“ပေးကမ်းလှူ တောင်းဆုယူကြည်နူးရိပ်စွန်းသောအပြန်လမ်း” ……………..ကောက်သင်းကောက် ပန်းတနော် ဇာတ်သိမ်း” ထမင်းအဝအပြဲစားပြီးတဲ့အခါ ကျနော်တို့ အဖွဲ့လမ်းသလားကြပါတယ်။ အဓိကကတော့ ဝင်ပြီးရင်ထွက်ဆိုတဲ့အတိုင်း ကမ္ဘာပေါ်မှာဒုတိယအရေးအကြီးဆုံးအလုပ်ကိုအပြေးအလွားလုပ်ကြပါတယ်။ အဲဒီအချိန်မှာအပြန်အလှန်လက်ဆော့လို့ စနက်ရှော့ကြပါတယ်။ ကျနော်ထမင်းစားပြီးထွက်လာတော့ ဂီ က ခုံတန်းလျားပေါ်မှာမျက်စေ့မှိတ်လို့ ထမင်းလုံးစီနေတာကိုလက်ဆော့။ နောက်တော့ ပန်းခြံကလေးထဲမှာ ဆိုမာလီအုံအုံ က ဓါတ်ပုံအရိုက်ခံနေပါတယ်။ အဲဒါနဲ့ သူ့ကို အမူအယာတွေလုပ်ခိုင်းပြီး နေလှန်းလိုက်ပါတယ်။ အစကတော့ သူလဲအဟုတ်မှတ်လို့ခို်င်းတိုင်းလုပ်ပါတယ်။ ကျနော်တို့အားလုံးကလဲ ဓါတ်ပုံဝိုင်းရိုက်ကြပါတယ်။ နောက်မှသူ့ကို ဝိုင်းကြပ်တာသိပြီး ထွက်ပြေးပါတော့တယ်။ အားလုံးနားနေချိန်မှာကျနော်ရယ် လုလင်ရယ်က ရွာပါတ်ပြီးဓါတ်ပုံရိုက်ဘို့သွားကြပါတယ်။ ကျနော်တို့နဲ့အတူ ဂီဂီလဲလိုက်လာပါတယ်။ အဝေးမှာလှမ်းမြင်နေရတဲ့စိန်ပန်းပင် နီနီရဲရဲလေးဆီကိုဦးတည်လာခဲ့ကြတာပါ။ စိမ်းမြနေတဲ့အုန်းပင်တွေ သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းတွေအောက်က မြေလမ်းကလေးအတိုင်းအရှေ့ဘက် ကိုလျှောက်လာခဲ့ကြပါတယ်။ အတော်လေးသွားမိတော့ စာသင်ကျောင်လေးနံဘေးမှာ တပင်လုံးရဲနေအောင်ပွင့်နေတဲ့စိန်ပန်းပင်။ အပင်ရှေ့က […]