“ဝေ ဝေ ကိုကြိုဆိုခြင်း” “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ”တဲ့ ဟိုမျက်မှန်နဲ့ကောင်လေးက နောက်တာလိုလို အဟုတ်လိုလို သီချင်းလုပ်ဆိုခဲ့ဘူးပါတယ်။ နိုင်ငံခြားမှာတော့ အသက်လေးဆယ်ဆိုတာ ဘဝအသစ်တခုစသတဲ့ ဒီမှာတော့ အဲဒီအရွယ်ကို နှစ်ဆယ်တိုးလိုက်တာနဲ့ ပင်စင်ဆိုတာကြီးကို မယူချင်ဘူးဆိုလဲ ဇွတ်ပေးပြန်တော့ သုံးမရ စားမရ ဆုံးဘဝ ရောက်ရပြန်တယ်။ “ဝေ” တို့ အရွယ်ဆိုတာ ဟိုနားက ကိုက် ဒီနားက နာ မမြင်ရတဲ့ စိတ်ဒဏ်ရာ တွေကလည်း ဗလပွပေါ့။ ဖြတ်သန်းခြင်း ဘဝ ပင်လယ်မှာ အောင်မြင် ကြည်နူး ရှုံးနိမ့် ကြေကွဲ ရယူ ကျေနပ် ပေးဆပ် ခံပြင်း ဆုံးရှုံး နာကျင် မနိုင်၍သီးခံခြင်း နိုင်ပါလျက်နဲ့ရှုံးရခြင်း အကြောင်းအချင်းများစွာ ကြုံချင်လည်းဆုံ မဆုံချင်လည်းကြုံ ဘဝဇာတ်ခုံပေါ်မှာ မရပ်မနား သွားနေရင်းက […]


“သံယောဇဉ် အစစ်သမား”   ချစ်ခင်နှစ်သက် ငါကျင်လည်တဲ့အရပ်ကို သံယောဇဉ်ဖြတ် ဝေးရာအရပ်ကို ခွဲထွက်ပြေးဘို့အရေး ငါရဲရဲ တောင် မတွေးဖူးဘူး။   တွယ်တာနှောင်ရစ် ငါသိပ်ချစ်တဲ့မင်းကို သံယောဇဉ်ဖြတ်ဘို့အရေး နည်းနည်းလေးမပြောနဲ့ ငါ ရဲ ရဲ တောင် မတွေးဖူးဘူး။   ရဲရဲ မတွေး ဆို တကယ့်ကိုချစ် သံယောဇဉ် အစစ်သမားလေးမို့ပါ။   ကိုပေါက်လက်ဆောင် အတွေးစဉ် 9-6-2014


“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်” ကျနော်သူမကို တွေ့ရဘို့ ရက်နဲ့တွက်ရင် ၃၆၅ နာရီနဲ့ဆိုရင် X ၆၀ မိနစ်နဲ့ဆိုရင် ဆပွား စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။   မနှစ်ကဒီရာသီ ခရီးသွားရင်းနဲ့ ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ ပန်းလေးတွေဝေနေတဲ့သူမကို အဝေးကအမှတ်မထင် လှမ်းမြင်မိတာကအစ နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။   အဲဒီနားကိုရောက်တိုင်းသူနဲ့များ ပြန်ဆုံအုံးမလားလို့ မျှော်လင့်ချက်တွေနဲ့ငေးအကြည့် ဘေးကပါလာတဲ့အကြောင်းသိနေသူက “သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့ ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။   စက္ကန့်များ မိနစ်များ နာရီများရက်များ ဆိုတာ တားလို့လဲမရ သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။ တစ်နှစ်ဆိုတဲ့ကာလအတိ ပြည့်ပြိဆိုတာနဲ့ သူမနဲ့ဆုံဘူးတဲ့နေရာကို ကျနော်အရောက်…………………………….. မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း အိုမင်းနေတဲ့သူ့အဆင်း မြင်မြင်ခြင်းဘဲ ကျနော့်မှာ ဘာလွမ်းလို့လွမ်း ရမှန်းမသိ ဖြစ်မိပါတော့တယ်။     […]


