အား နေ တော့ လုပ်စရာ မရှိ ရိုက်စရာ မရှိ အဲတော့ လမ်းလျောက်ရင်းတွေ့သမျကို ရိုက်မိတာပေါ့ ကြည့် တော် မူ ကြပ ါ                        


          21 အရှေ့တလွှားမြင်ကွင်း ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ       စစ်ကိုင်းတောင်လို့ပြောလိုက်တာနဲ့ ဆွမ်းဦးပုညရှင်ကိုပြေးမြင်မိတာအမှန်ပါဘဲ။ ဒီဆွမ်းဦးပုညရှင်ရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်မှာမြစ်ပြင် ရွှေတောင်ဦးမော် မြောက်ဘက်ကိုကြည့်ရင်ရှင်ဖြူရှင်လှနဲ့ဥမင်ကိုးဆယ်။ တောင်ဘက်ကိုကြည့်မယ်ဆိုရင် အင်းဝဘက်ကမ်း အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ကောင်းမူ့တော် သီတဂူ ဆင်များရှင် ငါးထပ်ကြီး အစရှိတဲ့ဘုရားများအပြင် စစ်ကိုင်းတံတား(ခ)အင်းဝတံတားဟောင်းနဲ့ဧရာဝတီ တံတား အသစ်ကြီးကိုနှစ်စင်းယှဉ်လျက်တွေ့နိုင်ပါသေးတယ်။ ရှေးကတည်းက စာဆိုရှိခဲ့တာတော့ ဆွမ်းဦးပုညရှင်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ဆွမ်းဦးအောင်ကပ်လို့မရ။ မနက်ဘယ်လောက်စောစော ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားဘူးခဲ့ရ။ ဝါဆိုလပြည့်နေ့တိုင်းမှာဘုရားပွဲကျင်းပလေ့ရှိပါတယ်။   ဟိုအရင်ကဆိုရင်တော့ စစ်ကိုင်းတောင်ကို ခြေလျင်တက်ကြရပါတယ်။ မန္တလေးကထိန်နဲ့စစ်ကိုင်းတောင်ခွဲခြားလို့မရတဲ့အချိန်များမှာတော့ တန်ဆောင်မုန်းလပြည့်မတိုင်ခင် အဖိတ်နေ့ညများမှာ ဒီဆွမ်းဦးပုညရှင်အရှေ့ဖက်ရင်ပြင်ကနေ လရောင်အောက်က ဧရာဝတီမြစ်ညရူ့ခင်းကိုခံစား တတ်ကြပါတယ်။ မြစ်မင်းက တငြိမ့်ငြိမ့် သူ့ကျောပေါမှာ မီးဖောင်လေးတွေမျောလျက်။ […]


                    “သူတို့ဆီအရောက်…………(ကျယ်ဂေါင်)သို့အဝင်”     ထမင်းစားပြီးကွတ်ခိုင်ကထွက်လာတဲ့အခါ ပိုသာယာလာသလိုပါဘဲ၊ တောင်တန်းတွေရဲ့ရင်ခွင်ထဲကို ဝင်ပြီးလမ်းကလေးတွေဖောက်ထားပါတယ်။ တောင်ပေါ်အရောက်အောက်ပြန်ငုံ့ကြည့်တော့ ဖဲကြိုးလေးကို ချထားသလို မြင်ရ။ မိုးတိမ်ခိုး  မှောင်မှောင်က တောင်ရဲ့အထက်မှာစီးမိုးလို့နေပါတယ်။ ညနေပိုင်းရောက်လေ မိုးတိမ်ညိုတွေက များလာပါတယ်။ အဆင့်ဆင့်အထပ်ထပ် တောင်ကုန်းတွေပေါ်မှာတော့ နေအလင်းရောက်ရနေတဲ့အပိုင်းက အစိမ်းလွင်လွင် တိမ်အုပ်ကြောင့်အရိပ်ကျနေတဲ့ အပိုင်းက အစိမ်းညို့ညို့။ တစ်နေရာအရောက်မှာတော့ စိမ်းမြတဲ့အလယ်က မြေနီလမ်းကလေး….. (ဒီအချိန်တွေဆို အမြဲတွေ့နေကျပါ…………….. မြေနီလမ်းကလေးကို မင်းသတိရပါ……………………………….)