“မန်းလေးကို ငုံ့အကြည့်” တစ်ရက် မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်ကြီးတစ်ခုရဲ့အပေါ်ဆုံးထပ်ကို မထင်မှတ်ဘဲအရောက် မန်းလေးမြို့ကြီးကို ငုံ့ကြည့်ခွင့်ရလိုက်ပါတယ်။ ခွင့်ပေးသလောက် မြင်ခွင့်ရသလောက်လေးကို မှတ်တမ်းတင်မိပါတယ်။ ကျနော်ရောက်နေတဲ့နေရာက အရင်တုးံကတော့ အတော်မြင့်တယ်လို့ပြောနိုင်ပေမယ့် အခုတော့သူထက်သူလူစွမ်းကောင်းတွေပေါ်လာတော့ သူလဲပုသွားသလိုပါဘဲ။ ပြူတင်းပေါက်ကနေ အနောက်မြောက်ဘက်ကိုကြည့်လိုက်တော့ အဝေးမှာ မင်းဝံ။ သူ့ရှေ့ကဖြူဖွေးဖွေးကဧရာဝတီ။ အနီးမှာတော့ စုပြုံကျပ်ညှပ်နေတဲ့တိုက်အိမ်တွေ။ အနီးမြင်အသက်ရှူမဝ။ အဝေးမြင်ရမှာ စိတ်ပေါ့ပါး။ အရှေ့မြောက်ဘက်ခြမ်းအောက်ငုံ့ကြည့်ရင်တော့ တိုက်အသစ်တွေက ထိုးထိုးထောင်ထောင်။ အရင်ကဒီအပေါ်ကတက်ကြည့်ရင်အားလုံးကပြားပြားဝပ်နေသလို။။ အခုတော့လဲသူထက်မမြင့်တောင်မှ မင်းလောက်တော့ ငါလဲမြင့်တယ်နော်လို့ အသံတိတ်ပြောနေတဲ့အဆောက်အဦးတွေက များသထက်များ။ အဝေးမှာတော့ မန်းလေးတောင် မူံပြပြ။ အပေါ်ကနေအောက်ငုံကြည့်လိုက်တော့ လူတောင်မူးချင်သလိုလို။ လူကလဲသေးသေးလေး ကားကလဲသေးသေး။ ဒါနေ့လည်မို့လို့ နို့မဟုတ်ရင်ဒီလမ်းမကလဲပြည့်ကျပ်ညှပ်။ အရှေ့တည့်တည့်ဘက်ကြည့်လိုက်တော့ အဝေးမှာ ပြပြလေးမြင်ရတဲ့ရန်ကင်းတောင်။ တစ်မြို့လုံးကိုဆက်သွယ်ပေးနေတဲ့ တာဝါတိုင်ကတော့ မားမားမတ်မတ်။ အရင်ကတော့ ဒီအဆောက်အဦးက အမြင့်ဆုံးပေါ့။ နောက်တော့ သူနဲ့အရွယ်တူ […]