“ကျန်နေသူ “ သူတို့ကြံဆ နေချိန် ငါကတော့ ဟန်ရေးပြလို့ကောင်းနေဆဲ။ သူတို့တွေးတောစဉ်မှာ ငါကတော့ ငေးမောလို့ကောင်းဆဲ။ သူတို့ဆုံးဖြတ်လို့ပြီးချိန်တိုင်အောင် ငါကတော့တွေဝေနေဆဲ။ သူတို့ အသင့်ပြင်နေချိန်မှာ ငါကတော့ အပြစ်တင်လို့ကောင်းဆဲ သူတို့စသွားချိန်မှာ ငါကတော့ ဗျာများနေဆဲ။ သူတို့ခက်ခဲချိန်မှာ ငါကတော့ အိပ်မက်လို့ကောင်းဆဲ သူတို့ရုန်းကန်ချိန်မှာ ငါကတော့ ဝေဖန်လေကန် လို့ကောင်းဆဲ။ သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. သူတို့………………………….. ငါက………………………………………. ဟော……………အခု သူတို့ ပန်းပန်နေချိန်မှာတော့ ငါက…………….. ………………………… ……………………………….. ကိုပေါက်လက်ဆောင်အတွေးစဉ် (15-11-2011)


“အလိုရှိသည်” အနံကြီးကွင်းကျယ်သူကို မကြိုက်တဲ့ ချစ်လူမိုက်က အရင်ရောက်လာပါတယ်။ “မပန်းရယ်မငိုနဲ့” လို့ချော့တတ်တဲ့ “တပင်ထဲရင်ထဲကနွယ်”ဆိုသူလဲပါရဲ့။ ဆိုးပေမိုက်လို့ နံပြားကြိုက်တဲ့သူက ဘုန်းကြီးပါစေ အသက်ရှည်စေလို့ ဆိုရင်းအရောက် ကျနော်သွားတော့မယ်လို့ တရားဝင်နှုတ်ဆက်တဲ့ မျှားဘုရင်ကလဲ ဧရာဝတီလို့ငိုညည်းရင်းဝင်အလာ “မအေးကိုချစ်လို့ပါကွယ်”ဆိုပြီး မှပန်းနုရေလိုတမ်းတသူကလဲ မထင်မှတ်ဘဲရောက်ခဲ့။ ဟင်္သာတို့ရဲနန်းတော်ရှေ့ကနေ “မိဖူး”ကိုတမ်းတနေသူ အမှောင်ညကိုစွန့်သွားသူနဲ့အဉ္စလီ ဒဏ္ဍာရီသီချင်းကို အတူညည်းနေကြမလား။ ချစ်ခြင်းအားဖြင့်လို့ ဆိုသူနောက် တေးမြုံငှက်ပိုင်ရှင်ကလဲ ရောက်အလာ ဂစ်တာလေးကိုဗိုက်ကြီးပေါ်တင် တင်တီးတတ်တဲ့ ကြက်ခြံထဲကလွမ်းတဲ့သူ။ ဟိုင်းဝေးစတားလို့အော်ရင်း ဘေ့စ်ဂစ်တာကို လက်စွမ်းပြတဲ့ကိုတော်မီ။ ရေးသူ ဆိုသူ လူတော့စုံနေပြီ ကီးဘုတ်ကိုစီးချက်နဲ့တီး ဒရမ်ကြီးကိုခပ်ပြင်းပြင်းနှက်မယ့်သူ နှစ်ယောက်တော့လိုနေပြီ ကဲ ဘယ်သူအရင်လာမလဲ? ? ? ကိုပေါက်လက်ဆောင် အတွေးစဉ် 9-11-2011)


“ကြားကောင်းရုံသက်သက်” အရင်းကိုမဖြတ် အဖျားဘဲသပ်တော့ အရွက်ဖားဖားဝေသတည်း။ အရင်းမဖယ် အဖျားဘဲပယ်တော့ ရွက်နုများများ ဝေသတည်း။ အရင်းမနုတ် အဖျားဘဲခုတ်တော့ ရွက်နုအဆုပ်ဆုပ်ထွက်သတည်း။ အရင်းမတူး အဖျားဘဲခူးတော့ ရွက်နုများများမြူးသတည်း။ “ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ” (3-11-2011)


