“ပိတ်ချင်းမြောင်ဂူအတက်နဲ့အထွက်လမ်း ”   ကျနော်တစ်ယောက်ထဲ ဂူအမြင့်ဆုံးနေရာအထိတက်လာခဲ့ပါတယ်။ အပေါ်ဆုံးမရောက်ခင်မှာအတော်လေးအသက်ရှုကျပ်သလို မတ်စောက်တဲ့လှေခါးအတက်မှာ အတော်လေးမောပါတယ်။ အသက်ရှုမဝလို့ ဟောဟဲလိုက်နေတာ လူမြင်ရင် ရီစရာ။ လူက ဝဝ ကင်မရာပေါက်စနဲ့ ဟိုနားရပ်လိုက် ဟိုအပေါ်တက်လိုက်နဲ့ ဓါတ်ပုံရိုက်နေတဲ့ ကျနော်ကို ကြည့်ပြီး ပြုံးသွားတဲ့တစ်ယောက်ကို မောမောနဲ့မြင်လိုက်ပါသေးတယ်။ အပေါ်ဆုံးရောက်တော့ ဗေဒင်လက္ခဏာဟောတဲ့သူတစ်ယောက်ကိုဘဲတွေ့ရပါတယ်. ကျနော်အစကထင်တာ ဒီအပေါ်ဆုံးရောက်ရင် အခြားတစ်ဖက်က ပြန်ထွက်လို့ရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့် လာလမ်းအတိုင်းပြန်လှည့်ခဲ့ရပါတယ်။ အထွက်ဝမှာတော့ ဒီလမ်းခရီးမှာ ကျနော်ဒုတိယမြောက်အနှစ်သက်ဆုံးပုံလေးတပုံရခဲ့ပါတယ်။ ခံစားမျှဝေလိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


                     “ပိတ်ချင်းမြောင်သဘာဝလှိုဏ်တော်အစ ”   (19-4-2012)နေ့မနက်စောစော 6း30လောက်မှာ တည်းတဲ့အိမ်(စစ်ဆေးရုံနား)ကနေ ပိတ်ချင်းမြောင်ကိုသွားဘို့ ဆိုင်ကယ်နဲ့ မဒမ်ပေါက်နဲ့အတူထွက်လာခဲ့ပါတယ်။ ဒါကမကျေပွဲပါ။ 2010ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တုန်းက တစ်ခါ ဆိုင်ကယ်နဲ့သွားဘူးပါတယ်။ ဆယ်နာရီလောက်ပိတ်ချင်းမြောင်ရောက်တော့ လူတွေလဲပိတ်။ ကားတွေကလဲ အဆင်းနဲ့အတက်ရှုပ်လို့ သုံးထပ်ဖြစ်တာနဲ့လမ်းတစ်ဝက်ကပြန်လှည့်ခဲ့ရပါတယ်။ ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းက အသွားက အဆင်း အပြန်က အတက်ပါ။ အိမ်ကနေထွက်လာလိုက်တာ ပြည်တော်ချစ်ဘုရားကိုကျော်တာနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့ အတော်လေးကိုသာယာပါတယ်။ ကွေ့ဝိုက်ပြီးဆင်းရတဲ့ တစ်နေရာရာတော့ လမ်းဘေးတစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ အဝေးမှာတောင်တန်းတွေနဲ့ကြည်နူးစရာ။   လတ်ဆတ်တဲ့လေကလေးက လဲ တအေးအေးနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ပိတ်ချင်းမြောင်လှိုဏ်ဂူသို့အဝင်ဆိုတဲ့ဆိုင်းဘုတ်ကလဲကျော်ရော လမ်းက လဲ စကြမ်းလာပါတယ်။ မြေကလဲ မြေနီရောင် လမ်းက ကျောက်ကြမ်းလမ်းစလုံးစခုဖြစ်တဲ့အပြင်အဆင်းလမ်းလဲဖြစ်တော့ အတော်လေးသတိထားပြီးမောင်းရပါတယ်။ လှိုဏ်ဂူတော်နား မရောက်ခင်အတော်လှမ်းလှမ်းကတည်းက […]


