တူညီ၍ မတူညီသော အလှတရား (ဆွမ်းဦးပုညရှင်-စစ်ကိုင်း) ကျနော်ငယ်စဉ်ကတည်းက နှစ်သက်တဲ့မြင်ကွင်းတွေထဲမှာ စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင်ဘုရားကုန်းတော်ရဲ့ အရှေ့ဘက်ခြမ်းကနေ လှမ်းမြင်နေရတဲ့မြင်ကွင်းတစ်ခုလဲ ပါ ပါတယ်။ တရုပ်စံကားပင်များရဲ့ သင်းပျံ့တဲ့ရနံ့များကလဲ ကျနော်စိတ်ကို ညွှတ်နူးအောင်ဆွဲဆောင်နိုင်ပြန်ပါတယ်။ ကုန်းမြင့်များပေါ်က စေတီပုထိုးများ သူ့ရဲ့အရှေ့က မြစ်မင်းဧရာ နဲ့သဲသောင်ပြင်များ ကို လှပစွာမြင်တွေ့နေရ။ ကြည်လင်သောနေ့များမှာ ဟိုး အဝေးမှာရှိနေတဲ့ မန္တလေးတောင်ကို မပီမသမြင်ရတတ်ပါတယ်။ ရင်ပြင်တော်ပေါ်ကနေကြည့်လိုက်ရင် ကျယ်ပျံ့လွတ်လပ်သောရူ့ခင်းကိုမြင်ရခြင်းက စိတ်ကိုပိုမိုကြည်နူးစေပြန်ပါတယ်။ ကျောင်းသားဘဝကတော့ စစ်ကိုင်းတောင်ဆိုတာ ခြေလျင်တက်ရတဲ့ အရပ်ဒေသ။ မန်းလေးသူမန်းလေးသားများ စစ်ကိုင်းဘက်ကို ကူးပြီး ကထိန်ပွဲတော်ကျင်းပလေ့ရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် အဖိတ်နေ့မှာတော့ အများနည်းတူ စစ်ကိုင်းတောင်ပေါ်ကိုတက် ညလုံးပေါက်လျောက်လည်ခဲ့ရတဲ့ နေ့ရက်များကတော့ ဘဝမှ အမှတ်ရစရာ။ တောင်ပေါ်တက်ရင်းညောင်းတော့ လရောင်ဖြာနေတဲ့ မြစ်ပြင်ပေါ်မှာ မီးထွန်းထားတဲ့လှေငယ်လေးများကထွက်လာတဲ့ မှိတ်တုတ်တုတ်အရောင်လေးတွေကိုကြည့်ရင်းငေးမောခဲ့။ မြစ်ရေပြင်မှာမျောပါလာတဲ့ မီးဖောင်လေးတွေကြည့်ရင်းဘယ်ကိုမှန်းမသိလွမ်းခဲ့ရတာတွေကို ပြန်တွေးမိတော့ ပြန်လွမ်းမိပါတယ်။ […]