“အဖော်ရှာမယ် အဖော်ပါတယ် ကြော်ငြာမယ် ဆိုတဲ့………………….2011သင်္ကြန်” မခေါ်ဘဲနဲ့လဲ အချိန်မှန်လာ၊ မနှင်ဘဲနဲ့လဲ သုံးရက်ပြည့်တာနဲ့ ဇွတ်ပြန် ၊ အဲဒါသင်္ကြန်ပေါ့။ တစ်ခါတစ်ရံတော့ အဆစ်ပေးသလို လေးရက် ပျော်အောင်လဲ နေပေးပါတယ်။ ဟိုအရင်ကပေါ့ သင်္ကြန်နီးပြီဆိုတာနဲ့ တစ်နှစ်ကူးဘို့ ပုရစ်ဖူးလေးတွေက အရင်ဝေပြပါတယ်။ သူဝေပြီဆိုတာနဲ့ ဥဩက တွန်ပါတယ်။ ဥဩတွန်တာနဲ့ နွေမှုံမှုံ လေမှုံမှုံ လွမ်းရိပ်ဆင်ပြီဆိုရင် သင်္ကြန်မိုးပြေးလေးက ရွှေပိတောက်ကို အပြေးအလွှားကြိုသလို မန်းလေးသားကိုကိုတွေကလဲ စည်တိုခေါက်လို့ တူးပို့ သံလွင် မဏ္ဍပ်တွေဆင်လို့ သင်္ကြန်အတွက်ပြင်ကြပါတယ်။ ဘယ်အယူအဆကြောင့်ဘဲ ဖြစ်လာလာ။ ဘယ်သူ့ခေါင်းဘဲလက်ပြောင်းပြောင်း၊ ဒီအချိန်ရောက်တိုင်းတော့ မန္တလေးသူ မန္တလေးသား သင်္ကြန်သွေးကြွ ကြ တာ အများတကာထက် ပိုကို ပိုပါတယ်။ ဟိုရှေးရာဇဝင်မှာ နာကျင်စေခဲ့တဲ့အဖြစ်က နရသီဟပတေ့ နဲ့စောလုံ သင်္ကြန်မှာ အကြည်စားသန်မိလို့ […]


“အဖြေမသိတဲ့ပုစ္ဆာ” တစ်ခုသော ညနေခင်းလေးမှာ စစ်ကိုင်းဘက်ကအပြန် ကန်ပါတ်လမ်းဘက်အဆင်း အလင်းရောင်ကလဲရှိတဝက်မရှိတဝက် မှောင်တဲ့နေရာမှောင်လင်းတဲ့နေရာလင်း ကန်ုဘေးကမြက်ခင်းလေးပေါ်မှာ၊ သစ်ပင်အောက်မှာ၊ ခြုံအကွယ်မှာ၊ ကန်ဘောင်ပေါ်မှာ၊ အအေးဆိုင်ကခင်းပေးတဲ့ထိုင်ခုံလေးတွေမှာ မှာ …..မှာ………..မှာ…………….မှာ………………..မှာ လူမြင်ကွင်းမှာတောင် မရှောင် ချစ်ခြင်းသမုဒယဖွဲ့သူ၊ သူများ မြင်မှာတောင်မရှက်ဘဲအကြင်နာတွေပေးနေကြသူ။ မရောင်းချင်ဘူးဆိုတာတောင်ဇွတ်အတင်းဝယ်ချင်သူ၊ မလိမ်မိုးမလိမ်မာ သနားကမား စားနေကျကြောင်ဖားနဲ့မှတွေ့နေသူ ရှက်သလိုလို မူနွဲ့သလိုနဲ့ယူဟဲ့လို့ ပေးဝေနေသူ၊ လူစင်စစ်တွေ ဖြစ်ပါရဲ့နဲ့တော်သလင်းပွဲနွဲချင်သူ၊ မကြည့်လဲမြင် ကြည့်လဲမြင် မြင်…………..မြင်………….မြင်……………မြင်…………….။ မပီဝိုးတဝါး နံနက်ခင်း ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရင်း ဟိုးခပ်ဝေးဝေးအရောက် ည ညဆို လူပြတ်တဲ့ ကန်တော်ကြီးရဲ့သစ်ပင်ရိပ်အောက် ပုတ်သင်ညို အဖော်လိုရင်ခေါင်းငြိတ်ဆိုတဲ့ဘူးခွံလေးက နှစ်ခွံ တစ်ဝက်တစ်ပျက်ကျန်နေတဲ့ ရေသန့်ဘူးက တစ်ခု အုန်းပင်ရိပ်မှာကျားအိပ်နေဟန် ဘာမှမကျန်တဲ့ ဘီယာပုလင်းလွတ်ကတလုံး သုံးထားပြီး မွှစာကြဲနေတဲ့တစ်သျှုးစတွေက နေရာအနှံ့ ဘာမှန်းမသဲကွဲ နီနီရဲရဲ အဝတ်စကလေးက […]


