“ ဒီလောက် ထိ ဖြစ်ဘို့ လိုပါသလား ?  “ “တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ နှစ်”   ရန်ကုန်ကနေမန်းလေးကိုပြန်လာတဲ့နေ့ကပေါ့။ အဲဒီနေ့က တော့ တကယ့်ကို စိတ်မောလူမော။ သူများကြောင့်မဟုတ် ကိုယ် ကြောင့်။ အဲဒီနေ့ ည ကိုးနာရီ ကားနဲ့ မန်းလေးကို ပြန်ဘို့ လက်မှတ်ကဖြတ်ပြီးသား။ ကျနော်ပြန်မယ့် နေ့မှာ သူငယ်ချင်းတစ်ယောက်က  သူနဲ့တွေ့ဘို့ ချိန်းလာပါတယ်။ ကျနော်တည်းတာ က ဝေဇယန္တာလမ်းပေါ်က ဂန္ဓမာကုန်တိုက်နားမှာ။ သူချိန်းတဲ့နေရာက ရန်ကုန်ကန်တော်ကြီးကရိဝိက်မှာ။ သူချိန်းတဲ့အချိန်က  ညနေလေးနာရီ။ သူနဲ့လဲဆုံရင်း စိန်ပန်းပင်နဲ့ ကရိဝိက်ကို တွဲပြီး ဓါတ်ပုံရိုက်မယ်ဆိုတဲ့ အတွေးနဲ့သူနဲ့ချိန်းတာကိုလက်ခံလိုက်ပါတယ်။ သွားခါနီးအိမ်ကိုတော့ မှာထားလိုက်တယ် “နောက်ကျမယ် စိတ်မပူနဲ့ ကားချိန်မှီအောင်ပြန်လာမယ်”ပေါ့။ ကျနော်က တာမွေမှာသူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်တော့ ညနေလေးနာရီ။ အဲဒီကနေ ရန်ကုန်ကန်တော်ကြီး […]


“လေထဲတွင်လွင့်ပျံ့ ခဲ့သော လွင့်ပျံ့နေဆဲဖြစ်သော”     ဟိုလွန်ခဲ့သောနှစ်များစွာရဲ့မနက်ခင်းလေးတွေကို စိုးမိုးထားတာကတော့ “ဘီဘီစီ” ဆိုတဲ့အသံလွှင့်ဌာနကထုတ်လွှင့်ပေးနေတဲ့မြန်မာပြည်သတင်းတွေပါဘဲ။ အထူးသဖြင့်မြို့ပြမှာနေထို်င်တဲ့ပညာတတ်များနဲ့နိုင်ငံရေးကိုစိတ်ဝင်စားသူလူအတော်များများ ရဲ့ နေ့စဉ်အလုပ်တွေထဲကမဖြစ်မနေဆောင်ရွက်ကြတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုနားထောင်တဲ့လူတွေထဲမှာအဆင့်မြင့်ရာထူးကြီးကြီးယူထားကြတဲ့စစ်ဘက်နယ်ဘက် ဝန်ထမ်းတွေလဲပါတယ်ဆိုတာ အံ့ဩဘွယ်ရာ သိရပြန်ပါတယ်။ နားထောင်တဲ့ရည်ရွယ်ချက်ခြင်းတော့ မတူဘူးပေါ့။ မနက်စောစော “ဘီဘီစီ”ကမြန်မာပိုင်းအစီအစဉ်လာပြီဆိုတာနဲ့ သူတို့ပြောတာဟောတာလေးတွေကို သေသေချာချာနားထောင်။ လက်ဖက်ရည်ဆိုင်မှာရုံးမှာလူစုံတဲ့စကားဝိုင်းမှာဆုံကြပြီဆိုရင်  နားမထောင်လိုက်ရတဲ့ မိတ်ဆွေတွေကို နားထောင်လိုက်ရတဲ့သူက တစ်ဆင့်ပြန်ဖောက်သည်ချ။ နားထောင်ပြီးသားလူအချင်းချင်းကတော့ ကိုယ့်အမြင်သူ့အမြင်ဖလှယ်ကြ။ “ဘီဘီစီ” ကလွှင့်ခဲ့တာ ဝေဖန်ခဲ့တာတွေ ကရော တကယ်အစစ်အမှန်တွေဟုတ်ရဲ့လားလို့ ဘယ်သူမှသေသေချာချာ မတွေးမိခဲ့တာလဲအမှန်ပါဘဲ။ နောက်ပိုင်းမှာ တော့ ဒီအသံလွှင့်ဌာနက လွှင့်တာတွေကို လူတွေက ယုံကြည်လာတယ်ဆိုတဲ့ အချိန်မှာတော့ ဒီအစီအစဉ်ကို လူသိရှင်ကြားနားထောင်လို့မရတော့ပါဘူး။ ဒါကိုနားထောင်တာကလည်း သိုသိုသိပ်သိပ် တိုးတိုးတိတ်တိတ်လုပ်ရတဲ့စာရင်းထဲမှာပါသွားပြန်ပါတယ်။ ကိုယ်နေတဲ့နေရာနဲ့ ဟိုးအဝေးကြီးမှာရှိနေတဲ့ အသံလွှင့်ဌာနကနေလွှင့်တာကို အနီးမှာရှိတဲ့လူ တွေက မက်မက်စက်စက် […]


“ မည်သူပိုင်၏ မပိုင်၏  မည်သူရ၏မရ၏ “       အခုရက်မှာ အစည်ဝေဆုံးသတင်း ကတော့ “မူပိုင်ခွင့်” ဆိုတဲ့အသံလေးပါဘဲ။ ဂျာနယ်တစ်စောင် ထဲမှာဖတ်လိုက်ပြန်တော့ တေးရေးဆရာတစ်ဦးကရုပ်သံလိုင်းတစ်ခုကို  တရားစွဲဘို့ စီစဉ်နေတယ်သူ့သီချင်းကို ခွင့်မတောင်းဘဲ ဖျော်ဖြေရေးပွဲတစ်ခု မှာအသုံးပြုထားတာကြောင့်လို့သိရပါတယ်။ အဲဒီသီချင်းတွေကို အသုံးပြုသွားတဲ့အဆိုတော်လေးကလဲ အောင်မြင်ခေတ်စားနေတဲ့ရုပ်သံအစီအစဉ်မှာ သီချင်းတွေကိုအသုံးပြုပေမယ့်လည်းတေးရေးသူ ဆီမှာခွင့်မတောင်းဘူးလို့သိရပြန်ပါတယ်။ နောက်တေးရေး တေးဆို တစ်ယောက်ကလဲ သူ့သီချင်းတွေကို ယူသုံးတာ ခွင့်မတောင်းလို့ဆိုပြီး ဂျာနယ်တွေမှာ ပြောလာတာကိုဖတ်ရပြန်ပါတယ်။   ခွင့်ပြုချက်တောင်းပြီးမှာသာ အသုံးပြုသင့်တယ်လို့ပြောတာကတော့ တကယ့်လိုအပ်ချက်ကိုထောက်ပြလိုက်တာဘဲဖြစ်ပါတယ်။ မြန်မာသီချင်းတွေကို မူပိုင်ခွင့်ဥပဒေနဲ့ထိန်းချုပ်တော့ မယ်လို့ဆိုပါတယ်။ သူတစ်ယောက်ထဲအတွက်မဟုတ်ဘဲ ဂီတလောကအတွက် ဦးတည်လုပ်ဆောင်မယ်လို့လဲ ဖတ်လိုက်ရပါတယ်။ ကောင်းသောရည်ရွယ်ချက်လို့ခံစားရမိပါတယ်။ နောက်တစ်ဖွဲ့ကတော့ သီချင်းတွေကိုတစ်ပုဒ်ခြင်း ရောင်းဘို့စီစဉ်နေတယ်လို့လဲသိရပြန်ပါတယ်။ တေးရေးသူများက စီစဉ်ကြတာပါ။ ဒီအစီအစဉ်လေးသာအောင်မြင်မယ်ဆိုရင် မြန်မာပြည်က တေးရေးသူများအတွက် ကောင်းသော […]


“ပေးကားပေး၏မရ ကျွေးကားကျွေး၏ မဝ ဘဝကလွတ်ချင်ပါ၏”     မနေ့ညက စာရေးထိုင်ရေးနေတုန်း ဖျပ်ကနဲမီးပျက်သွားပါတယ်။ မီးပျက်တာကတော့ မဆန်း။ အပြင်ထွက်ကြည့်တော့ ကိုယ့်တစ်ခန်းထဲအမှောင်ကြ။ ဓါတ်တိုင်နားထွက်ကြည့်လိုက်တော့လှေခါးပေါ်က လူတစ်ယောက်ဆင်းလာနေတာကိုအတွေ့ ကမန်းကတန်းအပြေးအလွှားသွားလို့ အစကလာနေတဲ့မီးရုတ်တရက်ပျက်တဲ့အကြောင်းပြောပြတော့မှ လှေကားပေါ်ပြန်တက်လို့ ရှုပ်ယှက်ခတ်နေတဲ့ဝါယာကြိုးတွေကြားကိုဝင်ပြီး ပြန်ပြင်လိုက်တော့ ကျနော်အခန်းမီးပြန်လာပြီဆိုတာ အချက်ပြ။ အဲတော့မှ အင်းချနိုင်ပါတယ်။   ကျနော်နေတာက မန်းလေးတက်သိမ်းအင်း(ခ)ကန်တော်ကြီးအရှေ့ဘက်ခြမ်း က တိုက်ခန်း(၈)လုံးတွဲလေးမှာ နေတာပါ။ ကျနော်က ဒီဘက်ကို ၂၀၀ဝခုနှစ်လောက်မှာပြောင်းလာခဲ့ပါတယ်။ မန္တလေး စည်ပင်သာယာရဲ့ “တဲပေါ်ကလူ တို်က်ပေါ်ရောက်ရေး”စီမံချက်နဲ့အတူပေါ်ထွက်လာတဲ့တိုက်ခန်းလေးတွေပါ။ ဒီ တစ်ထပ်မှာ ဆယ်ခန်း အထပ်က သုံးထပ်ဆိုတော့ တစ်တွဲမှာ အခန်းပေါင်းသုံးဆယ်ပါပါတယ်။ စုစုပေါင်း တိုက်ခန်း(၈)တွဲ ဆိုတော့အခန်းပေါင်း (၂၄၀)။ စဆောက်ကတည်းကဒီတိုက်ခန်းများရဲ့ လျှပ်စစ်မီး မီတာကို မန်းစည်ပင်ကတာဝန်ယူပါသတဲ့။ နောက်တော့လဲ မြန်မာလျှပ်စစ်ကို ပြန်လွှဲပေးလိုက်ပါသတဲ့။ […]


“မနင်းစကောင်း …………….နင်းစကောင်း…………….”     ဟိုအတော်ဝေးဝေးလွန်ခဲ့တဲ့ ဥပုဒ်တစ်ရက်က  ကျနော်ရယ် ကိုသိန်းအောင်ရယ် ရှမ်းခေါက်ဆွဲသွားစားကြပါတယ်။ တနင်္ဂနွေနေ့ နဲ့ ဥပုဒ်နေ့ တိုက်နေတာရယ် မနက်ကိုးနာရီစွန်းစွန်းလောက်ရယ်ဆိုတော့ ခေါက်ဆွဲလာစားတဲ့သူအတော်များတယ်ပြောလို့ရပါတယ်။ စာပွဲတိုင်းမှာလူအပြည့် ။ စားပွဲထုးိလေးကောင်လေးတွေရောကောင်မလေးတွေပါဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်၊ ခေါက်ဆွဲပန်းကန်တွေကို မနိုင်မနင်းနဲ့သယ်လာပြီးလိုက်ချဆိုပြန်တော့ သူတို့ကိုကြည့်နေရင်းနဲ့တောင်မောလာသလိုပါဘဲ။ အတော်လေးကြာမှ ကျနော်တို့မှာထားတဲ့ခေါက်ဆွဲကရောက်လာပါတော့တယ်။ ဖြစ်ချင်တော့ ကျနော်တို့ဝိုင်းနဲ့ ဟိုဘက်စားပွဲဝိုင်းမှာတာတွေကိုပြောင်းပြန်ချမိပါတယ်ထင်ပါတယ်။ ကျနော်တို့နှစ်ယောက်က ဝက်သားနဲ့မှာထားပါတယ်။ လာချတော့ ကြက်သား။ ဟိုဘက်ဝိုင်းက လင်မယားကိုတော့ ကြက်သားနဲ့မှာတာကို ဝက်သားနဲ့သွားချပါတယ်။ စားပွဲထိုးလေးက မှားချတာသိလို့ မုန့်ပန်းကန်ချင်းလဲပေးမယ်လုပ်တော့  ဟိုဘက်ဝိုင်းက မုန့်တွေကိုနယ်ပြီးသားဖြစ်နေတော့ ့ လဲပေးလို့ မရတော့ပြန်ပါဘူး။ အဲတော့ စားပွဲထိုးလေးခင်ဗျာ မှားချတဲ့မုန့်တွေပြန်ယူသွားရပါတယ်။ ကျနော်တို့ဝိုင်းကိုလာပြီး မုန့်လဲပေးမယ်လုပ်တော့ “ရပါတယ်ကွာ…….ငါတို့ဒါဘဲစားလိုက်ပါမယ်၊နောက်တော့ မလွဲစေနဲ့”လို့ဘဲပြောလိုက်ပါတယ်။ “ ပြန်လဲခိုင်းလိုက်ရတာဘဲ သူတို့မှားချတာဘဲဟာ”လို့ပြောတော့ “နေပါစေ့ကွာ နို့မဟုတ်ရင် ကလေးတွေလခထဲက […]


