1အေးငြိမ်း   အေးငြိမ်း အေးချမ်း အေးမြ   လောက မှာ နေ့ စဉ် ကျင် လည်  ဖြတ်သန်း နေရ ချိန်များမှာ လောဘ တွေ မနာလို ဝန် တိုမူ့ တွေ စိတ်ဆိုး စိတ်ယုတ်တွေကြောင့် ဒေါ သ တွေ ထွက် ရင် စိတ်တွေ ပင်ပန်းရပါတယ်။   ဒီအပူတွေ ကို   အပြုံးလေးတွေကြောင့် အေးငြိမ်းရ ပါတယ်   အစိမ်းရောင်မြင်ကွင်းတွေကြောင့်  အေးချမ်း ရ ပါတယ်   အပြာရောင် တွေ ကြောင့် အေးမြ ရ ပါ တယ်။   […]


          အလှူ တစ် ခု ကို ရောက်သွားတဲ့ အခိုက် အမှတ်တမဲ့ လျပ် တစ်ပြက် ရ တဲ့ ပုံလေးတွေကို ပျော်စရာအဖြစ် မျှ ဝေ လိုက် ပါတယ်၊   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ      


                ဆောင်းရောက်လာပြီ ဖြစ် တော့ မနက်လမ်းလျောက ်ချိန် မှာ အတော်လေး မှောင်နေပါတယ်။ အဲလို မှောင်မှောင် မဲ မဲ ထဲ မှာ ဝင်းလက်နေတဲ့ နေရာလေးတွေကိုမြင်တော့ စိတ်ထဲမှာ မှတ်တမ်းယူချင်စိတ်ပေါက်လာပါတယ်။ အဲ့ တော့ ကြိုးစားပြီး တော့ အမှောင်ထဲက အလင်းတွေကို ဖမ်း ယူ ကြည့် မိပါတယ်။ တတ် သလောက် မှတ်သလောက်လေး နဲ့   စမ်းကြည့် တာပါ။   ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများ 12-12-13    


        ထုံးစံအတိုင်းမနက်လမ်းလျောက်ထွက်ပါတယ်။ ဆောင်းတွင်းမှာတော့ မနက် 7နာရီထိုးခါနီးဆိုရင် နေအထွက်မှာ အလင်းတန်းတွေရတတ်ပါတယ်။ တတ်လို့တော့ မဟုတ်။ ရသလောက်လေးမျှဝေပေးလိုက်ပါတယ်   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 22-11-2013  


  ဒီနေ့ တန်ဆောင်မုန်းလပြည့် နေ့ ညနေခင်းလေးမှာ ကျနော်အိမ်နားလေးမှာ မုန်ု့လုံးရေပေါ် စတုဒီသာ လုပ်ပါတယ်. တစ်ဦးတည်းက လှူဒါန်းတာပါ။ မြန်မာ့ရိုးရာ ပျော်စရာ ချစ်ခင်စရာ မြင်ကွင်းလေးမို့ တင်ပေးလိုက်ပါတယ်                       ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 17-11-2013  


            ကျနော့်လက်ထဲကို ဆမ်ဆောင်း ဂလက်စီ တက်ဘ် 3 ဖုန်းလေးရောက်လာပါတယ်။ အဲဒီထဲက ကင်မရာမှာ မြင်ကွင်းကျယ်ရိုက်လို့ရပါတယ်။ အဲတော့ ထုံးစံအတိုင်း စမ်းသပ်ကြည့်တာပေါ့ သိပ်တော့ မသေသပ်။ သိပ်လှ မလှ သို့သော် အမှတ်တ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ   15-11-2013        


    “ငုဝါပန်းတွေက မြိုင်မြိုင်မြိုင်”   မနေ့က မိုးရွာတော့ ပိတောက်တွေပွင့်ပြီထင်ခဲ့ပေမယ့် ပိတောက်က ပွင့်မလာ။ စစ်ကိုင်းဘက်မှာ တရားစခန်းဝင် သီလရှင် ဘဝကို ခံယူနေသော ရွာသူရှိရာ ကျောင်းကိုသွားပြီး အလှူထမင်းစား။ အသွားလမ်းမှာ မြင်ခဲ့ရတဲ့ ငုပင်လေးကို စိတ်ထဲမှာဖျောက်မရ။ အပြန်လမ်းမှာတော့ စိတ်ထဲမှာတေးထားတဲ့ငုဝါပင်လေးကို ဝင်လို့လက်ဆော့။ ကဲကြည့်လိုက်ကြပေတော့ ဗျို့။ ကိုပေါက်လမ်းသလားနေသည် 17-4-2013                


            “မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့” 17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။ မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။ ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။ ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။ ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။ ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 17-4-2013  