အသွား အပြန် အရင်းကနည်း မျက်နှာမွဲတော့ လမ်းသွားလမ်းလာများ အားနာပေမယ့်လည်း ပလက်ဖောင်းမှာဘဲဈေးရောင်းရပါတယ်။ ဖမ်းရင်တော့လဲပြေး ပေးလို့ ယူသူများကိုလည်း ကျေးဇူးတွေတင်ရပါတယ်။ “သဘောကောင်းတဲ့မောင်မင်းကြီးသား ကျန်းမာပါစေ” သတ်မှတ်တဲ့စည်းကမ်းအတိုင်းဖမ်း ရုံးတင်ပြန်ရင် သနားစရာခဗျာတွေမှာအရင်းပြုတ် စိတ်ရုှပ်စရာပါဗျာ။ မဖမ်းပြန်ရင်လဲ အထောင်းခံရ အဲဒီတော့လည်း ဖမ်းတဲ့အခါဖမ်း လွှတ်တဲ့အခါလွှတ် ပေးတော့လဲယူ ဆူတော့လဲခံ သူလည်းကောင်း ကိုယ်လဲကောင်း ပိုက်ဆံကိုဘဲတောင်းလိုက်ပါတယ်တဲ့ ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? ကဲ ဘာတွေထပ်ပြောရင်ကောင်းမလဲ ? (နေရာတကျစီးပွားရှာပါခဗျာ) ဒီစာလေးကိုဖတ်ပြီး ဒီကဗျာလေးကို ရလိုက်ပါတယ်။


ရုပ်ကလေးကလဲ့ဖြောင့်ဖြောင့် ကိုယ်လုံးလေးကလဲ ကြည့်ကောင်းအောင် ခပ်တောင့်တောင့်။ စကားပြောတော့လဲချိုချိုသာသာ မျက်နှာပေးလေးကခပ်ပြုံးပြုံး ကျနော့်အမေနဲ့ဆိုရင် လုံးနေမှာဘဲ(တည့်လွန်းလို့)။ အဝတ်အစားဆိုပြန်ရင် ဘရင်းဒတ်တွေကိုလဲစိတ်မဝင်စား ရှိတာလေးနဲ့ဘဲလှအောင်ဝတ်။ နာမယ်ကြီးဆိုတဲ့ အလှပြင်စရာတွေလဲမလို သနပ်ခါးလေးနဲ့ဆိုရပြီ။ အိမ်အလည်သွားဘို့တော့စိတ်မပါ ဂဏန်းနှစ်လုံးနဲ့လဲခပ်ဝေးဝေး အားတယ်ဆိုအိမ်အလုပ်လုပ် အချက်အပြုတ်ကလဲတကယ်ကောင်း ရထားတဲ့အလုပ်ကလေးကလဲ ဝင်ငွေဖြောင့်။ ကျနော်တောင်းတိုင်းလဲ ပိုက်ဆံပေး။ ဘယ်တွေသွားနေလဲလို့တစ်ခွန်းမှမမေး ယောက္ခမလောင်းများကလဲသဘောကောင်း ဇီဇာကြောင်တတ်တဲ့ အဒေါ်အပျိုကြီးလဲမရှိ ပြဿနာရှာတတ်တဲ့ယောက်ဖဆိုတာဝေလာဝေး ဇယားမရှုပ်တဲ့တစ်ဦးထဲသောသမီး ရီးစားဆိုတာကလဲ ကိုယ်ပထမဆုံး ဒါမျုးိလေးများရမလားလို့ ရှာရင်းစောင့်ရင်း……………………. ရှာရင်းစောင့်ရင်း……………………. ရှာရင်းစောင့်ရင်း……………………. ရှာရင်းစောင့်ရင်း……………………. တစ်နှစ်ပြီးတစ်နှစ် ဝါတွေအခါခါဝင်လို့သီတင်းသာအခါခါကျွတ်သွားတယ် လူပျိုဘဝကကျွတ်အောင်တော့……………………………………………….