“မီးရေရှား…………………..”   ဒီမြို့ကြီးအနှစ်တစ်ရာတင်းတင်းပြည့်တဲ့နှစ်မှာ ကျုပ် ဒီမြို့ကြီးရဲ့ရင်ခွင်ထဲကိုရောက်လာခဲ့တာပေါ့။ ကျုပ်မွေးတဲ့နှစ်မှာဘဲငလျင်တွေတစ်နေ့ထဲအကြိမ်အများကြီးလှူပ်တာတဲ့။ ဒါပေမယ့် ကျုပ်ကတော့ သူလိုငါလို မထူးတဲ့သာမန်လူပါဘဲ။ ကျုပ်တို့မြို့က မင်းနေပြည်ဆိုတော့ ကျုံးတွေလဲရှိသပေါ့။ အဲတော့ကျုံးရေကို လဲသုံးလို့ရတာပေါ့။ ကျုပ်တို့ခပ်ငယ်ကတော့ကျုံးပါတ်ပါတ်လည်မှာရှိတဲ့လမ်းအပြတိုင်း အပြတိုင်းမှာ အများပြည်သူသုံးဘို့ ကျုံးရေကန်လေးတွေလုပ်ပေးထားပါတယ်။ အဲဒီတုန်းက အခုလို မီတာရေတွေ ဘာတွေလဲရှိပါဘူး။ ကျုံးနားနီးသူက ကျုံးရေသုံး။ မြစ်နားနီးသူက မြစ်ရေသုံး။ ဘာနဲ့မှ မနီးတဲ့လူတွေက အဝီစိရေသုံးပေါ့။ ဟိုးရှေးရှေးကလူဦးရေနည်းလို့လားတော့ မသိပါဘူး နွေတောင်မှရေအခက်အခဲဖြစ်တယ်ဆိုတာ မကြားဘူးပါဘူး။ ဒီမြို့သား မှန်ရင် တစ်နေ့နှစ်ခါတော့ ရေဝဝ ချုးိနိုင်ပါတယ်။ ဆောင်းတွင်းတော့ မချိုးဘူးပေါ့ဗျာ။ ဘာရေသန့် ဟုတ်လား။ ကျုပ်တို့ငယ်ငယ်ကတော့ ရေသန့်တွေဘာတွေကြားဘူးပေါင်ဗျာ။ ကြည်နေရင်သန့်တာဘဲ။ မြစ်ရေကတော့ နီတီတီ နောက်ချင်ချင်ရှိတော့ ရေအိုးထဲကျောက်ချဉ်လေးထည့်ထားလိုက် သူ့ဖာသာသူ အနယ်ထိုင်သွားတာပါဘဲ။ အဝီစိရေကတော့ ပေါ့ရွှတ်ရွှတ်။ ကျုပ်တို့လို […]


       “တန်ဘိုးမျှ၏ …………မမျှ၏။ အချိုးညီ၏ ……………မညီ၏”   ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျနော်ရုံးမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းလေးတွေ ကျပ်နှစ်သိန်းတန် ဟန်းဖုန်းသွားဝယ်ကြပါတယ်။ နံပါတ်မရွေးဘဲယူလာတော့ နှစ်သိန်းကို နှစ်ထောင်ရော့နဲ့ရလာခဲ့ပါသတဲ့။ ဒီဟန်းဖုန်းတွေအကြောင်းပြောရရင် ဟိုးရှေးက အကြောင်းလေးတစ်ခုပြန်သတိရပါတယ်။. တစ်ခါက နိုင်ငံခြားက ဝတ္တုရေးသူတစ်ယောက်က သူ့ဇာတ်ကောင်က ဖုန်းပြောရင်း ဟိုတယ်ထဲ ကိုဝင်လာတယ်လို့ရေးမိလို့ သဘာဝနဲ့ကင်းလွတ်တယ်ဆိုပြီး