  လိမ္မော်ရောင်နံနက်ခင်းလေး       ဒီနှစ်ကတော့ ကျနော်အပျင်းကြီးတဲ့နှစ်လို့သတ်မှတ်ရင်ရနိုင်ပါတယ်။ ဇန်နဝါရီလ ရန်ကုန်က ပြန်လာပြီးကတည်း ရာသီဥတုအေးတာ ပင်ပန်းတာ ညတစ်နာရီထိုးလောက်မှအိပ်ဖြစ်တာကိုအကြောင်းပြပြီး မနက် မနက် ခါတိုင်းလို့ လမ်းမလျောက်ဖြစ်။ တစ်ရက်လျောက် နှစ်ရက်နားကြာတော့ လူက အပျင်းလူသားဖြစ်လာပါတယ်။ မတ်လရောက်ရင်တော့ နေ့တိုင်းလျောက်မယ် ကြံစည်ပေမယ့် တစ်ရက်လျောက် နှစ်ရက်နား ဆိုတော့ ကိုယ့်ကို ကိုယ်လဲ အားမရ။ အဓိက အချက်က ဓါတ်ပုံ ရိုက်ချင်စိတ်မရှိတာလဲ ပါ ပါတယ်။ တစ်ရက်တော့ လမ်းမလျောက်ဖြစ်ဘဲ အိမ်ရှေ့ထွက်အရပ် လိမ္မော်ရောင်ကောင်းကင်တွေ့လိုက်တော့ ကင်မရာယူပြီး ကျုံးနံဘေးကို အပြေးအလွားသွားတော့ တကယ်ကို မှီတယ်ဆုိုရုံလေးပါဘဲ။ ဓါတ်ပုံ ဆယ်ပုံလောက်အရ နေမင်းက ပုန်းနေတဲ့ တိမ်ကြားကထွက်လာတော့ အမြင်မလှ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 3-4-2013   […]


ကို ၿပံဳးMarch 24, 20133min3042
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”     မန်းလေးကန်တော်ကြီးရဲ့နံနက်ခင်းလေးမှာလှေကလေးတွေအမြဲရှိတတ်ပါတယ်။ ပိုပြီးရေပြင်ကျယ်တဲ့ တောင်ဘက်ခြမ်းမှာ ပိုများပါတယ်။ မနက်အရုဏ်တက်ချိန်မှာလှေကလေးတွေ ကရေပြင်မှာလူးလာခေါက်တုံ့။ အရှေ့ဘက်ကမ်းကနေလာကြတဲ့လူအချုို့ကလည်း ကန်တော်ကြီးရေပြင်ကို ဖြတ်ပြီးအနောက်ဘက်ကို လှေကလေးတွေနဲ့လာတတ်ကြပါတယ်။ မမြလေးဘုရားရဲ့တောင်ဘက်နားလေးကတော့ လှေဆိပ်ပေါ့။ အဲဒီနားလေးမှာလှေကလေးတွေယာယီခိုနား။ ငါးရောင်းတဲ့ဈေးသည်များကလဲ ဒီနားမှာငါးလာယူ။ ဒီလှေဆိပ်ကို အားကိုးနေသူများကတော့ တက်သိမ်းအင်းမယ်တော်ရဲ့နန်းနားလေးမှာနေကြတဲ့ မိသားစုလေးတွေပါဘဲ။ တစ်ရက်ကျနော်လမ်းလျောက်လာချိန် နေအရုဏ်ထွက်ခါစ အလင်းများက ရေပြင်ပေါ်ဖြာအကျ။ အဲဒီအလင်းတန်းများကြားကိုလှေကလေးကအရောက်။ လှပသောမြင်ကွင်းလေးများကို အမိအရဖမ်းဆုပ်။ လူဝဝ မျက်နှာပေါ်က်ဆိုးဆိုး ဘောင်းဘီတိုတို တီရှပ်အစုတ် ကင်မရာပေါက်စနနဲ့ ဟိုရိုက်ဒီရိုက်လုပ်တတ်တဲ့သူကို အစကတော့ အဲဒီနားကလူတွေက “ဘာလဲဟ……………”ဆိုတဲ့အကြည့်နဲ့ကြည့်တတ်ကြပါတယ်။ အဲလိုလူများကိုတော့ ပြုံးပြရတာပေါ့။ (ကိုယ်ကသာ ပြုံးပြတယ်ထင်တာ တစ်ဘက်လူကတော့ သွားဖြဲပြတယ်အောက့်မေ့မှာပါ)               တစ်ချို့ကတော့ “ဘာလုပ်ဖို့လဲ” မေးတဲ့အခါ ရီဖြဲဖြဲနဲ့ […]