“ပျားစွဲသောဘုရား”     မန္တလေးနန်းရှေ့ ၆၂လမ်းနဲ့လမ်း၃ဝဒေါင့်မှာ ဒုက္ကရစရိယ ကျင့် တော် မူသော ပုံ နဲ့ တည်ထားတဲ့ဘုရားတစ်ဆူရှိပါတယ်။ မနေ့ကတော့ ဓါတ်ဆရာ ဝန်နဂျီး က သတင်းပေးလာ ပါတယ်။ မနက်ပိုင်းသွားဖူးတော့ အလင်းပြန်နေလို့ရိုက်မရ။ ဒီနေ့တော့ ညနေပိုင်းသွားပြီးရိုက်ဖြစ်ခဲ့ပါတယ်။   ဘုရားရဲ့မေးစေ့တော်နဲ့ နုပ်ခမ်းတော်မှာပျားစွဲနေတာပါ။ ကျနော်တို့ မြန်မာတွေရဲ့ အယူက ပျားစွဲ တယ် ဆို တာ နိမိတ်ကောင်းတယ် လို့ ယူဆပါတယ်။ လမ်းဘေးမှာရှိနေပေမယ့် အရင်ကဖြတ်သွားဖြတ်လာပေမယ့် ဝင်ပြီးဖူးခဲတဲ့ဘုရားမှာ အခုတော့လူတွေစည်ကားလို့။ ကဲ မိတ်ဆွေတို့ ဖူးမျှော် ရ အောင် ကျနော် မှတ်တမ်းတင်လာပါတယ်။     ကိုပေါက်လက်ဆောင် 16-6-2014  


  နက်ဖြန်မွေးနေ့ဘာကျွေးမလဲစဉ်းစားလိုက်တော့ ရန်ကုန်က ညီလေး အာဂ (ရစ်မမ မူပိုင်)က လေးပေါက် ထိုးမုန့်စားချင်တယ်ဗျာလို့ပြောဘူးတယ်။ အစက ပေါက်စီကျွေးမယ်စဉ်းစားသေးတယ်။ ဒါပေမယ့် လူတို်င်းကြိုက်ချင်မှကြိုက်မှာ။ အဲဒါနဲ့ ထိုးမုန့်နဲ့လမုန့်ကွေးျမယ် ဆုံးဖြတ်လိုက်ပါတယ်။ မွေးနေ့မှန်းသိသွားတဲ့ ရွာထဲကညီမတစ်ယောက်က ဧည့်သည်တွေပါဧည့်ခံရအောင်ဆိုပြီး သူလက်စွမ်းပြထားတဲ့(ဝယ်စားလို့မရဘူးနော်) သက်တန့်ကျောက်ကျောရယ် သီးစုံဖျော်ရည်လာပို့တော့ မြိုင်သွားတာပေါ့။ ကဲ အလှစာ မဟုတ်ဘူး အဝစား။ ကုန်သွားရင် ထပ်ထည့်ပေးမယ်။ ပြန်ရင်လဲ သားသားမီးမီးတို့အတွက်ပါဆယ်ဆွဲသွားနော်။ ရွာသူားအားလုံး အနီးအဝေး ရှိသမျှ မိတ်ဆွေအားလုံး အကုန်ဝအောင်စားကြပါနော်။   အားလုံးကိုခင်သော ကိုပေါက်(မန္တလေး)