ဆိုတဲ့ ဘိုဖြူသီချင်းက ရင်ထဲကိုအပြေးအလွှား ရောက်လာပြန်ပါတယ်။ ဒီနေရာလေးရောက်တော့ လမ်းနံဘေးမှာ လယ်တဲလေးတွေ တွေ့ရတာစိတ်လာပါတယ်။ လူနေအိမ်ခြေနဲ့နီးတဲ့တစ်နေရာမှာတော့ ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ လုပ်ငန်းခွင်လေးကိုလှမ်းမြင်ရပါတယ်။ ဒီတစ်ခါတင်ထားကြတာကတော့ မီးသွေးအိတ်တွေပါ။ အတော်လေးသွားမိတော့ လမ်းမှာကားတွေတန်းစီရပ်နေပါတယ်။ […]


                            ဘော်ကြို-ဒုဋ္ဌဝတီ-မန်ဆူမှသည်………….(သူတို့ဆီသို့အသွားအပိုင်းနှစ်)     ကျနော်တို့ကားကလေးက ကောက်ကွေ့တဲ့လမ်းကလေးမှာတရိပ်ရိပ်ပြေးနေပါတယ်။ ပူပြင်းခြောက်သွေ့တဲ့အရပ်ကလာသူ ကျနော့်အဘို့တော့ မြင်မြင်သမျှတွေက မျက်စေ့အေးစရာ။ လမ်းဘေးဝဲယာမှာရှိတဲ့ပြောင်းခင်းစပါးခင်းတွေကလဲ စိမ်းဝါနှောလို့ လှပ။ လမ်းတစ်လျောက်အိမ်စဉ် ရွာစဉ်မပြတ် ဆိုတော့ တိုးတက်ပြောင်းလဲလာတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်။ ဒါနဲ့ဘဲကားကလေးက ကျောက်မဲမြို့ကို ဖြတ်လာပါတယ်။ ကျောက်မဲမြို့အထွက်မှာတော့ နဂါးမောက်သီးပင်တွေကို အုဌ်စင်နဲ့တန်းစီပြီးစို်က်ထားတာကိုတွေ့ရပါတယ်။ လမ်းဘေးက မြင်ကွင်းတွေကိုငေးနေရင်း စိတ်တွေက ပျံ့လွင့်နေရင်း မီးရထားကုန်းကျော်တစ်ခုကိုရိပ်ကနဲ့မြင်လိုက်တော့မှ ဓါတ်ပုံရိုက်ဘို့ သတိရမိပါတယ်။ လှမ်းရိုက်လိုက်ပေမယ့် မမှီတော့ပါဘူး။ နာမယ်ကျော် ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်တဲ့ ကျောက်မဲအကျဉ်းသား ရုပ်ရှင်ဇာတ်ဝင်ခန်းမှာပါဘူးတဲ့ ဝင်းဦး ခုန်ချဘူးတဲ့တံတားလေးပါဘဲ။ အဲဒီရုပ်ရှင်ထဲမှာ ဝင်းဦးပြောခဲ့တဲ့”ဒုဌဝတီမြစ်ရေကို သောက်မိရင် […]


