manawphyulayJanuary 8, 20111min1133
ဂျိမ်းလှကျော်သည် “ဂျိမ်း“ဟူသော ခရစ်ယာန်တို့၏ မျိုးရိုးစဉ်လာအမည်ကို ခံယူထားစေကာမူ ဗုဒ္ဓဘာသာ မိဘများဖြစ်သော ဦးစွပ်၊ ဒေါ်ဆိုင်းတို့၏ သားဖြစ်သည်။ အမည်ရင်း မောင်လှကျော်ဖြစ်၏။ ဇာတိမှာ ရွှေကျင်မြို့ဖြစ်လေသည်။ ငယ်စဉ်တွင် အမိအဖများ ဆုံးသဖြင့် အဒေါ်ဖြစ်သူ ဒေါ်မျှင်က မွေးစားခဲ့သည်။ မွေးစားမိဘများဖြစ်သော ဦးညိုနှင့် ဒေါ်မျှင်တို့သည်လည်း မူလက ဗုဒ္ဓဘာသာများဖြစ်၏။ နောက် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ရာ ဦးလှကျော်သည် “ဂျိမ်းလှကျော်”ဖြစ်ခဲ့၏။ (နောင်တွင်ကား ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသည်။) ရွှေကျင်အင်္ဂလိပ်မြန်မာ အစိုးရကျောင်း၊ ရန်ကုန်မြို့ ဆရာမှတ်ကျောင်း၊ ရန်ကုန်ဟိုက်စကူးကျောင်းတို့တွင် ပညာသင်သည်။ ယခုခေတ် ဥပစာကောလိပ် ပညာအဆင့်ကို သင်ယူအောင်မြင်သည်။ အင်္ဂလိပ်စစ်တပ်တွင် စကားပြန်လုပ်သည်။ နောက် စာတော်ပြန်ဌာန၌ အမှုထမ်းသည်။ မြို့အုပ်စာမေးပွဲ၊ ရှေ့နေစာမေးပွဲများလည်း ဖြေဆိုအောင်မြင်သည်။ မြို့အုပ်၊ ငွေတိုက်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက် အလုပ်များလည်း […]