ခဲသားရောင် ကောင်းကင် ကအနက် သွေးပျက်စရာ မိုးကြိုးတွေပစ် လျှပ်စီးတွေကလက် ကြောက်လွန်းလို. အချစ်ရယ်ငါ.ကိုဖက်ထားစမ်းပါ။ မင်းပြောခဲ.တာတွေလေ။ နှင်းတွေကျ ဘာကိုမှမမြင်ရ မှောင်လွန်းတဲ.တစ်ညကအဖြစ်အပျက် ဖျန်းပက်တဲ.လေကလဲရေခဲလိုအေးစက် ဖြစ်တည်ခဲ.တဲ.ချစ်ရမ္မက်နင်နဲ.ငါ အတွက် မမေ.နိုင်သော အမှတ်တရ အဖြစ်အပျက်ကလေးပါ။ လေပွေကအရူးလမ်းလျှောက်သလိုခရီးဆက် သစ်ရွက်ကြွေတွေက လက်ခုပ်တီးလို.နှတ်ဆက် ဥဩကလဲ အလွမ်းတေးတွေဆက် နေမင်းကမညှာမတာ ရက်စက် သိပ်ချစ်တယ်လို.အကြိမ်ကြိမ်ပြောခဲ.တဲ. မင်းစကားတွေကဖြစ်လာတဲ. အဆိပ်တစ်ခွက်ကြောင်. ပက်ပက်စက်စက်လောင်ကျွမ်း ဘဝလမ်းပျောက်သွားသူကငါပါ။