Aung Myat LinMay 2, 20131min1734
    ဆုံးဖြတ်တဲ့အတိုင်း………         ဆုံးဖြတ်တဲ့အတိုင်း……… အတိတ်ကအကြောင်းတွေ ပြန်တွေးမိရင် ဒီရင်ဘတ်ကြီးနဲ့အပြည့်ပဲ ခံစားရတာလား ခံထားရတာလား မသိတာတွေပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ သက်သေတွေရှိပါတယ်။ အဲဒီအကြောင်းတွေကို ဦးပိန်တံတားကြီးသိတယ်၊ မယ်ဇယ်ပင်တန်းကြီးသိတယ်၊ စစ်ကိုင်းတောင်တန်းကြီးသိတယ်၊ မန္တလေးသူ မန္တလေးသားတွေ ချစ်ကြိုးသွယ်နေတဲ့ ကန်တော်ကြီးရေပြင်တစ်ခုလုံးသိတယ်၊ အင်းဝမြို့ဟောင်းလို့ခေါ်တဲ့ တံတားဦးမြို့က နေရာအနှံ့ကသိတယ်၊ အာဒမ် သိတယ်၊ ဧဝ သိတယ်၊ ရှင်မွှေးလွန်းသိတယ်၊ မင်းနန္ဒာသိတယ်၊ ရွှေအိမ်စည်သိတယ်၊ ပရိက္ခရားမင်းသားသိတယ်…………. သိတယ်။ အတိတ်ဆိုတာ အတိတ်မှာ ထားလို့ရခဲ့ရင်လဲ အကောင်းသားနော်။ ဒါပေမယ့် ဘယ်တော့မှထားခဲ့လို့ မရဘူး။ အတိတ်ကို အတိတ်မှာ ထားခဲ့ရင် သမိုင်းဆိုတာ ပေါ်လာမှာ မဟုတ်ဘူး။ အနော်ရထာ ရှိမှာမဟုတ်ဘူး။ ဘုရင့်နောင် ရှိမှာမဟုတ်ဘူး။ ကျန်စစ်သား […]