Yin Nyine NwayAugust 22, 20101min601
၁) သံပရာပင် သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက် ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့ ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။ မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။ သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့ သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ […]