မေမြို့ရောက်တုန်းရောက်ခိုက် လမ်းသလားခဲ့သမျှ လက်ဆော့ခဲ့သမျှကို မျှဝေပေးလိုက်ပါတယ်။ အချို့ပုံတွေကတော့ ဖေစ်ဘုတ်မှာတင်ပြီးဖြစ်ပါတယ်။ ကြည့်ရင်း သတိရနိုင်ပါစေ.   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (24-4-2012)


             “တစ်နှစ်တစ်ခါ်ပျော်တဲ့သင်္ကြန်”   သင်္ကြန်ဆိုတာကလဲ တစ်နှစ်တစ်ခါလာစမြဲ။ ကျနော်တို့တစ်တွေကလဲတစ်နှစ်တစ်ခါပျော်စမြဲ။ သင်္ကြန်ဆိုတာနဲ့ ရေပက်ဘို့ သာခေါင်းထဲရှိစမြဲ။ ပက်သူရှိဘို့အတွက်ရေပက်ခံထွက်သူလဲလိုပြီပေါ့။ ဘယ်သူဘာလုပ်ပါ ပြောစရာမလို အလိုလို အဖွဲ့ခွဲ့ပြီးသား။ ဒါပေမယ့်လဲ သင်္ကြန်မှာမပျော်နိုင်ဘဲ ဝမ်းရေးအတွက် လုံးပန်းရသူလဲရှိ။ ဒါပေမယ့် နှစ်သစ်ကူးပြောင်းခြင်းကို အတာရေနဲ့ကြိုဆိုကြရတာပျော်စရာ။ ကဲ……တွေ့သမျှကိုလက်ဆော့လို့ဂေဇက်ပေါ်အရောက်ပို့လိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (14-4-2012)    


                          “ရေချိုးဆင်းချိန်”   ကိုဘအုန်း အိမ်ပြန်အရောက်ရေချိုးမယ်လဲရောက်ရော “နှစ်ပုံးလောက်ဘဲချိုးနော် ရေက တစက်ချင်းဘဲလာနေတာ “လို့ ပြောသံကြားလိုက်ရပါတယ်။ ရေတောင်ခွဲတမ်းနဲ့ချွေတာချိုးနေရတဲ့ဘဝရောက်နေပါပေါ့လားလို့တွေးမိပြန်တော့ ။ ဒုဋ္ဌဝတီမြစ်ကမ်းနံဘေးကရေချိုးဆိပ်မှာ ကလေးလေးတွေရေကူးနေတာကိုပြန်မြင်မိပါတယ်။ သူတို့မှာတော့ကြည်လင်အေးစိမ့်နေတဲ့ရေထဲမှာအားရပါးရ တဝုန်းဝုန်းချိုးနေလိုက်ကြတာ. မနာလိုစရာကြီးဗျာ။. ကဲကြည့်စမ်းပါအုံး………………………     ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (29-3-2012)  


ဒီပုံလေးတွေကတော့ 22-3-2012 နေ့မနက်ခင်းလမ်းလျှောက်ရင်း အမှတ်တမဲ့တွေ့လိုက်ရတာလေးပါ။ တစ်နေရာထဲမှာရိုက်ထားတာပါ။ အပြင်မှာက ဓါတ်ပုံထဲမှာထက်ပိုလှပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ရိုက်တာ နှက်တာမှာ လိုအပ်ချက်တွေရှိသေးလို့ပေါ့။ နောက်လှအောင်ကြိုးစားပါမည်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါ။ (24-3-2012)


 ကြည့်နေမှသူက ပဲတွေများပြီး လှည့်ပါတ်ပြနေတာဗျာ              “မဝေနောက်ကလိုက်ခြင်း(ငါးကလေးများ)”   ဟိုနေ့က မဝေရိုက်ထားတဲ့ငါးလေးတွေမြင်တော့ သူများအိမ်အလည်သွားရင်း လက်ဆော့ခဲ့တာကို သတိရမိပါတယ်။ မဝေက ဒီငါးလေးတွေကိုရိုက်ဘို့ ကိုစိန်သော့ ကို အကြံပေးအရာရှိခန့်ခဲ့တယ်လို့ ပြောထားပြန်ပါတယ်။ ဟိုတစ်ခါ ရှင်ပင်ဆပ်သွားဘုရားသုံးဆင့် တုးံက ကိုစိန်သော့ကအရင် ကျနော်က နောက်ပို့စ်တွေတင်တော့ ကိုစိန်သော့နောက်ကလိုက်ခြင်းလို့ ခေါ်င်းစဉ်ပေးခဲ့ပါတယ်။ အခုလဲ မဝေ ငါးလေးတွေမြင်တော့ မဝေနောက်က လိုက်ခဲ့ပြန်ပြီ။၏ တိုက်ဆိုင်လိုက်တာနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး (14-3-2012)  