ဝေဖန်ရေးဆရာတွေလက်ချက်မှာ အလူးအလဲအဆော်ခံလိုက်ရပါသတဲ့။ ဟော…………………အခုသူပြောတာက ကွက်တိကိုမှန်နေပြန်ပါရောလား။ လမ်းလျှောက်ရင်း အိမ်ထဲနေရင်း ကားစီးဆိုင်ကယ်စီးနေရုံတင်မက အိမ်သာထဲရေချိုးခန်းထဲထိတောင်ပြောလို့ရနေတာကိုးဗျ။ ဒီလက်ကိုင်ဖုန်းလေးတွေမပေါ်ခင်က မန်းလေးမှာ “ကော်တလက်”ဆိုတာလေး အရင်စကိုင်ကြပါတယ်။ အတော ်လေးလေး ရှည်ရှည်ကြီး။ အဲသဟာကြီးခါးကြားထိုးထားရင်ကို ဂုဏ်ရှိနေသလိုလို။ နောက်တော့ “ဆယ်လူလာ”ဆိုတာကြီးပေါ်လာပါတယ်။ လက်ဖက်ရည်တစ်ခွက် 100ကျပ်လောက်ခေတ်မှာဖုန်းတစ်လုံးကို သိန်းလေးငါးခြောက်ဆယ်။ အဲတော့လူတိုင်းဘယ်ကိုင်နိုင်မလဲ။ တကယ့်သူထိန်းတို့ဘောစိ တို့မှကိုင်နိုင်တာပါ။ နောက်အဲသဟာကြီးကိုင်ဘို့ အခွင့်ရှိတဲ့လူနည်းစုရယ်ပေါ့။ အကြီးကလဲ အကြီးကြီး ရန်ဖြစ်လို့အဲဒါနဲ့ထုရင်တောင်မူးမေ့သွားလောက်တယ်။ […]


           “မောနင်း………မောမောင်း…………..”(အပိုင်းနှစ်)                      (မောမောင်းသို့အပြောင်း)       ^^^^^^^^^^^^^^^^^^^^ *^^^^^^^^^^^^^^^^^^^^^*^^^^^^^^^^^^^^^ ကျနော်တို့အိမ်ထောင်သက် ငါးနှစ်လောက်အထိ မောင်ဗမာစက်ဘီးအပြာလေးနဲ့ပါဘဲ။ နှစ်ယောက်ပေါင်းတစ်စီးပေါ့။ မနက်ဆိုအိမ်က အတူထွက်။ လက်ဖက်ရည်သောက်ပြီးတော့လမ်းခွဲ။ ညနေကျတော့ မဒမ်ပေါက်က ကျနော်ကို လာကြို။ အိုကေလို့ပါဘဲ။ ခက်တာက မောင်ဗမာမိန်းမစီးစက်ဘီးတာယာ ရှားတာပါဘဲ။ ကုန်သွယ်ရေးကလဲထုတ်မပေး။ ထုတ်ပေးပြန်တော့လဲ တိုက်ဆွေးဗိုက်နာဆိုတော့ ခဏလေးနဲ့တာယာကွဲ။ အတော်လေးကို ခက်ခဲ ခဲ့ပါတယ်။ အဲဒီအချိန်မှာ ငွေစက္ကူကို တရားမဝင်ကြေငြာလိုက်တာကစလို့ 8888 အရေးအခင်းဖြစ်ပါတယ်။ အဲတော့ အတော်များများ စီးပွားပျက် စားရေးသောက်ရေးခက်ပေါ့။ ကျနော်သူငယ်ချင်းတစ်ယောက်ကလဲ ငွေရေးကြေးရေးအ တော်လေးအခက်အခဲဖြစ်သွားပါတယ်။ သူ့ မိချောင်းဘီးအနက် ကလေးကို ဇွတ်ရောင်းပါတယ်။ ကျပ်သုံးထောင့်ငါးရာလောက် တန်တဲ့ စက်ဘီးကို သုံးထောင်နဲ့ပေးတာပါ. ကျနော်ကလဲ မောင်ဗမာဘီးကို စိတ်ပျက်နေချိန်ဆိုတော့ ငွေစုစာအုပ်လေးထဲကငွေကိုထုတ် […]


