကဗျာဆီသို့၊ လာ သီစို့ တေး ကဗျာလေးများ ဟစ်ကြွေးကြော်…။ ဤနေရာတွင်… သံစဉ်မတီး၊ ဂီတ စည်းဝါး အနီးနားမှာ၊ မရှိပါလည်း ထိုဆည်းလည်း သံ၊ ရင်ဝယ် ငြိမ့်ညောင်း ပီတိ လောင်း၍၊ ကဗျာမွေ့(လျော်)…။ ဤနေရာရာတွင်… ဗီလိန် လူဆိုး၊ သူခိုး ဓါးပြ မရှိကြပါ၊ သူယုတ်မာလည်း မခိုရဲလေ၊ သူကောင်းတွေသာ  ခံစားပါလို့၊ စာလွှာချရေး ကဗျာတေးများ ဖြစ်တည်နေ…။ ဤနေရာတွင်… ကြယ်စင်တစ်သင်း၊ ဝန်းရံ လင်းသည့် လမင်း မသာ၊ ညခါ မှောင်လည်း ကဗျာတဲထိုး၊ ကဗျာမိုးအောက် ပပ ရောက်သည် ထင်မိမှား…။ ဤနေရာတွင်… နေခြည်ဆင်းသက်၊ အလင်းစက် ကဲ မပူဘဲသာ၊ ငြိမ်းအေးလာ၍ မိုးရိပ်မမျှော်၊ […]


koyinSeptember 19, 20114min1066
— မီးအိမ်ရှင်သို့ အိမ်အပြန် မီးအိမ်ရှင်…ရယ် ငါ့ရင်ဘတ်ကြီးက အိပ်မောကျ အိပ်မက်တွေတောင် နှစ်ခြိုက်နေကာမှ တခဏနဲ့ ချဉ်းနင်းဝင်ရောက် ငါ့နှလုံးသားကို ဖောက်ထွင်း ရင်ခုန်နှုန်းတွေကို ပြင်းထန်ေစခဲ့တာ ရေစက်လား… ဒါမှမဟုတ် အနေခက်ရုံသက်သက် ကံကြမ္မာကပဲ ရက်စက်သလား… နင်နဲ့ငါ့ကို ဘာလို့များ တွေ့ဆုံစေခဲ့တာလဲ ငါ့ရင်မှာ အလင်းပျောက်လို့ နင်တစ်ယောက်က မီးအိမ်ရှင်အဖြစ် အဲဒီ မီးတိုင်ကို ထွန်းညှိပေးမှာလား ငါ တကယ်ကိုပဲ တုန်လှုပ်သွားခဲ့ရတယ်ဆိုရင်… တစ်ဖက်သတ် စိတ်ကူးတွေ ယဉ်နေခဲ့မိ အခုဆို အိပ်မက်တွေထဲ အထိတောင် နင်က လာလာပြီး လှောင်ပြောင်ရက်သလား... ငါ မညာချင်ဘူး မီးအိမ်ရှင် ဟာတာတာရင်မှာ လာဝင်မှေးစက် ငါ့အတွေးတွေက အရမ်းကို နက်သွားသလား တကယ်ကို ရင့်ကျက်ဖို့ အားနည်းနေတဲ့ ရင် ငါ့ကိုယ်ငါ ပြန်မမြင်ရဲလောက်အောင်ကိုပဲ အဲဒီနှလုံးသားက ကြောက်စိတ်တွေ ပိုကဲနေမိ နင်ကရော… မသိချင်ယောင် ဟန်ဆောင်မလား ခွေယိုင်သွားတဲ့ ငါ့ခြေထောက်တွေ… […]


koyinAugust 31, 20111min20010
အဖေ (တိတ်တဆိတ် တမ်းတမိသော) အဖေ… ကျနော့်ဘဝ နွေထဲမှာ…။ ပြန်မလာနိုင်တော့တဲ့ ခရီး အဖေတစ်ယောက်တည်း စီးနင်းလို့ထွက်ခွာ ကျနော်တို့ မိသားစုမှာတော့ ရွှေတောင်ကြီး ပြိုလဲ သွားသလိုမျိုး ဟိုတုန်းက ဆိုးခဲ့ဖူးတဲ့ ကျနော် ညီမတွေကို အော်ငေါက် ဆေးလိပ်သောက် အရက်ကြိုက် ဖဲမရိုက်တတ်တာက လွဲရင် မိသားစု ငြိုငြင်အောင် မိုက်ခဲ့တာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု အဖေ စနစ်တကျ ပြုစုပျိုးထောင် ကျနော့်ကြောင့် မိုးမှောင်တွေ ကျခဲ့ဖူးတယ် မရှိမဲ့ ရှိမဲ့ အဖေ့အိပ်ကပ်ထဲက ပိုက်ဆံ ကျနော်တို့ ဆိုင်ထိုင်တော့ နည်းလိုက်တာ….။ မိသားစုအတွက် အဖေရှာသမျှ ကျနော့်အတွက် မလောက်မငှဖြစ်ခဲ့ ညီမနှစ်ယောက်ရဲ့ ရှေ့ရေး ကျနော် တစ်ခါမှ ထည့်မတွေးခဲ့ဘူး အဖေ…။ အိမ်မှာ ဖြစ်ချင်တာ ဖြစ် […]


