“အောင်ပန်းမြို့သို့အဝင်”     ပထမတစ်ခေါက် တောင်ကြီးကနေ အောင်ပန်းကိုကူးတော့ လိုင်းကားနဲ့ဘဲလိုက်လာပါတယ်။ အဲတော့ သွားနေတဲ့လမ်းတစ်လျှောက်ဓါတ်ပုံရိုက်ချင်ပေမယ့်ရိုက်ခွင့် မသာခဲ့ပါဘူး။ ဒီတစ်ခေါက်က အောင်ပန်းကိုဆင်းဘို့ စီစဉ်ကြတဲ့အခါ သယ်စရာပစ္စည်းများတော့ လိုင်းကားနဲ့လိုက်ဘို့ အဆင်မပြေပါဘူး။ အဲဒါနဲ့ ဗင်ကားတစ်စီးငှားလိုက်ရပါတယ်။ အောင်ပန်းအရောက် သုံးသောင်းလို့ပြောပေမယ့် နှစ်သောင်းခွဲနဲ့တည့်သွားပါတယ်။ အဲဒါနဲ့နေ့လည်ဆယ့်တစ်နာရီ ကျော်ကျော်လောက်မှာဆင်းလာခဲ့ကြပါတယ်။ အစကတော့ သီးသန့်ကားငှားသွားရင်ပုံကောင်းကောင်းရိုက်လို့ရမယ်ထင်ခဲ့ပါတယ်။ လက်တွေ့မှာတော့ တစ်ခြားစီပါဘဲ။ ကားကအမြန်မောင်းတော့ ရိပ်ကနဲ ရိပ်ကနဲ။ ကြိုက်လို့ရိုက်လို်က်ပေမယ့် မိတဲ့ပုံမိ မမိတဲ့ပုံမမိပါဘဲ။ ဒါပေမယ့် ပုံအတော်များများတော့ရလိုက်ပါတယ်။ အရင်တစ်ခေါက်လာတုန်းက မိုးတွင်းဆိုတော့ စိမ်းစိမ်းစိုစို။ အခုတစ်ခေါက်ကတော့ စိုက်မလို့ ပြင်ဆင်တုန်းဆိုတော့ ခြောက်ခြောက်သွေ့သွေ့။ အပြင်မှာနေပူနေပေမယ့် ကားအရှိန်နဲ့ပြေးနေတော့ လေတိုက်လို့အေးနေပါတယ်။ လှမ်းကြည့်ပြီး မရိုက်ဖြစ်တဲ့ပုံကတော့ အောင်ပန်းမရောက်ခင်လမ်း […]