             “အနားသတ်တောင်သမန်”   တောင်သမန်အင်းကတော့ နွေမိုးဆောင်းဥတုသုံးပါးလှတယ်လို့ဆိုနိုင်ပါတယ်။ အရင်ကတော့ နွှေဆိုရေခန်းမိုးဆိုရေပြည့် ဆောင်းမှာတော့ စိုက်ခင်းတွေဖြစ်။ အဲတော့ သုံးပန်လှတောင်သမန်လို့တင်စားခဲ့ကြပါတယ်။ တောင်သမန်နဲ့ပါတ်သက်တဲ့သီချင်း ကဗျာ တွေ၊ ဆောင်းပါးတွေ မရေမတွက်နို်င်အောင်ရှိခဲ့ပါတယ်။ အနုပညာသမားများရဲ့ ရင်ကို ခုန်အောင် တဒုန်းဒုန်းထုုနိုင်နှက်နိုင်တဲ့တောင်သမန်ပါဘဲ။ အထက်အညာလာတယ် မန်းလေးကိုလာတယ်ဆိုရင်တောင်သမန်ကိုမရောက်ရင် ပြည့်စုံသောခရီးတစ်ခုမဖြစ်နိုင်ပါဘူး။ ကျနော်တို့ငယ်ငယ်ကလဲ ဒီတောင်သမန်အင်းကို ငယ်စဉ်ကအလည်သွားကြ။ မယ်ဇယ်ပင်တန်းအောက်မှာဆော့ကြ။ အင်းရေစပ်စပ်မှာငါးမျှားကြ။ တက္ကသိုလ်ကျောင်းသားဘဝရောက်ပြန်တော့ သူငယ်ချင်းတွေ ချစ်သူတွေနဲ့ သွားကြ အကြော်ဆိုင်ထိုင်ကြ။ အခုလိုအရွယ်ရောက်ပြန်တော့ လည်း တောင်သမန်ဆိုတာနဲ့စိတ်ထဲမှာပူနွေးလို့လာ ငယ်ကအဖြစ်အပျက်တွေသတိရ။. အရွယ်သုံးပါးမရွေး စိတ်လှုပ်ယှားစေတဲ့တောင်သမန်ပါဘဲ။. အရင်ကတော့ တောင်သမန်ဓါတ်ပုံတွေမြင်တာနဲ့သဘောတွေကျခဲ့ရပါတယ်။ အခုကိုယ်တိုင်ဓါတ်ပုံတွေလက်ဆော့ချိန်မှာတော့ တောင်သမန်ရောက်တာနဲ့ ကင်မရာက အသင့်ပြင်ပြီးသား။ ဓါတ်ပုံရိုက်မယ်ဆိုတာနဲ့တောင်သမန်ကစိတ်ထဲရောက်ပြီးသား။ အဲတော့တောင်သမန်နဲ့ပုံတွေကျနော်အများကြီးရိုက်ဘူးပါတယ်။ ရိုက်တိုင်းလဲလှပသောပုံတွေကိုရပါတယ်။ လှသောပုံတွေရခြင်းရဲ့ လျှို့ဝှက်ချက်ကတော့ ကျနော်ဓါတ်ပုံတွေကို စိတ်ဝင်စားတဲ့၏ ချစ်တတ်လာတဲ့အချိန်ကတည်းက “ဘယ်နားလေးမှာတော့ […]


  မင်းကွန်းမြေမှအပြန်လမ်းက အလွတ်မှားတက်သွားတာ။ အဲဒါနဲ့ မင်းကွန်းမြေမှအခွာဆိုပြီး အသစ်ရေးတင်ပေးလိုက်ပါတယ်။ မင်းကွန်းမြေမှာအပြန်လမ်းက သတ်သတ်တစ်ခုတင်ထားပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (24-5-2012)