 “သာမညတွေဖယ် လို့ အဓိက ကိုဘဲ တွယ်လိုက် ကြရအောင်ဗျာ”   ပြီးခဲ့တဲ ရက်က ကိုစိန်သော့ က ယာဉ်တို်က်မူ့နဲ့ပါတ်သက်တဲ့ပိုစ်လေးတစ်ခုတင်လာပါတယ်။ ဖတ်ပြီးသဘောကျ ဒါမျိုးတွေအများကြီးရှိတယ်ရေးသင့်တယ်ပေါ့။ တစ်ရက်တော့ ကျနော့် ဆီကို လူတစ်ယောက်ကဖုန်းဆက်လာပါတယ်။ တွေ့ချင်လို့ ပါတဲ့ ။ အကျိုးအကြောင်းမေးကြည့်တော့ သူနစ်နာတာကိုပြောပြချင်တာရယ် သူ့ဖြစ်ခဲ့တာကို အင်တာနက်မှာတင်ပေးဘို့ရယ်ပေ့ါ။ သူဆက်လာတဲ့အချိန်က ကျနော့်အလုပ်ချိန်ဖြစ်နေတော့ နောက်နေ့တွေ့ဘို့ချိန်းလိုက်ပါတယ်။ သူကားအက်ဆီဒင့်ဖြစ်တာ အလျော်လဲမရ ပိုင်ရှင်ကလဲ လာမတွေ့ သူ့မှာနစ်နာလို့ပေါ့။ ကျနော်က အချက်အလက်အထောက်အထားယူခဲ့ပါ မှန်ကန်တယ်ဆိုရင်ရေးပေးမယ်လို့ ပြောလိုက်ပါတယ်။ သူက တနင်္လာနေ့တွေ့မယ်ဆို ပြီး သူက ချိန်းလိုက်ပါတယ်။ တွေးကြည့်မိတော့ ကိုယ်က အမူ့ပွဲစား များဖြစ်နေပြီလားပေါ့။ သူနဲ့ချိန်းတဲ့နေ့မတိုင်ခင်တစ်ရက်မှာ ထပ်ပြီးဖုန်းဆက်လာပါတယ်။ တွေ့ချင်တယ်ပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း အသိတစ်ယောက်နဲ့ 22စီလမ်းက လက်ဖက်ရည်ဆိုင်မှာချိန်းထားတော့ အဲဒီကိုလာခဲ့ဘို့မှာလို်က်ပါတယ်။ […]


“မစွဲစကောင်း ……….စွဲစကောင်း………………”(တရားရုံးရဲ့အကြောင်း)   ပြီးခဲ့တဲ့ဥပုဒ်နေ့က ကိုအောင်မောင်းနဲ့ လက်ဖက်ရည်ဆိုင်ထို်င်ဖြစ်ကြပါတယ်။ မတွေ့တာကြာတော့လဲအကြောင်းအရာစုံပြောမကုန်နိုင်ပေါ့။ ပြောကြရင်းနဲ့ ကိုအောင်မောင်းက သူတို့လုပ်ငန်းတင်မှာမကဘဲလုပ်ငန်းတော်တော်များများ မှာ အကြွေးတောင်းမရတာတွေ အကြွေးဆုံးတာတွေ ဆိုင်ပိတ်ပြေးတာတွေ ပိုပိုများများလာ တာကိုပြောပြပါတယ်။ လက်ရှိအနေအထားအတိုင်းပြောရမယ်ဆိုရင် ကျနော်တို့မန်းလေးမှာရောင်းကြဝယ်ကြတာအားလုံး အကြွေးစနစ်တွေချည်းပါဘဲ။ မြို့ထဲကဆိုင်တွေရော နယ်သမားရော အကြွေးချပေးမှရောင်းရတာပါ။. လက်ငင်းဆိုတာ စူပါမတ်ကက်ကြီးတွေဘဲ ရပါတယ်။ ရပ်ကွက်ထဲက လက်လီဆိုင်လေးတွေတောင်မှ ထိုက်သင့်သလောက်အကြွေးပေးရပါတယ်။ ပစ္စည်းတစ်ခုထဲကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေပေါလာတော့ ဈေးကွက်လုတဲ့တိုက်ပွဲက ပိုမိုပြင်းထန်လာပါတယ်။ အဲတော့ အပြိုင်အဆိုင်ဈေးလျော့ပြီး အလုအယက် အကြွေးပေးကြပါတယ်။ ကုန်ကြွေးကို တစ်ပတ်ဆယ်ရက်ကနေ အရေအတွက်များများယူရင် လနဲ့ချီပြီးပေးထားကြပါတယ်။ ရောင်းသူတွေက ဝယ်သူတွေကို  အဲဒီလို အလိုလိုက်တော့ “ဘာဝယ်ဝယ်အကြွေးရမှ “ဆိုတဲ့စနစ် ကြီးက အလိုလိုအတည်ပြုပြီးသားဖြစ်သွားပါတော့တယ်။   @@@@@@@@@@@@@@@  @@@@@@@@@@@ @@@@@@@@@@@@ အဲလို အကြွေးလွယ်လွယ်ယူလို့ ရတယ်ဆိုတော့ကုန်သည် […]