          “ကျောက်ပန်းဆွဲများနှင့်ဆင်းတုတော်ံ”(အပိုင်းနှစ်)     ဝင်္ကပါထဲကိုရောက်သွားပြီးဓါတ်ပုံတွေတဖျပ်ဖျပ်ရိုက်နေပါတယ်.။ ကွေ့ကောက်ရှုပ်ထွေးသောလမ်းကလေးကနေအပေါ်ကိုရောက်မှန်းမသိရောက်။ အောက်ကိုပြန်ဆင်းလို့လာမိပါတယ်။ အောက်ရောက်တော့ ဘုရားများကြားကနေဖြတ်ရင်း ဖြတ်ရင်း ဝင်ပေါက်ကိုပြန်ရောက်လာပါတယ်။ ဝင်ပေါက်အောက်ဖက်ကိုကြည့်လိုက်တော့ ဝင်ပေါက်လမ်းလေးတစ်ခု။ အဲဒီလမ်းလေးအတိုင်းဝင်သွားလိုက်တော့ နောက်ထပ်ဂူအကျယ်ကြီးတစ်ခုထပ်တွေ့။ အထဲမှာဝင်ကြည့်တော့ရေတွေစိုရွှဲလို့ချောနေပါတယ်။ မလဲအောင်ဂရုစိုက်။ မဒမ်ပေါက်ရှာကြည့်တော့မတွေ့။ အထဲမှာတော့လှပတဲ့ကျောက်ပန်းဆွဲတွေ ကျောက်တိုင်တွေထပ်တွေ့။ အဲဒါနဲ့မဒမ်ပေါက်ကို အပြင်ထွက်ရှာတော့ ခုံပေါ်မှာထိုင်နေတာတွေ့။ သူ့ကိုခေါ်ပြီးအထဲပြန်ဝင်တော့ ဒီပုံတွေကိုရလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ (30-5-2012)


      20 နံရံပေါ်မှာအဆင့်ဆင့်တည်ထားတဲ့ဆင်းတုတော်များ “ရွှေဥမင် အတွင်းပိုင်းတစ်ံ”   ဓါတ်လှေခါးကဆင်းပြီးတဲ့အခါမှာ အပေါ်တက်တဲ့လှေခါးလေးတစ်ခုတွေ့ရပါတယ်။ လှေခါးလေးအတိုင်းတက်သွားတဲ့အခါမှာတော့ စေတီလေးတစ်ဆူ။ ဘုရားရှိခိုးနေသူလဲရှိ။ လူလတ်ပိုင်းတစ်ယောက်ကတော့ ဘုရားဖူးလာသူအမျိုးသမီးနှစ်ဦးကို ဘုရားသမိုင်းကြောင်း ကိုရှင်းပြလို့နေပါတယ်။ ဘုရားအတွင်းက နံရံအောက်ခြေကစလို့ ဂူအမိုးထိတိုင်အောင်သဏ္ဍာန်အမျိုးမျိုးသောဆင်းတုများနဲ့ ပြည့်လို့နေပါတယ်။. နေရာအနှံ့မှာ ဆင်းတုတော်တွေရှိနေပါတယ်။ စေတီလေးကနေ အနောက်ဖက်ကို ထွက်လိုက်တဲ့အခါ ဝင်္ကပါလမ်းကလေးကိုတွေ့ရပါတယ်။ မျက်နှာချင်းဆိုင်တည်ထားတဲ့ ဆင်းတုတော်တွေကြားမှာ လူတစ်ယောက်သွားသာရုံလမ်းကလေး လုပ်ပေးထားပါတယ်။ ဒီလမ်းကလေးအတိုင်းကွေ့လိုက်ကောက်လိုက် လိုက်သွားရင်းကနေ အပေါ်ဘက်ကို ရောက်မှန်းမသိရောက်သွားပါတယ်။ အပေါ်မှာလဲ ဆင်းတုတော်ပုံစံမျုိုးစုံကိုဖူးမြင်ရပါတယ်။ ကျနော့်အဘို့တော့ မြင်မြင်သမျှဓါတ်ပုံရိုက်ချင်စရာချည်းပါဘဲ။ ကဲ ဖူးလိုက်ကြပါအုံးဗျာ။   ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (30-5-2012)          


