တစ်ရက် စစ်ကိုင်းမြို့ထဲကို ရောက်သွားတဲ့အခါ ပန်းရောင်အသွေးတွေနဲ့စိုကြွနေတဲ့ လမ်းဘေးနားက အပင်လေးတွေကို မြင်မိတဲ့အခါ…………. အဲဒီပန်းလေးတွေကို ငုနဲ့ ချယ်ရီစပ်ထားတဲ့ အပင်လေးတွေပါ။ ချယ်ရီပန်းအရောင် အပွင့်ကတော့ ချယ်ရီပန်းထက် နည်းနည်းကြီးတယ်။ အဆုပ်လိုက်ပွင့်တော့ အတော်လေးကိုလှပါတယ်။ နောက်တစ်ပင်ကတော့ ပန်းရောင်ခပ်ဖျော့ ဖျော့ အဖြူဘက်သန်းတယ် ဒါပေမယ့် တစ်မျုးိလှပါတယ။် ဘယ်လိုပြောပြော မြန်မာပြည်ရဲ့ဘယ်နေရာမှာဘဲဖြစ်ဖြစ် စိန်းလန်းတယ် အပွင့်တွေ အခက်တွေနဲ့ဝေနေတဲ့ သစ်ပင်တွေကို မြင်တွေ့နေရတာ စိတ်ချမ်းသာစရာပါ။ နောင်လဲ လှပသော ရုူ့ခင်းပုံလေးတွေမြင်ရင် မျျဝေခံစားပါအုံးမယ်နော်။