                   “စိန်ပန်းပြာပန်းမြို့တော်ဆိုတဲ့ပြင်ဦးလွင်”   စိန်ပန်းပြာပင်တွေကို အသေအချာလိုက်ကြည့်မိတော့မှ ပြင်ဦးလွင်တစ်မြို့လုံးမှာစိန်ပန်းပြာတွေဘဲတွေ့နေရပါတယ်။ ကျနော်ကလဲ ခဏလာတဲ့ဧည့်သည်ဆိုတော့ ရောက်တတ်ရာရာလျှောက်သွား။ စိန်ပန်းပြာမြင်ရင်လက်ဆော့။ တွေ့တဲ့လူကလဲ တအံ့တဩနဲ့ကြည့်။ (သူတို့ကမထူးတာကို ကျနော်က အထူးအဆန်းလုပ်နေလို့ပေါ့။) လမ်းဘေးမှာ။ ခြံဝင်းထဲမှာ။ အုတ်တံတိုင်းဘေးမှာ။ ချပ်ကျောင်းထဲမှာ။ မှာ…………………….. မှာ…………………………. မှာ………………………………….. မြင်မြင်သမျှစိန်ပန်းပြာ။ အဲဒီအထဲမှာမှ တပင်လုံးအရွက်မကျန်အောင်ပွင့်နေ. အနောက်ဘက်နေကလဲ ဓါတ်ပုံရိုက်ကောင်းလောက်တဲ့အနေအထား။ ဒါပေမယ့် ခြံတံခါးက သော့ခတ်ထား။ အဝေးကလှမ်းရိုက်ဘို့လဲအဆင်မပြေ။ လိုချင်ရဲ့နဲ့ထားခဲ့ရပါတယ်။ နေရာကတော့ စာပန်းအိမ်ဘော်ဒါနံဘေးမှာပါ။ ကဲ နီးစပ်သူများရိုက်နို်င်အောင် လက်တို့ပေးလိုက်ပါတယ်။ ငယ်တုံးက သီချင်းလေးတပုဒ်ရှိပါတယ်။ “ထင်းရူးမြိုင်ချယ်ရီမြိုင် လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ…………………………”ပါတဲ့။ အမှတ်ရစရာဗျာ…………………..       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး (20-4—2012)    


           “နွေစိန်ပန်းနီနီ……………..အမှတ်တစ်”   သင်္ကြန်ရက်မတိုင်ခင်ကတည်းက မနက်မနက်လမ်းလျှောက်မထွက်တာကြာပေါ့။ သင်္ကြန်တွင်း တစ်တွင်းလုံး လည်းမလျောက်ဖြစ်။ ဒီနေ့နှစ်ဆန်းတစ်ရက်တော့ လမ်းလျောက်ထွက်ဖြစ်အောင်ထွက်မယ်လိုု့ဆုုးံဖြတ်ထားတဲ့အတိုင်း အပျင်းစိတ်တွေကို တွန်းလှန် လို့ မနက်ငါးနာရီကျော်ကျော်မှာ အိမ်ကထွက်လို်က်ပါတယ်။ လှပသော မနက်ခင်းလေးများနဲ့ဝေးတာကြာလို့လားမသိ  မြင်သမျှ သာယာလှပါတယ်။ လျောက်လာရင်းက ဘေးဘက်ကိုမော့်ကြည့်လိုက်တော့ လှလိုက်တဲ့စိန်ပန်းနီနီတွေ။ ဒီစိန်ပန်းနီနီတွေက ကျနော်ငယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့ရတာပါ။ ကျနော်တို့ငယ်ငယ်ကနေတဲ့ အိမ်25လမ်းက အခုအော်တိုဖုန်းရုံး ဆက်သွယ်ရေးရုံးလို့ခေါ်တဲ့ဝင်းကြီး ရဲ့မြောက်ဘက်။ အရင်ကတော့ကြေးနန်းဝင်းလို့ခေါ်ပါတယ်။ အဲဒီဝင်းကြီးထဲမှာ ဘန်ဒါပင်တွေ စိန်ပန်းပင်တွေအများကြီးရှိနေပါတယ်။ ကျနော်တို့ကလေးဘဝ ကျောင်းပိတ်ရက်ဆိုရင် အဲဒီဝင်းကြီးထဲမှာသွားဆော့ကြပါတယ်။ စိန်ပန်းပွင့်တွေကို ခူး။ အရိုးတံကို ယူ။ သားရေကွင်းကို ဘတ်ခွလုပ်လို့ တစ်ယောက်နဲ့တစ်ယောက်ပစ်ပြီး စစ်တိုက်တန်းကစားကြပါတယ်။ မတော်တဆနဲ့များ မျက်လုံးကိုတည့်တည့်မှန်လို့မျက်လုံးတွေယောင်လာရင် လူကြီးတွေမသိအောင်ကျပ်ထုပ်ထိုးလို့ ဒေါက်တာရမ်းကုတွေလုပ်ကြပါတယ်။   မှည့်နေတဲ့ စိန်ပန်းသီး ဝါဝါလေးကိုထက်ခြမ်းခွဲ။ သူ့အထဲမှာ ပါတဲ့ […]


14ကျမက တာလှလားဟင် သင်္ကြန်ကို ဓါတ်ပုံရိုက်တာ ဒီနှစ်က ပထမဆုံးအကြိမ်ပါ။ ကင်မရာရေစိုမှာစိုးတော့ မထိရဲဘူး။ ဒီနှစ်တော့အရဲစွန့်ပြီး ရိုက်ကြည့်မိပါတယ်။ ကျေနပ်ပါ၏။ သင်္ကြန်ပုံတွေကတော့အများကြီး 2012 အတွက် ဒီလောက်နဲတော်ပါပြီ။ နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ဆုတောင်းပါ၏။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲစနက်ရှော့ (17-4-2012) မြန်မာနှစ်ဆန်းတစ်ရက်နေ့


 သင်္ကြန်ပိတ်ရက်အပြင်မထွက်ဘဲ ကွန်ပြူတာထဲက ဓါတ်ပုံဖိုင်တွေရှင်းရင်း လှပကြည်နူးစရာကောင်းတဲ့ပုံလေးတွေတင်ပေးလိုက်ပါတယ်။ ပုံတင်တာတွေများတော့ ထပ်သွားရင်တော့ ခွင့်လွှတ်ပေတော့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (15-4-2012)


               “စိမ်းမြစိုလွင်လောက တစ်ခွင်…………………………………..”   ဒီပုံလေးတွေကတော့ ကျနော်နေရာအနှံ့လျှောက်သွားလို့ရောက်လေရာရာကပုံတွေပေါ့။ စိမ်းစိုနေတာလေးတွေမြင်ရရင် မျက်စေ့အေးသလိုရင်လဲအေးပါတယ်။ အိမ်နားက ကန်တော်ကြီးမှာ။ တစ်လမှတစ်ခါ အင်တာနက်ဘိုးငွေသွားသွင်းရင် မြင်နေရတဲ့ဆွမ်းဟော်တယ်ကသစ်ပင်တွေ။ တစ်ခါတစ်လေနာရေးသွားပို့မှရောက်တတ်တဲ့ မန်းလေးမတ္တရာကားလမ်းမက မြင်ကွင်လေးတွေ၊ ကျုံ့းနံဘေးက မြင်ကွင်းလေးတွေ မျက်စေ့အေးစေဘို့တင်ပေးလိုက်ပါတယ်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (10-4-2012)


           “သင်္ကြန်ကြိုတဲ့ရွှေပိတောက်”   အခုရက်အပျင်းထူပြီးလမ်းမလျောက်ဖြစ်တာကြာပေါ့။ ပိတောက်ပန်းတစ်ခါမှမရိုက်ဘူးတော့ ပိတောက်ပွင့်ရင်ဘယ်လိုဆော်မယ်ဆိုပြီးစိတ်ကူးထားတာ ကိုသော့ကိုပြောပြဘူးပါတယ်။ (642012)နေ့မနက်အိပ်ယာနိုးတော့အိမ်ရှေ့ကနေဖြတ်သွားတဲ့ကလေးလက်ထဲမှာပိတောက်ပန်း။ ခဏနေကိုသော့ဆီက ဖုန်းလာပါတယ်။ “ပိတောက်တွေပွင့်ပြီ”တဲ့။ ကျနော်မှာတစ်ပုံမှမရိုက်ရသေး။ ကိုသော့ကတော့ အပင်မှာကျန်သေးတယ်ဆိုတာနဲ့ ကမန်းကတန်းအပြင်ထွက်။ ရသလောက်လေး လက်ဆော့ခဲ့။ နောက်တော့ တစ်မြို့လုံးလျောက်ကြည့်ရင်းလက်ဆော့။ စိတ်ကျေနပ်လောက်အောင်ရခဲ့ပါတယ်။ ကော်နက်ရှင်မကောင်းတော့ရသလောက်လေးအရင်တင်ပေးပါတယ်။ ဆက်လက်မျှှော်တော်မူကြပါ။ လာအုံးမည်။ ရွှေပိတောက်   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့စနက်ရှော့ (642012)        


