“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၅” (တမိုးတမြေအောက်က တောင်ကွဲစေတီ) ညနေလေးနာရီခွဲကျော်ကျော်လောက်မှာကျနော်မိတ်ဆွေရဲ့ကားလေးနဲ့ တောင်ကွဲစေတီဘက်ကိုသွားခဲ့ပါတယ်။ ဟိုးအရင်ကတည်းက သီချင်းထဲမှာကြားခဲ့လို့ရောက်ဘူးချင်ခဲ့တဲ့နေရာလေးလဲဖြစ်ပါတယ်။ ဒါပေမယ့်သွားဘို့မကြုံတော့ မဆုံခဲ့ရပါဘူး။ အခုမှမထင်မှတ်ဘဲရောက်ခဲ့ပြန်တော့ အိပ်မက်လိုပါဘဲ။ မိတ်ဆွေရဲ့ကားလေးက တောင်ကွဲစေတီနဲ့မျက်နှာချင်းဆိုင်အရပ်ကနေလာနေတော့ တရွှေ့ရွှေ့နဲ့ နီးနီးလို့လာသလိုပါဘဲ။ ဘုရားအဝင်ဝရောက်တဲ့အခါကျနော်ကားပေါ်ကဆင်းလိုက်ပါတယ်။ အနီးကပ်မြင်ရတဲ့ကျောက်တောင်ကြီးကိုအံ့ဩငေးမောရင်းနဲ့ပေါ့။ တောင်ပေါ်ကနေမြင်ရတဲ့ မြို့မြင်ကွင်းကတော့ လှပပါတယ်။ အောက်ကနေလှမ်းကြည့်တဲ့အခါ တောင်ပေါ်မှာတော့ ရွှေရောင်းဝင်းနေတဲ့စေတီလေးတွေက အစီအရီ။ ဘုရားအရှေ့ဘက်ကနေပါတ်သွားပြီးကြည့်လိုက်တဲ့အခါမှာတော့ မဲနက်နေတဲ့ကျောက်တောင်ပေါ်ကိုတက်ဘို့လှေခါးထစ်ကလေးတွေကအစီအရီ။ မော်ကြည့်လိုက်တဲ့အခါမှာတော့ ကွဲနေတဲ့တောင်ခြမ်းနှစ်ခုကို စလက်ပြင်လောင်းထားတဲ့အပေါ်မှာ အဆောက်အဦတွေကိုမြင်နေရပါတယ်။ အသေအချာကြည့်တော့ တောင်အကွဲပေါ်မှာ ဇရပ်ကလေးဆောက်ထားပါတယ်။ နောက်မှနှစ်ယောက်သားဓါတ်လှေကားဘက်ကိုသွားလို့ တောင်ပေါ်တက်ကြပါတယ်။ ဓါတ်လှေကားနဲ့ဘုရားဘက်ဆက်ထားတဲ့ စင်္ကြံလမ်းကနေလျှောက်ရင်း ဘေးတစ်ဖက်တစ်ချက်ကို လှမ်းကြည့်တဲ့အခါအတော်လေးသာယာတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်။ ကောင်းကင်မှာမိုးတိမ်ညိုတွေရှိနေတာကြောင့်အဝေးကတောင်တန်းမှာနေရောင်ရှိတဲ့နေရာကရှိ အလင်းရိပ်ကျတဲ့နေရာက ကျလှပလွန်းလှပါတယ်။ တောင်ရဲ့အောက်ဖက်ကိုငုံ့ကြည်မိမှ အတော်မြင့်တယ်ဆိုတာ သိလာရပါတယ်။ တောင်ခြေမှာမြင်နေရတဲ့ ကိုရင်လေးတွေကို သေးသေးလေးဘဲမြင်ရလို့ပါ။ တောင်ပေါ်မှာတော့ရွှေရောင်ဝင်းတဲ့စေတီ။ ကျောက်တောင်တွေကလဲအထစ်ထစ်နဲ့ ကြမ်းရှရှ။ တောင်ပေါ်ကိုတက့်တဲ့လှေခါးထစ်ကလေးတွေကလဲ ခပ်မတ်မတ်။ တကယ်လို့များ […]


ပြီးခဲ့တဲ့ဥပုသ်နေ့က မြစ်ငယ်ဘက်နေ စစ်ကိုင်းကို သွားတဲ့ဖြတ်လမ်းကိုသွားတော့ လမ်းဘေးက စိမ်းစိမ်းစိုစို သစ်ပင်တွေနဲ့ သာယာတဲ့ရူ့ခင်းတွေကို တွေ့ရပါတယ်။ တစ်နေရာရောက်တော့ ထန်းပင်ပုလေးတွေတန်းစီနေတာကို တွေ့ရပါတယ်။ အဝေးက မြင်ကွင်းက စိမ်းစိုစို ထန်းပင်လေးတွေက ညိုညို တွေ့ရတဲ့ပုံစံလေးကထန်းပင်ပုပုလေးတွေ ပေါက်နေပုံက ကဗျာဆန်ဆန် စုစုစည်းစည်း ဒီတော့လဲ ထုံးစံအတိုင်းကိုယ့်စိတ်ထဲမှာလှနေတော့ မျှပေးလိုက်ပါတယ်နော်…………….