      “ပင်းတယက ရွှေဥမင်သဘာဝလိူဏ်ဂူတော်သိုံ့”   အောင်ပန်းမြို့နဲ့ 24မိုင်လောက်သာဝေးတဲ့ ့ပင်းတယကို ပထမအကြိမ်တုံးကလဲမရောက်ခဲ့ပါဘူး။ ကိုယ်တည်းတဲ့တည်းခိုခန်းရှေ့မှာ ပင်းတယသွားတဲ့ကားတွေရပ်ပေမယ့် မိုးတွင်းဆိုတော့ မသွားဖြစ်ခဲ့ပါဘူး။ မိုးတွင်းမှာရေကျော်တဲ့နေရာလေးတစ်ခုရှိတယ်ပြောကြလို့ပါ။ ကျနော်က အလုပ်တစ်ဖက်နဲ့လာသူဆိုပြန်တော့ အချိန်လုပြီးသွားရတော့ လမ်းခရီးမှာကြ့န့်ကြာလို့ မဖြစ်ပါဘူး။   ဒီတစ်ခေါက် အဖော်လဲပါတော့ ပေါင်းသုံးယောက်။ ဗင်ကာ်းလေးငှားတော့ အသွားအပြန်သုံးသောင်းနဲ့တည့်သွားပါတယ်။ ဒါနဲ့ဘဲ မနက် 7နာရီလောက်မုန့်စားပြီထွက်ခဲ့ပါတယ်။ အောင်ပန်းမြို့မြောက်ဘက်လမ်းကနေထွက်လို့မြို့ကိုလဲလွန်ရော ထင်းရူးပင်ပေါက်တွေစတွေ့ရပါတယ်။ နောက်တော့ တဖြည်းဖြည်းလွင်ပြင်ဆန်လာပါတယ်။ ထွန်ယက်စလယ်ကွင်းတွေများပါတယ်။ အခုမှနွေအစကိုးဗျာ။ မိုးသာဆိုရင်စိုက်ပျုိုးထားတဲ့အပင်တွေစိမ်းစိုစိုနဲ့ပိုလို့လှမယ်ထင်မိပါတယ်။ လမ်းတစ်နေရာမှာတော့ လုပ်ငန်းခွင်ဆင်းနေကြတဲ့လယ်သမားတွေလယ်သူမတွေကိုတွေ့ရပါတယ်။ ကားအမြန်နုုန်းမြင့်တော့ ဓါတ်ပုံရိုက်ဘို့မလွယ်ကူပါဘူး။ လမ်းမှာညောင်ပင်ကြီးတွေလဲ တွေ့ခဲ့။ သာယာလှတဲ့ရေကန်ကြီးတစ်ကန်လဲတွေ့ရဲ့။ ဒါပေမယ့်ဓါတ်ပုံရိုက်ခွင့်မကြုံ။ ဒီလိုဘဲ လမ်းမှာတွေ့သမကိုရသလောက်ျလက်ဆော့ရင်း တောင်ကြိးကြီးနဲ့ဘုရားမြင်ရင်ရောက်ပြီလားမေးရတာအမော။ သွားနေရင်းက ကျနော်တို့ကလေးက မြေလမ်းနီနီ ကုန်းဆင်းကြီးဘက်ကို ဦးတည်လိုက်ပါတယ်။ တောင်အဆင်းလမ်းကြီး ကနေလှမ်းကြည့်လိုက်တော့ ကျနော့်မြင်ကွင်းရှေ့မှာ […]


                                        44 အပြန်လမ်းမှာမြင်ရတဲ့ မြင်းမထိကျောက်တောင် “အပြင်သို့အထွက်….မြင်းမထိမှ”   ကျနော် ဟိုရောက်ဒီရောက်ပေါက်ကရတွေးနေတုံး ကျောထဲမှာစိမ့်ကနဲ့ဖြစ်သွားပါတယ်။ ဖြစ်မှာပေါ့ အပေါ်က ကျလာတဲ့ကျောက်စက်ရေက အောက်မှာရှိတဲ့ ကျောက်ဆောင်ကိုထိပြီး ကျနော့်ကိုလာမှန်တော့အေးစိမ့်သွားတာပေါ့။ အဲဒါနဲ့ဓါတ်ပုံဆက်ရိုက်လာတော့ အလည်ခေါင်မှာကျောင်တိုင်ကြီးတစ်ခု။ ဆင်ချည်တိုင်ဆိုလားဘဲ။ ကျောက်ဆင် ကျောက်စိန်ကလပ်ကျောက်မောင်း ကျောက်ခရုသင်း နတ်သမီးနို့သီးသုံးလုံးဆိုပြီး စာလေးတွေ ကပ်ထားတာကိုတွေ့ရပါတယ်။ အဲဒါလေးတွေတွေ့ပြန်တော့ ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်။ အရေးထဲဓါတ်ခဲအားကုန်တော့ နောက်တစ်ခဲလဲ။ အလုပ်တွေရှုပ်နေလိုက်တာ တစ်ယောက်ထဲဆိုတဲ့အသိတောင်မေ့သွားပြန်ပါတယ်။. နောက်တော့ အတက်လမ်းလေးကို ထပ်တွေ့ပြန်ပါတယ်။ လှေခါးလေးအတိုင်းဆက်သွားတော့ သမိုင်းဝင်စေတီအသေးလေးတစ်ဆူကို […]