                 “ရေတံခွန်စမ်းက အမှတ်တရပုံရိပ်လေးတွေ”   ဒီးဒုတ်ရေတံခွန်ကို အသွားလမ်းရောအပြန်လမ်းရော ရိုက်စရာနှက်စရာတွေကအတော်ပေါပါတယ်။ ကိုသော့နဲ့ကိုလတ်တို့ကရှေ့ကသွား။ ကျနော်နဲ့ဖရဲမက ဒီလမ်းကို အခုမှရောက်ဘူးတော့ ဟိုနားရိုက်ဒီနားရိုက် ရိုက်လို့မကုန်နိုင်အောင်။ နောက် လမ်းတစ်နေရာမှာတော့သူတို့က ရပ်စောင့်။ ရိုက်ကြနှက်ကြနဲ့ပြီးတော့အတူဆက်သွားကြ။ ခဏနေတော့ မီးလောင်နေတဲ့ ကွင်းပြင်လေးရောက်တော့ဖရဲနဲ့ကျနော်တို့က တစ်ခါရပ်။ ဒုဋ္ဌဝတီမြစ်အကွေ့လေးရောက်တော့ တစ်ခါရပ်။ သရက်ပင်အောက်က အိမ်လေးမြင်တော့တစ်ခါရပ်။ ရပ်ရင်းသွားရင်းနဲ့ ရေဆိပ်ရောက်တော့တစ်ခါဆုံကြပါတယ်။ နောက်ရေဆိပ်မှာရိုက်ပြီးတော့ လမ်းကထမင်းဆိုင်မှာတစ်ခါနား။ ပြီးတော့ဆက်သွား။ လမ်းမှာ မတူသောအတွေးတွေနဲ့ ကိုယ်ဘာသာကိုယ်ရိုက်ကြနှက်ကြ။ ပျော်စရာ။ အခုတော့ ပုံတွေပြန်စစ်ပြီးတဲ့အခါ အမှတ်တရပုံရိပ်လေးတွေရလာတာကိုတင်ပေးလိုက်ပါတယ်။ မလှပေမယ့် ဆင်ခြင်စရာ သနားစရာ  ပြုံးစရာလေးတွေလို့စိတ်ထဲမှာခံစား သွားခဲ့ရင်တော်ပါပြီနော်။     ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (2-4-2012)        


               “ရတာနာပုံရွှေမန္တလေးကတော့ 2012 မဟာသင်္ကြန်ကိုကြိုနေပြီနော်………….”   ဒီနေ့မနက်ပိုင်း အလုပ်ကိစ္စနဲ့ နန်းရှေ့ဘက်ကိုသွားရပါတယ်။ 26ဘီလမ်းအတိုင်းအရှေ့ဘက်ကိုသွားတော့ လမ်း80အကျော်ကစပြီး သင်္ကြန်အတွက်မဏ္ဍပ်တွေ ဆောက်နေကြတာကိုတွေ့ရပါတယ်.။ ဟိုနေ့က ဂျာနယ်ထဲမှာလဲ ဒီသင်္ကြန်မှာခါတိုင်းထက် မဏ္ဍပ်အရေအတွက်ပိုများတယ် ဆိုတာကို သိရပါတယ်။ ကျနော်လဲသွားနေရင်းက အမှတ်တရဓါတ်ပုံတစ်ပုံလောက်ရိုက်မယ်ဆို ရိုက်လို်က်ပါတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး………….ဆက်တိုက်လမ်းလျှောက်ရင်း မဏ္ဍပ်တစ်ခုပြီးတစ်ခု ရိုက်လိုက်ပါတော့တယ်။ ကဲ …………ရွာသားများ အားပေးလိုက်ပါအုံး။       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (5-3-2012)  


15 ပြာလဲ့စိမ်းပြာလှိုင်း              “ဒီးဒုတ်ရေတံခွန်စမ်းရေပြာနဲ့ပါတ်ဝန်းကျင်အလှများ”   ဒီးဒုတ်ဂူကိုရောက်လိုက်တာတစ်ခေါက်။ ဓါတ်ပုံတွေတင်လိုက်တာပိုစ်လေးငါးခုမက။ တကယ်ပြောရရင်ရိုက်စရာတွေကလဲများလှပါတယ်။ အဲတော့ရိုက်ခဲ့တာတွေကလဲအများကြီး။ အတူသွားသူငါးယောက်ထဲမှာကျနော်ကလက်အဆော့ဆုံးလို့ထင်မိပါတယ်။ မြင်သမျှကလဲရိုက်ချင်စရာကိုးဗျာ။ ရေတံခွန်မရောက်ခင်ရေသံတွေတဝေါဝေါကြားနေပြီဆိုကတဲ့က စိတ်ကမရိုးမရွ။ အောက်ကိုငုံ့ကြည့်တော့ရေတံခွန်မမြင်ရအောင်အပင်တွေကအုပ်ဆိုင်း။ တကယ်ရေတံခွန်နားကိုအရောက် ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကြီးကိုလဲမြင်ရရော လမ်းမှာ ပင်ပန်းလို့မောနေတာတွေတောင်ဘယ်ပျောက်မှန်းမသိအောင် ဇောတွေကပ် လို့တဖျပ်ဖျပ်နဲ့ပုံတွေနှိပ်မိပါတော့တယ်။ ရေတံခွန်ထဲမှာလဲကိုယ့်ထက်အရင်ရောက်သူကတပုံကြီး။ လူငယ်တွေချည်းပါဘဲ။ ပျော်လို့ပါးလို့ရေကူးကြ ဒိုင်ဗင်ပစ်ကြနဲ့တကယ့်ကိုပျော်စရာ။. အရှေ့ဖက်မှာရော အနောက်ဖက်မှာရော ကျောက်ဆောင်တွေက ဝန်းရံထားတော့အေးမြ။ ရေတံခွန်ကစီးဆင်းလာတဲ့ရေကကြည်လင်စိမ်းမြ။ အစကတော့ရေထဲမဆင်းဘူးလို့စိတ်ကူးပေမယ့် ရေထဲမဆင်းရင်စိတ်တိုင်းကျပုံမရ။ လဲစရာကလဲအပိုမပါ။ နောက်ဆုံးတော့ပေါင်လောက်ရှိတဲ့ရေထဲရောက်သွားတာပါဘဲ။ ရေထဲကနေရိုက်။ ပြီးရင်အလည်ခေါင်က ကျောက်တုံးပေါ်တက်ရိုက်။ ပြီးတော့ အရှေ့ဘက်အစွန်ဆုံးက ဆိုင်ကလေးရှေ့ကကျောက်တောင်အမြင့်ပေါ်တက်ရိုက်။ ဝါးလုံးတန်းလေးကိုကိုင်လို့ပေါ့။ နေပူမှန်းလဲမသိ၊လိမ့်ကျမှာလဲစိတ်ထဲမရှိ။ စိတ်တိုင်းကျရိုက်နှက်ပြီးတော့မှာ ညီလေးဂီရဲ့စကားလေးက ခေါင်းထဲရောက်လာပါတယ်.။ မောထှာ မောထှာအေ…………………………………… မောထှာအေ…………………….. မောထှာအေ…………………………….. မောထှာအေ………………………….. မောလိုက်ထှာအေ……………   အဲတော့ ဒီလှပတဲ့ပုံတွေရလာပါတယ။် […]


               “အမှောင်ဒေါင့်ထဲမှ ချောင်းကြည့်ခြင်း”   ကျောက်တော်ကြီးဘုရားရောက်တဲ့ရက်မှာ ထိုင်နေရင်းက အလင်းတွေအမှောင်တွေကို မြင်တွေ့လိုက်ရပါတယ်။ အဲလို့ အလင်းရောင်သိပ်မရတဲ့နေရာမှာထိုင်နေရင်း ဘုရားဖူးတွေဖြတ်သွားဖြတ်လာ လုပ်တာကို ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေရင်းက အလင်းရောင်အခုံးကြီးရဲ့အလယ်မှာ လူတွေဖြတ်သွားတာကိုလဲမြင်ရော အလယ်တည့်တည့် မိအောင် ဖမ်းပြီးရိုက်ကြည့်ပါတော့တယ်။ မိတာမိ မမိတာမမိပေါ့။ နောက်ဆုံးတော့ မိတာပါဘဲ။ ကြည့်နေရင်း တိုးရစ်အဖွဲ့တစ်ဖွဲ့ဖြတ်သွားတော့ သူတို့ အရိပ်တွေက နံရံမှာကပ်ထားတဲ့မှန်မှာလာပေါ်တာကိုမြင်လိုက်တော့ မှန်ထဲမှာလာထင်တဲ့ အရိပ်ကို မိအောင်ဖမ်းဘို့ အလုပ်ရသွားပြန်ပါတယ်။ မိတာမိ မမိတာမမိ။ နောက်ဆုံးတော့မိတာပါဘဲ။ ကျနော်ပြောချင်တာက ပုံကောင်းလေးတစ်ပုံရဘို့ စိတ်ရှည်လက်ရှည်နဲ့ ပုံပေါင်းများစွာကို ရိုက်ယူရ လက်ဆော့ ရတယ်ဆိုတာကိုပါ။     ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါးလေး။ (24-3-2012)