ကို သာJune 28, 20121min33928
မြန်မာအမျိုးသမီးတစ်ဦးအား ‘ ကောင်မ’ဟု ခေါ်ပါကအလွန်ခံပြင်းကြသည်။ရင်.သီးသော ခေါ်ဆိုမှုဟုခံယူကြသည်။ ထိုစကားတွင် ‘ကြီး’ ထပ်ထည်.ပြီး ‘ ကောင်မကြီး’ ဟု ခေါ်ပါက အဆဲခံရသည်ထက်ပိုပြီး နာလိုခံခက်ဖြစ်ကြသည်။ ‘ ကောင်မ’ ၏နောက်တွင် ‘လေး’ ထပ်ထည်.ပြီး ‘ ကောင်မလေး’ ဟု ခေါ်ပါက မည်သူမျှ ဒေါသမဖြစ်ကြပါ။ချစ်စနိုးခေါ်သည်ဟုပင် မှတ်ယူကြသည်။ ထိုနေရာတွင် ‘လေး’ ဟူသောစကားလုံးလေး၏ထူးခြားမှုကို သတိပြုစရာပင်ဖြစ်သည်။ Small is beauty. ငယ်သော်လှ၏။ ထိုစကားသည် ‘လေး’ အတွက်ဖော်ညွှန်းဟန်တူပါသည်။ အဲဒါလေး     ဟုဆိုပါက နှစ်သက်သည်.သဘော အဲဒါကြီး      ဟုဆိုပါက မနှစ်သက်သည်.သဘော   ဒီအရောင်လေး ဟုဆိုပါက စိတ်တိုင်းကျသည်.သဘော ဒီအရောင်ကြီး   ဟုဆိုပါက စိတ်တိုင်းမကျသည်.သဘော   မည်းမည်းလေး  ဟုဆိုပါက ခုံမင်သည်.သဘော မည်းမည်းကြီး   […]