etoneJune 26, 20121min55158
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ 24-6-12က MRTV 4ရဲ့ မနက်ပိုင်းသတင်းတပုဒ်မှာ ပါတဲ့ သတင်းတပုဒ်က ကျွန်မကို အတွေးတွေပွားစေခဲ့ပါတယ် ။ကမာ္ဘအေးဘုရားလမ်းက အမှိုက်ပုံးပျောက်တဲ့ သတင်းပါ ။ ကြားခါစကတော့ ကိုးလို့ကန့်လန့်ကြီး ဘယ်နှာ့ အမှိုက်ပုံးပျောက်တဲ့အကြောင်း သတင်းထဲ ထည့်လွှင့်ရသလဲပေါ့ … ။ သတင်းကြော်ငြာသူလေးက .. မျက်နှာ ချိုချို နှာသံလေးနဲ့ ကြော်ငြာသွားတော့ ….. သူ ့မျက်နှာလေး လိုက်ငေးနေတာနဲ ့ပဲ သတင်းအစဆုံးဂဃနဏ မမှတ်မိပါဘူး … ။ ကျွန်မက မိုးလင်းမိုးချုပ်အလုပ်သွားပြန်လုပ်ရပေမယ့် …အောက်ကြည့်မြင်တိုင်လမ်းပေါ်က … လမ်းထောင့်တစ်နေရာမှာ ဖိုက်ဘာအမှိုက်ပုံးအစိမ်းကြီးတပုံးရောက်နေတာကိုတော ဇွန်လ16ရက်နေ့လောက်ကတည်းက ညဘက်ကြီးပေမယ့် … သတိထားခဲ့မိပါတယ် … ။ ဓါတ်ပုံတောင် အမှောင်ထဲမှာ ရိုက်ဖြစ်ခဲ့သေးတယ် …. ။ ဘီးတပ်အမှိုက်ပုံးကြီးလာချပေးထားတာ […]