koyinAugust 30, 20112min27419
ခေါင်းစဉ်မရှိသော… အမေ..ဆိုတဲ့ ဂုဏ်ဖွဲ့မှုနဲ့ ငါ့ကိုယ်ငါ ထုဆစ်ကြည့်တယ်…။ တစ်ခါ တစ်ခါ ဝင်္ကဘာထဲက ကျနော် ကြောက်စိတ်တွေပေါ်ခဲ့ရင် အမေ.. လို့ အားပါးတရခေါ်ပြီး အားအင်တွေ ပြန်ပြန်ဖြည့် ဒီနေ့ ကျနော် ဖြစ်တည်နေသမျှ အမေပြုစုခဲ့တဲ့ ကာယနဲ့ အမေပြောခဲ့တဲ့ စကား အမေပေးခဲ့တဲ့ အားတွေချည်းပါ…။ ဒါပေမယ့် အမေ ကျနော်လေ အိပ်မက်ဆိုးတွေနဲ့ အမေ့ရဲ့ အမိုးအောက်မှာ အသက်ရှူကြပ် အနာဂါတ်တွေ မျှော်လင့်ချက်မဲ့သလိုမျိုး (ရိုးရိုးသားသားပြောတာပါ) ကျနော် ခံစားခဲ့ရဖူးတယ်…။ တစ်ခါတစ်လေ ကျနော် ရင်ဖွင့်ချင်တာတွေ ရှိတယ် အမေ နားလည် လက်ခံပေးမလား… သားသမီးတွေမှားရင် အမေပြင် အမေကိုရော ဘယ်လိုထင်မြင်ချက်တွေ ပေးခွင့်ရှိမလဲ… အမေ့ရဲ့ စေတနာ ဝေဒနာတွေ ဖြစ်သွားတာမျိုး… ညီမငယ်တွေ အိပ်မက်ဆိုးမက် ကျနော်တို့ […]


koyinAugust 29, 20115min1156
လွန်း   တမင်သတ်သတ် ရစ်ပတ်လို့ထား အဲဒါ … အချစ်တဲ့လား ဟင် မရုန်းချင် တွယ်ငင်တဲ့ နွယ်တစ်ခက်လို မွန်းကြပ်တဲ့… ရင်။   သံယောဇဉ်… တကယ်ပင် ချည်နှောင်တဲ့ သည်ကြိုး ပြန်ပြောရင် သမရိုးမကျတဲ့အရာမို့ သမုဒယရဲ့ လောင်မြိုက်ခြင်းလို့ အမည်တပ် ဒြပ်မဲ့တဲ့ ဖြစ်အင်…။   ပျက်အစဉ်… နှာခေါင်းသွေးတွေပင် လျှံပါစေတော့ လူးကာ လွန့်ကာ တိမ်းကာ ယိမ်းကာနဲ့ အဝေးသို့ပျံပါလေသော ငှက်ငယ်သို့… အရည်စို့တဲ့ မျက်ဝန်းတစ်စုံကို ပြန်ကာကြည့်ရင်ဖြင့် အပြစ်တော်တင် ဘဝင်မရဲတဲ့သူပါလေ… ဝဋ်ကိုပင် လည်စင်းကာ ဆပ်ပါရစေ။   မြွက်ဟလို့ခြွေ… သံစဉ်မပီလေသည့် သည်စကား ဘယ်တော့များမှ မကြားနိုင်သော်ငြားလည်း ထားရဲလို့ ထားခဲ့။   အပြစ်ဖွဲ့တဲ့ လမ်းခွဲမှာ လွမ်းရဲကာ လွမ်းရရင်ဖြင့် နှုတ်ဆက်ခွင့်ကိုမှ မပိုင်သူ  နိုင်တော်မူ […]


koyinAugust 27, 20111min1074
 အမေ့အိမ် ကားပေါ်ကဆင်းခဲ့တယ် ပြန်မရောက်တာကြာတဲ့ရွာ ကျုပ်ရဲ့မွေးဖွားရာဇာတိ တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့… သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ စည်ကားနေတဲ့ ရွာလယ်လမ်းမ အတော်ကိုနေသားကျနေပြီပဲ ငေးမောရင်းလျှောက်လာ ဘယ်ညာမှာ အသစ်အဆန်းချည်း အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တွေ တွက်ရေလို့မနေတော့ဘူး ဟိုရှေ့ကလမ်းကွေ့ဆို ကျုပ် အိမ်ကိုရောက်ပြီလေ… ဒီနေရာလေးစိမ်းသလား အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ် ရင်ဆို့ဖွယ်ရာ မြင်ကွင်း အိမ်ဝန်း ဟင်းလင်းပြင်နေရာ ခြံအကာ စည်းရိုးပြိုပျက် ယိုင်နဲ့နဲ့ ဝါးအိ်မ်လေး စုတ်ချာသေးကွေးလှတယ် မြက်ရိုင်းပင်တွေက ရှည်ရှည် အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း ခြထောင်သောင်း တောင်ပို့ အိမ်အမိုးက မလုံ့တလုံ ညညဆို ကြယ်တွေစုံပေါ့ အိမ်အခင်း ကြမ်းပြင် ခြေနင်းရင် ကျွံဝင်သွားမလား အိမ်အကာ ထရံပေါက်နဲ့ သရဲကြောက်တဲ့ ညီမလေး အိပ်ဆေးတွေ သောက်ခဲ့ရမယ် ချောက်ချားဖွယ်ညတွေဆို အမေ ဘယ်လိုများကြိတ်ငိုခဲ့ မိုးစက်တွေနဲ့ အိမ်ခန်းမှာ […]