                          “မြင်းမထိအဝင်…………………..”   မြင်းမထိရောက်အောင်အတော်လေးမောင်းရပါတယ်။ သွားကြတာနှစ်ယောက်ပါ ကျနော်ဆရာသားရယ် ကျနော်ရယ်ပါ။ ဘုရားဝင်းထဲရောက်တော့ ရေသောက်ဘို့ရယ် အဆာပြေစားဘို့ရယ် ဆိုင်ရှာရပါတယ်။ ဘုရားအဝင်ဝမှာ ဆိုင်ကလေးတွေတွေ့တော့ ဝင်ထိုင်.။ စကားဝဲဝဲနဲ့တိုင်းရင်းသူလေးတွေရဲ့ဆိုင်ကလေးတွေပါ။ အအေးနှစ်ပုလင်း ရေနှစ်ဘူးမှာ။ အထဲဝင်မယ်ပြောတော့ မီးပျက်နေပါသတဲ့။ ဒုတ်မီးပါမှ ရမယ်ပြောပါတယ်။ နောက်သူကမှာသေးတယ် “အထဲဝင်ရင်ခေါင်းငုံ့ဝင် ခေါင်းအာလူးဖုသွားမယ်နော်”တဲ့/ သူ့ဘာသာသူပြောရင်းသဘောကျပြိးရီနေပါတယ်။   သူဆီမှာဒုတ်မီးရှိလားမေးတော့ မရှိတဲ့။ အဲဒီမှာကျနော်တို့လို ဘုရားဘူးလာတဲ့ ပအို်ဝ်တိုင်းရင်းသားကြီးတွေက သူတို့ရဲ့ လက်နှိပ်ဓါတ်မီးကိုယူသွားပြောပါတယ်။ ရောက်တုန်းရောက်ခိုက်အေးဆေးဘုရားဖူး စောင့်ပေးမယ် လို့ပြောပါတယ်။ ကျနော်တို့မြို့မှာသာဆို ဒီလိုငှားလို့ဘယ်ရမလဲ။ ဒါနဲ့ဘုရားထဲဝင်တော့ ဖိနပ်ကိုအဝင်ဝက ပန်းဆိုင်လေးမှာထားခဲ့ပါတယ်။ ကျနော်တို့ဝင်မယ်လုပ်တော့ ဘုရားလူကြီးတစ်ဦးကလှမ်းခေါ်ပြီး […]


                “တောင်ပေါ်သားတို့ရဲ့အောင်ပန်းမြို့ကဈေးကလေး………………..”     ကျနော်အောင်ပန်းမြို့ကို 26ရက်နေ့ညနေရောက်ပါတယ်။ ရောက်တဲ့နေ့ညနေကတော့ ဈေးနားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကိုရောက်ပါတယ်။ ညနေမှာတော့ ဈေးက သိပ်မစည်ပါဘူး။ နောက်နေ့မနက်ကျနော် လမ်းလျောက်ထွက်တဲ့အခါ မြို့အနောက်ပိုင်းကို လျျောက်လာခဲ့ပါတယ်။ အောင်ပန်းဘူတာရုံရဲ့အနောက်ဖက်မှာရှိတဲ့ဈေးကို ဈေးလေးလို့ခေါ်ပါတယ်။ ကျနော်လမ်းလျောက်ထွက်တဲ့ မနက်ဝေလီဝေလင်းမှာ ဈေးရောင်းသွားကြမယ့်ဈေးသည်လေးတွေကိုတွေ့ရပါတယ်။ ကုန်သွားတိုက်မယ့် မြင်းလှည်းလေးတွေလည်းမြင်ရပါတယ်။ မြင်းလှည်းဂိတ်ကတော့ ဈေးကြီးကိုသွားတဲ့လမ်းမှာတွေ့ခဲ့ရပါတယ်၊ ဈေးကြီးကတော့ အောင်ပန်း-ပင်းတယလမ်းရဲ့အပေါ်ဘက် တောင်ကုန်းလေးပေါ်မှာရှိတာပါ။ ကျနော်ရောက်တဲ့ရက်က တော့ ဈေးနေ့ဖြစ်နေတော့ဈေးထဲမှာ တိုင်းရင်းသားဈေးသည်လေးတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ကျနော်လဲ အားပါးတရလက်ဆော့တော့တာပေါ့။ ကျနော်ဓါတ်ပုံရိုက်တဲ့အခါမှာ မသိအောင်ရို်က်တာများပါတယ်။ သိသွားရင် သဘာဝကျတဲ့ပုံမရဘဲရှက်ကိုးရှက်ကန်းဖြစ်နေတတ်ကြလို့ပါ.။ နောက် သစ်ခွပန်းရောင်းတဲ့သူကိုလဲမြင်ခဲ့ရပါတယ်။ နောက်ပြန်ခါနီးရက်မှာတာ့ ဈေးတန်းလေးဖြစ်နေတဲ့ ကားရပ်နားစခန်းနားမှာရှိတဲ့ဈေးသည်လေးတွေကိုလည်း မှတ်တမ်းတင်ခဲ့လက်ဆော့ခဲ့ပါသေးတယ်။ လှတာမလှတာ အပထားသူတို့လေးတွေဘာရောင်းနေကြတယ်ဆိုတာ သိအောင်တင်ပြပေးလိုက်ပါတယ.်။   […]


    “မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရွှေတိဂုံက ညောင်ရေသွန်းပွဲတော်” ဒီတစ်ခေါက်ရန်ကုန်ရောက်တော့ ညောင်ရေသွန်းပွဲတော်နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ဒါပေမယ့်လဲကျနော် လူစည်ကားတဲ့နေရာတွေကို မသွားဖြစ်တာတော့ကြာပါပြီ။ ဖြစ်ချင်တော့ ရွာထဲက မိတ်ဆွေတွေနဲ့ဆုံဘို့ချိန်းကြတော့ ရွှေတိဂုံဘုရားမှာ မနက်ပိုင်းဆုံမယ်ဆိုရင်အဆင်ပြေ တယ်လို့သိရပါတယ်.။ နောက်လုလင်နဲ့ကလဲ ဓါတ်ပုံရိုက်ဘို့ ပြောထားတာရှိတော့ လာမယ်ဆိုပြီး ကတိပေးလိုက်ပါတယ်။. အစကတော့ လူစည်ကားတဲ့နေရာကိုမသွားချင်တဲ့ မဒမ်ပေါက်ကို ထားခဲ့ဘို့စိတ်ကူးပါသေးတယ်။ တကယ်သွားမယ့် မနက်ရောက်တော့ မိုးကလေးကလဲအုံ့လို့ရာသီဥတုကောင်းတော့ မနက် ခြောက်နာရီလောက်မှာ ဆူးလေဘုရားကို အရင်ဖူးလိုက်ကြပါတယ်။ ချိန်းထားတာ က ကိုးနာရီဆိုတော့ စောသေးတာနဲ့ကန်တော်ကြီးထဲဝင် ကြာပန်းခင်းကို လက်ဆော့။ အပြွတ် က လှမ်းခေါ်တော့မှ ကန်တော်ကြီးကထွက်လို့ အရှေ့ဖက်စက်လှေခါးကိုလာခဲ့ပါတယ်။ လှေခါးအတက်မှာ ဇီးဖျော်ရည်တစ်ခွက် ကမ်းပေးတာ သောက်ရတာ လမ်းလျှောက်လာရတဲ့ အမောတောင်ပြေသွားပါတယ် အရသာရှိချက်ကတော့……………….။ နောက်တော့ဓါတ်လှေကားနားကိုသွားတန်းစီ ပြီး ရင်ပြင်တော်ပေါါ်တက်ခဲ့ပါတယ်။ အပေါ်ရောက်တော့ […]