လင်းဝေJune 9, 20111min1347
တစ်နေ့က ပိန်နည်း အလွယ်များကို ဖတ်ပြီး ဒီနေ့တွေ့တဲ့ အစားလျှော့စရာမလိုပဲ အလေးချိန်ကျနည်းကို မျှလိုက်ပါတယ်။ အစားလျှော့စရာမလိုဘူး ဆိုပေမယ့် တကယ်တမ်းတော့ လျှော့စားရတာပါပဲ လို့လည်း ကြိုပြောထားပါရစေ။ တကယ်လုပ်ရင် တကယ်ပိန်တာတော့အမှန်ပဲ။ အိမ်နားမှာ ဖက်တီးလို့ အခေါ်ခံရတဲ့ကောင်လေး တကယ့်ဝတုတ်ကောင်က ၂လလောက်အတွင်း ကစားတာနဲ့ စားတာလျှော့လိုက်တာ တသက်လုံး ဝတုတ်ဖက်တီးက အခုများ ချပ်ချပ်ရပ်ရပ်နဲ့ ရှိုးတွေဘာတွေများလို့ပဲ။ ပိန်ချင်သူတွေ စိတ်မလျှော့နဲ့ တကယ်ပိန်အောင်လုပ်ကြ။ ကျွန်တော်ကိုယ်တိုင်လည်း ပိန်အောင်လုပ်နေသူပါပဲ။ အစားအသောက်ကို အလွန်အမင်းလျှော့စရာမလိုဘဲ ကိုယ်အလေးချိန်လျော့ကျလိုပါ သလား။ အစားအသောက်မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက် ပါတယ်။ ၁။ အိပ်ရေးဝဝအိပ်ပါ မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ညမှာ တစ်နာရီပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် […]