4လှူဒါန်းဆက်ကပ် “မန်းဂေဇက်ရွာသားများ မမေ့နိုင်တဲ့ မေဒေးနေ့က ထမင်းတစ်နပ်” (ကောင်သင်းကောက်ပန်းတနော် အပိုင်းသုံး) ကျနော်တို့ ဒီခရီးလမ်းမှာ အားလုံးက အလေးထားဆက်ဆံရတဲ့ VIP နှစ်ယောက်ပါလာပါတယ်။ တစ်ယောက်ကတော့ ဂျူနီယာရွာစားကျော်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဂျုနီယာနိုဗွီ(ဂျုနို)ဖြစ်ပါတယ်။ ကျနော်တို့ စတတ် နောက်တတ်ပါတယ်။ (အစကောင်းလို့ ပြဿနာတက်တာလဲခဏခဏ) ဂျုနိုလေးကို သိသိကြီးနဲ့ “သမီးက မနိုဗွီတူမလေးလား”လို့မေးတော့ ကလေးမက “တူမ မဟုတ်ဘူး ….သမီးပါနော် မယုံရင်ဖေ့ဖေ့ ဓါတ်ပုံတောင်ပြလို့ရသေးတယ်”လို့သွက်သွက်လက်လက်ပြန်ဖြေပါတယ်။ “မနိုက ငါ့ကို အပျိုကြီးလို့ ပြောထားတာ”လို့ကျနော်က ထပ်ပြောတော့ “ဟုတ်လဲဟုတ်ဘဲနဲ့” လို့ပြောပါတယ်။ ဂျုနိုလေးက ကျနော်တို့ရွာထဲကို အမြဲဝင်ပြီးကြည့်ပါသတဲ့။ ကျနော်တို့နာမယ်တွေကိုလည်း ရင်းနှီးလို့နေပါသတဲ့။ “ ဦးတို့ ဆော့နေတဲ့ပုံတွေ သမီးရိုက်ထားတာနော် သနားလို့ မတင်ဘူး”လို့ ပြောတော့ ကျနော်တို့အားလုံးရီကြရပါတယ်။ တယ်လဲစကားတတ်တဲ့ကလေး ။ […]


      “ပျော်ရတဲ့ခရီးနှင့်အဝတီးတဲ့မုန့်ဟင်းငါး” ကားပေါ်ရောက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပျော်စွက်တဲ့အသံတွေနဲ့အော်ဟစ်နုတ်ဆက်ကြပါတယ်။ ကားဘီးပေါက်လို့နောက်ကျတာတွေဘာတွေအားလုံးမေ့ ၊ ဘာတွေအခက်အခဲဖြစ်မလဲဆိုတာတွေအားလုံးမေ့၊ မမြင်မတွေ့ဘူးကြသော ဝါသနာတူချစ်မိတ်ဆွေတွေတွေ့တာနဲ့ပြုံးပြကြ ။ ဘယ်သူက ဘယ်သူ ဆိုတာကို မသိသူနဲ့သိသူ တီးတိုးမေးလို့အသိခြင်းဖလှယ်ကြနဲ့ဆိုတော့ မင်္ဂလာနံနက်ခင်းကို ကျက်သရေအလင်းနဲ့ဖွင့်လိုက်တဲ့ နေ့ထူးနေ့မြတ်လေးဆိုရင်လဲမမှားပါဘူး။ ကားရဲ့ဟိုနောက်ဆုံးက ခုံတန်းလျားမှာ ဖရဲမ။ မတွေ့တာတစ်နှစ်နီးပါးကြာတဲ့ မိတ်ဆွေကြီးကိုနေချား။ သူ့ဘေးနားက ခုံမှာ ဝှီးချဲကြီးတွေ့တော့ ကိုယ့်လူကြီးကျန်းမာရေးမှကောင်းရဲ့လားဆိုပြီးစိတ်ပူသွား။ အသေအချာမေးမှ ဒကာမလေးဆူးက သူ့ဖခင် ရှိစဉ်က ခဏလေးဘဲသုံးလိုက်ရတဲ့ ဝှီးချဲကို လှူဘို့ယူလာတာကိုသိရမှ စိတ်အေးသွားပါတယ်။ “ကိုနေချားရေ ခင်ဗျားပါမလားဘူးထင်တာ အခုလို့တွေ့ရတော့ ဝမ်းသာတယ်”လို့ပြောရင်း အပြုံးနဲ့နုတ်ဆက်ပါတယ်။ ဘေးနားမှာတော့ ရွှေတိုက်စိုး နဲ့ရွှေစချုပ် ကိုတွေ့လိုက်ရ။ ကျနော်တို့ရွာမှာတော့ အလိုက်ဖက်ဆုံးပုလုံးလုံးစုံတွဲလေးပါဘဲ။ သဘောကောင်းမနောကောင်း သူတို့နှစ်ယောက်ကြောင့်လဲ အပျော်တွေအဆစ်ထွက်လာပါတယ်။   ရှေ့ပိုင်းမှာတော့ မမ […]


    “ငုဝါပန်းတွေကမြိုင်” ငုနဲ့ပိတောက်က တစ်ချိန်တည်းလိုလိုပွင့်ပေမယ့် ရနံ့မသင်းတော့ ပန်းပိတောက်အောက်မှာအလိုလိုရောက် နေရှာတဲ့ပန်းကလေးက တော့ ငုပန်းလေးတွေပါ။. ကျနော် ငုပန်းပင်ကို တစ်ခါမှမရိုက်ဘူးသေးပါဘူး။ မန်းလေးမှာ ငုပန်းပင်ရှိပေမယ့် အခုတော့ အတော်နည်းသွားပါတယ်။ ဒီတစ်ခါ ရန်ကုန်အရောက်သွားလေရာရာမှာ အဝါလွင်လွင်အလှဆင်တဲ့ငုပန်းပင်တွေကိုတွေ့ပါတယ်။ ကားပေါ်ကဆိုတော့ လှမ်းရိုက်လို့လဲမရ ဆင်းနေလို့လဲမဖြစ် အဲတော့ စိတ်ထဲမှာ မချင့်မရဲနဲ့။ ဒီလောက် ငုဝါချင်တဲ့သူဆိုပြီး လုလင်က ကန်တော်ကြီးထဲလိုက်ပို့ပါတယ်။. စိတ်တိုင်းကျနှက်လိုက်ရသပေါ့။. နောက်ရက် စွယ်တော်ဘုရားဘက်လမ်းလျှောက်ထွက်တော့ လှချက်က ရက်စက်တဲ့ငုဝါဝါတွေကိုမြင်ရတော့ ဘာပြောကောင်းမလဲပေ့ါ။ ကဲ………………………….   ကိုပေါက်လက်ဆောင် မြန်မာပြည်က အလှတရားများ (8-5-2012)