အလုပ်ကိုအချိန်မှန်သွား၊ ရုံးမှာအားရင်ဂဏန်းလဲမတွက်၊ ရလာတဲ့ပိုက်ဆံကို ဘတ်မထားဘဲအကုန်အပ်၊ လက်ဖက်ရည်ဆိုင်မှာ ထို်င်လို့လဲလေမကန်၊ အလုပ်ပြီးရင်ဘီယာဆိုင်ကိုခရီးမဆက်၊ အချိန်တန်ရင်အိမ်ကိုစောစောပြန်၊ ညဘက်ဆိုရင်လဲ အပြင်ပြန်မထွက်၊ အင်တာနက်ကိုဝင် ချက်တင်ကလဲ အပိုမရှာ ကြားထဲမှာကောင်မလေးတွေနဲ့မကြူ ကွမ်းယာဆိုတာကို သူမစား ဆေးလိပ်ဆိုဝေလာဝေး အရက်ဆိုတာသူမသိ လောင်းကစားကိုလဲဝေးဝေးရှောင် ဒီလိုလူမျိုးနဲ့တွေ့မလားစောင့်ရင်းနဲ့ မလိုချင်ဘဲရထားတဲ့ အပျိုကြီးကျမဘဝပါရှင်။ (မိန်းကလေးများလိုချင်သောခင်ပွန်းဆိုတာလေးကိုဖတ်မိတော့ သည်အတွေးလေးရလာပါတယ်။)


မနက်စောစော ငါးနာရီ မေမေကနုှိးပြီ။ အိပ်ချင်မူးတူး ထိုင်ခုံထက် သားသားစာတွေကျက်။ ကော်ဖီသောက်ပြီး ခြောက်နာရီ၊ တီချာရောက်ပါပြီ အင်္ဂလိပ်စာသိပ်ကိုခက်၊ မီးနင်းတွေကိုကျက်၊ ခွန်နှစ် နာရီထီုးပါပြီ ကျောင်းကိုသွားရမည်၊ ရေမိုးချိုးလို. အိမ်ပြင်ထွက် ကျောင်းကားပေါ်ကိုတက်။ ကျောင်းကိုရောက်သော် ကစားဖော် ခဏဆော.မယ်နော် ခေါင်းလောင်းထိုးရင် အတန်းတက် စာတွေသင်ဘို.အတွက်။ ထမင်းစားဆင်းတော. အမေခေါ် ခုံတန်းလျားလေးပေါ် ထမင်းစားရင်းစာတွေနွေး မေမေ မေးခွန်းမေး။ သုံးနာရီလဲကျော်ပြန်သော် ကျောင်းကြီးဆင်းပြီနော် ကျူရှင်တက်ရန် ကားပေါ်တက် အတန်းပိုင်ဆရာမ အိမ်ကိုဆက်။ ညနေငါးနာရီထိုးပြီနော်၊ သားသားအိမ်ကိုရောက်ပေါ.နော် ထမင်းစားပြီး ခရီးဆက် စာကျက်ဝိုင်း ကိုတက်။ ညရှစ်နာရီထိုးပါပြီ သားသားအိမ်ကိုရောက်ပြန်ပြီ မုန်.စားပြီးရင် စာကိုကျက် ပြီးရင်ဂဏန်းတွက်။ ညကိုးနာရီထိုးပြီနော် အိမ်ကို ပြန်ရောက်သော် ခြေလက်ဆေးပြီးခုတင်ပေါ်တက် သားသားလေးအိပ်စက်။ အိပ်စက်လို.မှမဝမှီ မေမေလာနုှိးပြီ၊ ဒီလိုနဲ.ဘဲနေ.တွေဆက် သားသားစိတ်တွေပျက်။ […]