“လက်ဆော့ထားသော ပုံများ”   အရင်က ကျနော်ရိုက်ထားတဲ့ပုံတွေကိုမပြင်ဘဲ ဒီအတိုင်းတင်လေ့ရှိပါတယ်။ နောက်ပိုင်း ဓါတ်ပုံသမားတွေနဲ့ပေါင်းမိတော့ အနည်းနဲ့အများ ပုံကိုပြင်ကြတာကိုတွေ့ရပါတယ်။ ကျနော်မိတ်ဆွေတွေက ကျနော်ကိုလဲ ပုံပြင်ဘို့ ပြောပေမယ့် ကျနော်က ပြင်တာကိုသိပ်မနှစ်သက်။ တစ်ယောက်က ဘယ်လိုပြောလဲဆိုတော့ “မိန်းကလေးတစ်ယောက်ဗျာ ဖီးဖီးလိမ်းလိမ်းနေရင် ပိုမလှပေဘူးလား”လို့ပြောလာတော့ သူပြောတာ မှန်တယ်လို့တွေးမိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်လွန်လွန်ကဲကဲ အလှပြင်ထားရင်ကျနော်က မနှစ်သက်တတ်။ ထို့အတူဘဲ ပုံကို လွန်လွန်ကဲကဲပြင်ထားရင် ကျနော်သဘောမကျပါ။ နည်းနည်းပါးပါးတို့ရုံထိရုံလောက်ကတော့  သိပ်မဆိုးဟုထင်ပါတယ်။ ကျနော်က ဖိုတိုရှော့ မသုံးတတ်ပါ။ ကိုစိန်သော့ပြပေးထားတော့  လိုက်ရွမ်းနဲ့တော့ နည်းနည်းဆော့တတ်ပါတယ်။ လက်ဆော့တတ်သူတစ်ယောက် ထပ်လက်ဆော့ထားတာလေးတွေကို ပြချင်ပါသေးတယ်။ သည်းခံပြီးကြည့်ကြပါတော့။   ဒီနေရာလေးက ကျနော်ခေတ္တရောက်နေတဲ့ရွှေလီမြို့ရဲ့ တောင်ဘက်က စိုက်ခင်းတွေဘဲဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက် က အလည်ရောက်လာတော့ တောင်တန်းတွေကိုနောက်ခံထားပြီးရိုက်ချင်တယ်ပြောတာနဲ့ လိုက်ပို့ရင်း ကိုယ်ပါရောရိုက်လာတာပါ။   […]


ရောက်တတ်ရာရာ (ဓါတ်ပုံပိုစ်) တစ်ခါ တစ်ခါ အလုပ်ပိတ်ရက် ပျင်းရင် ပန်းခြံထဲလျှောက်သွားပါတယ်။. လျျောက်သွားမှတော့ ရောက်တတ် ရာရာ စိတ်ကူးပေါက်တာ ရိုက်တာပေါ့.။ ကဲ ကိုလတ်ကြီးပြောသလို ဆိုရင်တော့ သူကြီး ဆီက 200ရပြီ။ တကယ်တမ်းပြောရရင်တော့ ပုံတွေတင်တယ်ဆိုတာ မျှ ဝေ ပေးချင်လို့ တင်တာပါ။   ဒီလို ဓါတ်ပုံတစ်ပုံရဘို့ဆိုတာကိုယ့် ဘက်ကစိုက်ထုတ်မူ့အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်က ဒီလို မျှဝေချင်တဲ့ စိတ်ရင်း အခံ ရှိိုလို့ တင်ပေးနေတာဘဲဖြစ်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 9-7-2015


“သူတို့ရဲ့ည”             သူတို့ဆီ က အလင်းများနဲ့ တောက်ပနေတဲ့ည တစ်ညကို   မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 30-5-2015


“ဘဝပေး မျက်နှာ”       လူတိုင်းလူတိုင်းမှာ မတူညီသော ဘဝ တွေရှိကြပါတယ်။ ဘဝ ခြင်း မတူ ရင် မျက်နှာပေးတွေလဲ မတူနိုင်ပါဘူး အခုဒီပုံထဲမှာတော့ ကလေးတွေ ရဲ့ ဘဝ  မတူ တဲ့ အတွက် သူတို့ရဲ့ ခံစားချက်အလိုက် မျက်နှာပေးတွေလဲပြောင်းသွားတာအမှန်ပါဘဲ။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 11-5-2015  


“လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)”   29-10-2014 နေ့မှာ စစ်ကိုင်းဘက် ကမ်းကို အလှူ တစ်ခုရှိလို့သွားခဲ့ပါတယ်။ စစ်ကိုင်းတံတားပေါ်ရောက်တော့ ဧရာဝတီမြစ်အလယ်မှာ သောင်ထွန်းနေတာကို မြင်လိုက်ရတော့ ဓါတ်ပုံရိုက်မယ်လို့စိတ်ကူးမိပါတယ်။ ဒါပေမယ့် အချိန်မရတော့ ဓါတ်ပုံမရိုက်ခဲ့ရ။   နောက်ရက် ကိုစိန်သော့က ရွှေကြက်ကျ ဘုရားကနေ ဓါတ်ပုံရိုက်ရအောင်လို့ပြောတော့ ညနေလေးနာရီလောက်ကတည်းက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ပါတယ်။ ဘုရားနားရောက်တော့ စောနေသေးတာနဲ့ ရွှေကြက်ယက်ဘုရားနားကလက်ဖက်ရည်ဆိုင်ထိုင် အဲ့ဆိုင်နံဘေးနားက မုန့်ပစ်စလက် ဝယ်စားပြီးအချိန်စောင့်ကြပါတယ်။ စစ်ကိုင်း လို့ခေါ်တဲ့ ဇေယျာရွှေမြေ  က မင်းဝံတောင်ရိုးပေါ်မှာရှိနေတဲ့မြင်ကွင်းက အင်မတန်လှပ ပါတယ်။ နောက်လူတွေမျက်စေ့ပသာဒဖြစ်အောင်ကြည်နူးအောင် စေတီပုထိုးတွေကို တည် ထားခဲ့တဲ့ရှေးလူတွေကို ကျေးဇူးတင်ပါတယ်။ စေတီပုထိုးရှိနေတော့ သစ်ပင်ဝါးပင်တွေလဲရှိဆိုတော့ စိမ်းစိမ်းစိုစို နဲ့ အမြင်တင့်တယ်ပါတယ်။ အဲဒီနေ့ညနေက ကျနော် ကိုစိန်သော့  ဖောဂိုင်းအပြင် ရွာသားမဟုတ်တဲ့ မန်းလေးက ဓါတ်ဆရာအချို့လည်းလာပြီး […]


“ကန်တော်ကြီးက…….ည(ဓါတ်ပုံပိုစ်)”     ကျနော်ရန်ကုန်ရောက်တော့ ရွာသားကြီး ကိုစိန်သော့ နဲ့ ဆုံပါတယ်။ ဓါတ်ဖမ်းဘို့ပါ။ သူနဲ့ကျနော်က ဓါတ်ပုံရိုက်ကြတဲ့နေရာမှာစိတ်ညီပါတယ်။ ဘယ်လောက်စောစော ဘယ်လောက်ဝေးဝေး ဘာဖြစ်ဖြစ် သွားမယ်ဆိုရောက်အောင်သွားပြီး ရလာတဲ့ အနေအထားက နေ ဖြစ်အောင်ရိုက်တာပါ။ သူက ကျနော့် ရဲ့ ဆရာ ဆိုရင် မှန်ပါတယ်။ အခုလဲ သူ ပြပေးတဲ့ နည်း နဲ့ ရိုက်လာခဲ့တာပါ။ ကင်မရာမှာပါတဲ့ ဖန်ရှင်ကို အပြောင်းအလဲ လုပ် တာက လွဲပြီး ဘာဆော်ဖ်ဝဲနဲ့ မှ ပြုပြင်မထားတဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 28-10-2014


လှ၏……..မလှ၏( ဓါတ်ပုုံ့ပိုစ်)         တစ်ခါတစ်ခါ ဟိုဒီသွား ပန်းလေးမြင်ရင်လဲ ရိုက် လှတယ်ထင်ရင်လဲရိုက် ကဲ ကြည့် လိုက်ကြ ပါအုံ့းနော်   ကိုပေါက်လက်ဆောင် အလင်းပုံရိပ်များ 30-9-2014


“မရိုးနို်င်သော-ဓါတ်ပုံပိုစ်”   ဘယ်အချိန်သွားသွား   ဘယ်နေ့ သွားသွား   ဘယ်တော့ သွားသွား   ဘယ်ရာသီသွားသွား     မန်းလေးသားများအတွက်မရိုးနိုင်သောနေရာလေးတစ်ခု ရှိပါတယ်။   အဲဒီနေရာကတော့         တောင်သမန်ကို တစ်လ တစ်ကြိမ် တော့ ရောက်လေ့ ရှိပါတယ်၊   2014ခုနှစ်မှ ဩဂုတ်လ လ မှာတော့ရောက်တယ်   ကင်မရာမပါ လို့ မရိုက်ခဲ့ရ   အဲ တော့ ဘယ်တော့မှ မရိုးတဲ့တောင်သမန် ကို ခံစားနို်င်ဘို့အတွက်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 17-9-2014