Yin Nyine NwayJune 13, 20131min34023
သူ့အတွေးနဲ့ သူ မတူတာတွေကတော့ အများအားဖြင့် ပန်းချီ ပန်းပု ပြခန်းတွေမှာတွေ့ရတတ်ပါတယ် ထုတဲ့သူ ရေးဆွဲတဲ့သူစိတ်ကူးနဲ့ လာကြည့်တဲ့သူ ဝယ်ယူသူရဲ့ စိတ်ကတော့ အတွေးချင်းတူချင်မှ တူကြမှာပါ လူကြီးနှစ်ယောက် ပန်းချီပြခန်းတခုထဲရောက်လာတယ် အပေါ်ကပုံကို မြင်တော့ ဆိုခရေးတီး ပထမလူ ဆိုခရေးတီးဆိုတာ အမှန်တရားအတွက် အဆိပ်သောက်သေသွားတဲ့လူလားဗျ ဒုတိယလူ ဟုတ်တယ်လေဗျာ ပထမလူ အဆိပ်က တော်တော်ပြင်ပုံရတယ် ဒုတိယလူ ဟုတ်မယ် …. လူတောင် ဒီပုံကြီးဖြစ်သွားတယ် ဒီလို အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပေမဲ့ တချို့လူရဲ့အတွေးကျတော့ သူ့ဟာနဲ့ သူဟုတ်နေတာပဲ ကလေးနှစ်ယောက် ထပ်ဝင်လာကြပြန်တယ် ပထမကလေး အိမ်ရှည်ကြီးတဲ့ ဒုတိယကလေး အေး… လူရှည်ကြီးတွေနေတာဖြစ်မယ် ဒီကလေးနှစ်ယောက်လည်း သူ့အတွေးနဲ့ သူ ဟုတ်နေပြန်ရော အနော့်အဖိုး အင်းလေးမှာ ဆုံးတုန်းက အသုဘချတဲ့နေ့မှာ ရွာထဲက […]


Moe ZSeptember 22, 20111min28224
မိုးစက် မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ရော အမျိုးတွေဆီအလည်သွားတာရောပေါ့။ ဒီတစ်ခေါက်တော့ အလုပ်ကလွှတ်လို့ workshop တစ်ခုသွားတက်ရတယ်။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာပဲ အဖော်တွေနဲ့အတူတည်းဖြစ်ခဲ့တယ်။ အလုပ်ကိစ္စမပါရင်တော့ အမျိုးတွေအိမ်မှာပဲတည်းတယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံကုန်မှာကိုး  🙂 ။ မိုးစက်က morning person မဟုတ်ပါ။ ကိုယ့်အိမ်မှာဆိုရင် မနက် ရးဝဝ နာရီမထိုးမချင်း ထလေ့မရှိပေမယ့် ခရီးသွားရင်တော့ ၆းဝဝ နာရီဆိုရင်အပြင်ထွက်ဖို့ အဆင်သင့်၊ နေရာဒေသအသစ်မှာ လေ့လာစူးစမ်း(စပ်စု)ရမယ့် အချိန်တွေကိုတော့ အိပ်ပစ်ဖို့နှမျောတယ်လေ။ အခုတစ်ခေါက်မန္တလေးခရီးမှာ တည်းရတဲ့ဟိုတယ်ကမြို့လည်ခေါင်မှာပါ။ ထုံးစံအတိုင်း ၅ နာရီခွဲမှာထ ရေချိုးအဝတ်အစားလဲပြီးတော့ ၆နာရီအတိ။ Breakfast စားဖို့ကစောသေးတော့ အတူလာတဲ့အဖော်တွေကိုစောင့်ရင်း Lobby မှာသတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။ ၆နာရီဆိုပေမယ့် sightseeing ထွက်တဲ့ နိုင်ငံခြားသားဧည့်သည့်တွေ၊ check out လုပ်တဲ့သူတွေနဲ့ Reception […]