“နှစ-်လေး-နှစ်-သုံး-နှစ် ဒီအတိုင်းဘဲဆော်ခဲ့ကြတယ်ဗျာ”   ပြီးခဲ့တဲ့တစ်ရက်က ရွာထဲက လုလင်လေးက ဖုန်းဆက်လာပါတယ်။ သူမန်းလေးကိုရောက်နေတယ်တဲ့။ သူ့ကိုမေးကြည့်တော့ နေပြည်တော်က အပြန်မှာ မန်းလေးလာပြီးဓါတ်ပုံလာရို်က်တာလို့ပြောပါတယ်။ သူဆက်တော့ညနေလေးနာရီကျော်ကျော်လောက် ကွျဲဆည်ကန်ကားဝင်းတော့ရောက်ပြီဆိုပါတယ်။ နောက်သူတည်းအိမ်ရောက်တဲ့အချိန်ကျရင် ပြန်ဆက်မယ်လို့ပြောပါတယ်။ ခန့်မှန်းခြေ ညနေခြောက်နာရီလောက်မှတွေ့မယ်လို့ပြောပါတယ်။ အဲတော့ မန်းလေးက ရွာသားကြီးရွှေမင်းသားနဲ့ကိုစိန်သော့ကိုဖုန်းဆက်ရပါတယ်။ လုလင်မောင်လာပြီပေါ့။ ရွှေမင်းသားကတော့ စားသောက်ဆိုင်တစ်ခုမှာထမင်းစားရင်းစကားပြောဘို့ ချိန်းထားလိုက်ပါ။ သူလဲအလုပ်ကစ္စတစ်ခုဖြတ်ပြီးရင်လာခဲ့မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ မင်းလုလင်က ဖုန်းဆက်လာချိန်မှာတော့  မြောက်ကျုံးဒေါင့်နားမှာတည်းတဲ့ လုလင်ကို ကျနော်က သွားခေါ်ပြီးရွှေမင်းသားနဲ့လှမ်းချိန်းလိုက်ပါတယ်။ သူရောကိုယ်ရော  ပြန်လို့သွားလို့လွယ်တဲ့ ရွှေဘဲမှာထမင်းသွားစားကြပါတယ်။ ထမင်းဆိုင်ရောက်မှ ကိုစိန်သော့ကိုလှမ်းချိတ်မယ်လုပ်တုန်းသူ့ဆီကဖုန်းဝင်လာပါတယ်။ သူမလာတော့ဘူး နောက်နေ့အစီအစဉ်တွေ ချိန်းထားပါလို့ပြောပါတယ်။ သူ့အလုပ်မပြီးသေးတော့ ထမင်းစားတဲ့ဆီကို လိုက်မလာတော့ပါဘူး။ ထမင်းစားရင်း အစီအစဉ်တွေဆွဲကြပါတယ်။ နက်ဖြန်…………………လုလင်က အမျုးိတွေသွားတွေ့မယ်။ သန်ဘက်ခါ အင်းဝ။ နောက်ရက် တောင်သမန်။ နောက်ရက်မန်းလေးတောင် ………..ပုသိမ်ကြီး […]


“အလေးးထား၏……….. မထား၏ ။ခွင့်လွှတ်တတ်၏………… မတတ်၏” (4-1-2012)နေ့ မနက်မှာ ကျနော်ရန်ကုန်ကိုရောက်လာပြန်ပါတယ်။ မနှစ်ဇူလိုင်လ လာတုန်းက တူမလေးမင်္ဂလာဆောင်ကိုလာရသလို ဒီတစ်ခေါက်ရန်ကုန်ကိုလာရတာလဲ မင်္ဂလာဆောင် လာရတာပါဘဲ။ အဲတော့ ရန်ကုန်ကိုလာတိုင်းမင်္ဂလာဆောင်နဲ့ပါတ်သက်နေပြန်တာလဲ တိုက်ဆိုင်မူ့တစ်ခု။ မင်္ဂလာဆောင်ရှိမှဘဲရန်ကုန်လာရသလိုဖြစ်နေတော့ နောက်တစ်ခါရန်ကုန်လာချင်ရင် ရွာထဲကလူတွေကို အစွံထုတ် သူတို့ မင်္ဂလာပွဲကိုအကြောင်းပြုလို့ လာရရင် သိပ်ကောင်းမှာဘဲလို့ ချွန်တွေးလေး တွေးမိပါသေးတယ်။   ခက်တာက ရန်ကုန်မင်္ဂလာဆောင်ပွဲကိုတက်ဘူးတာ အခုတစ်ခါနဲ့မှာ နှစ်ကြိမ်။ တူမလေးတုံးက မင်္ဂလာဆွမ်းကြွေးလိုဘုန်းကြီးကျောင်းမှာဧည့်ခံတာရယ် မန်းလေးစတိုင်နဲ့ ဆိုတော့ သိပ်ပြဿနာမရှိပါဘူး။ ဒီနေရာမှာပြောရရင် မန်းလေးစတိုင်ကတော့ ဖိတ်ထားတဲ့အချိန်အတွင်းမှာ ကြိုက်တဲ့အချိန် ကိုလာ လက်ဖွဲ့ ချပေးတာ စားသောက်ပြီးရင် ပြန်ချင်ပြန် ရတယ်။ သတို့သားသတို့သမီးနဲ့တွေ့ချင်ရင်နောက်ကျမှလာ ကိုယ့်မှာ အချိ်န်မအားရင် အားတဲ့အချိန်လာ ဘယ်သူ့မှစောင့်စရာမလိုပါဘူး။ ရန်ကုန်ကတော့ မင်္ဂလာအခမ်းအနားကို ကျင်းပပြီးမှဝါးတီးလုပ်ရတယ်လို့တော့ကြားထားဘူးပါတယ်၊ အခုမင်္ဂလာဆောင်က […]


“ဘယ်သူ့ကြောင့်လို့ပြောချင်ပါသလဲ” ကျနော်ဒီနေ့မနက်အလုပ်လာတော့ 85လမ်းဘက်နေလာဖြစ်ပါတယ်။ အဲဒီမှာ85လမ်းနဲ့36လမ်းဒေါင့်ရောက်တော့ လမ်းအနောက်ဘက် က ဘုန်းကြီးကျောင်းနံဘေးမှာ အမိူက်ပုံလေးကို မြင်လိုက်ရပါတယ်။ အမိူက်ပုံအနောက်မှာတော့ “အမိူက်မပြစ်ံရ”ဆိုတဲ့စာတန်းကြီးကပြူးပြဲလို့။ လူတစ်ယောက်က ဘုန်းကြီးကျောင်းအုတ်တံတိုင်းကို သာယာစိုပြေရေးတွေဖန်တီးလို့။   အမိူက်မပစ်ရလို့ ရေးထားတဲ့စာကလဲထင်းလို့။ အမိူက်တွေကလဲပုံလို့။ အဲဒီမှာဆက်စဉ်းစားစရာလေးတွေပေါ်လာပါတယ်။   (1) ဒီရေးထားတဲ့ဆိုင်းဘုတ်ကို မမြင်လို့လား (2) ဘာတွေရေးထားထား အရေးစိုက်စရာမလိုဘူး ဆိုင်းဘုတ်ထောင်တာ သူ့အလုပ် အမိူက်ပစ်တာ ငါ့အလုပ်လို့ သတ်မှတ်လို့လား။ (3)ထိရောက်စွာအရေးယူမည်ဆိုပေမယ့် ဘယ်တော့မှအရေးမယူလို့လား (4)မန်းလေး စည်ပင်သာယာကဘဲ အမိူက်ပစ်စရာနေရာ သတ်မှတ်ပေးမထားလို့လား (5) စာလုံးပေါင်းမှားများနေလို့ ဘဲလား (6) တချို့လူတွေပြောသလို ဆန့်ကျင့်တာဘဲလား ဆိုပြီးအတွေးတွေပွားမိပါတယ်။ ဒီလိုအတွေးပွားမိတော့ နောက်ဆုံးတော့ ပိန္နဲပင်ကြီးဘဲ ခဲနဲ့အထုခံရတော့မှာကိုမြင်နေမိပါသေးသဗျာ။     ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး […]