etoneOctober 25, 20101min891
အောက်တိုဘာ ၂ဝရက်နေ့တွင် ပေါက်ကွဲခဲ့သော ကိုလံဘီယာမီးတောင်ကြောင့်ဒေသခံလူ အယောက်၂၅ခန့်ဒဏ်ရာရခဲ့သည် ။အဆိုပါမီးတောင်သည်အာဗိုလီတက်စ်မြို့အနီးတွင်ရှိပြီး ၎င်းမြို့သည် ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းတွင်ရှိသည် ။ မီးတောင်မှ ချော်ရည်နှင့်မီးကျီခဲများ စတင်ထွက်ပေါ်ချိန်သည် အောက်တိုဘာ ၁၉ရက်နေ့တွင်ဖြစ်ပြီး ညအချိန်ခန့်ဖြစ်သည်ဟုသတင်းရရှိသည် ။ မီးတောင်ပေါက်ကွဲမှုကြောင့်ဒေသခံတို့ပြောင်းရွေ့ခဲ့ရပြီး အပိုင်းစထိမှန်မှူကြောင့်လူ၂၅ယောက်ခန့်ဒဏ်ရာရခဲ့သည်။