  “ပေါက်ပန်းပွင့်ပြီ”     ပြီးခဲ့တဲ့ သုံးလေးရက်လောက်က ၈၄လမ်းအတိုင်း ဆိုင်ကယ်စီးလာလိုက်တာ ဘုရားကြီးစာတိုက်ကွေ့နားလေးလဲ လွန်ရော လမ်းပေါ်မှာ ပေါက်ပန်းပွင့်တွေကြွေနေတာမြင်ရပါတယ်။ အပေါ်မော့်ကြည့်လိုက်တော့ပေါက်ပန်းပွင့်တွေပွင့်နေလိုက်တာများအရွက်မမြင်ရသလောက်။ လှတော့လဲအတော်လေးလှပါတယ်။ မန္တလေးမြို့ထဲမှာကျနော်အမြဲသွားလာနေတဲ့နေရာလေးမှာ ပေါက်ပန်းပင်ရှိတဲ့နေရာက ၈၄လမ်းပေါ်က စာတိုက်ကွေ့နားမှာတစ်ပင်နဲ့ လမ်း၃ဝ ၈၄-၈၅ကြားမှာနှစ်ပင်ဘဲရှိပါတယ်။ ဒီပေါက်ပန်းက တပို့တွဲလမှာပွင့်တဲ့ပန်းပါ။ ဆောင်းအနှောင်းမှာ နွေအစမှာပွင့်တဲ့ပန်းပါ။ သူ့အပွင့်လေးတွေရဲ့အရောင်က သုံးဘီးကားရောင် ဒါမှမဟုတ်ပုစွန်ဆီရောင်ဖျော့ဖျော့။ ကြက်တူရွှေးနုတ်သီးနဲ့သူ့အပွင့်ပုံသဏ္ဍန်ကခပ်ဆင်ဆင်။ အရွက်က အစိမ်းရောင်၊ ပေါက်ပင်ပေါ်များ ကြက်တူရွေးနားနေရင်ခွဲခြားဘို့မလွယ်ပါဘူး။ ဒါကြောင့်မို့လို့လဲ “ပြည်နဲ့အရေးပေါက်နဲ့ ကျေး မင်းရေးသဖွယ်တိမ်တောင်ကျယ်”ရှေးကစာဆိုုရှိခဲ့တာပါ။                 ပေါက်ပန်းတွေလှိုင်လှိုင်ပွင့်တဲ့ဒီလိုအချိန်အခါရောက်ရင် ရန်ကုန်မန္တလေးလမ်းဟောင်း ပေါ်မှာ မြစ်ငယ်တံတားကိုလွန်ပြီဆိုတာနဲ့ပေါက်ပန်းပင်တွေကိုတွေ့ရတော့တာပါဘဲ။ လမ်းဘေးဝဲယာမှာ ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတော့တာပေါ့။ ရာသီက မှုန်ရီရီ လမ်းဘေးက လက်ပံပင်တွေပေါက်ပင်တွေက အရွက်မဲ့ […]


“မြသာလျောင်းနဲ့ရွှေသာလျောင်း”   ထမင်းစားမယ်လို့ ပြောတဲ့အခါ မှာ လမ်းပြ က ဘယ်မှာစားမလဲမေးပါတယ်။ ကျနော်တို့က မသိဘူး ကောင်းတဲ့ဆိုင်တစ်ဆိုင်ဆိုင်ပို့ပေးဘို့ပြောပါတယ်။ ကားလေးကို ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ ကျောင်းတစ်ခုရဲ့နောက်ကျောဘက်ကိုရောက်သွားပါတယ်။ လမ်းမြောက်ဘက်ဘေးမှာ ထမင်းဆိုင်လေးတစ်ခု။ ကားတွေရပ်ထားတာအများကြီး။ ဆိုင်ကလေးက သပ်သပ်ရပ်ရပ်။ ချက်ထားတဲ့ဟင်းတွေက စတီးဇလုံထဲမှထည့်ထားတာ စားချင့်စဖွယ်။ ကျနော်တို့ခြောက်ယောက်စားတာ ဘဲသားဟင်း ကြက်သား ပုဇွန် ငါးအူချက်နဲ့လိုက်ပွဲတွေရယ် ရေသန့်ဘူးတစ်ဘူးအပါအဝင်မှာ 8300ကျပ်ဘဲကျပါတယ်။ အတော်လေးကို တန်ပါတယ်။ ဆို်င်နာမယ်က တော့ ကျနော်အမှတ်မမှားဘူးဆိုရင် “လင်း “ဖြစ်ပါတယ်။ ထမင်းစားပြီးကြတဲ့အခါ မြသာလျောင်းကို သွားကြပါတယ်။ မြသာလျောင်းအဝင်လမ်းမှာတော့တစ်လျောက်မှာတော့ အရုပ်ကြီးတွေနဲ့ ကပြီး အလှူခံတဲ့အဖွဲ့တွေကိုတွေ့ရပါတယ်။ မြသာလျောင်းက တော့ အမိုးအကာမရှိနေပူထီးထီးကြီးမှာတည်ထားပါတယ်။ ရောက်တာနဲ့မထူးဘူးဆိုပြီး ဘုရားရင်ပြင်ပေါ်တက်လို့ဓါတ်ပုံတွေရိုက်ကြပါတယ်။ အရိပ်မရှိတော့ ကြာကြာ မနေနို်င်ပါဘူး။         […]


မြွေဘုရားနဲ့စိန်သာလျောင်း     ကျနော်တို့နဲ့ ဆိုင်ကယ် ကယ်ရီသမားအပေးအယူတည့်တဲ့အခါ သူက မြွေဘုရားကိုအရင်သွားမယ်ပြောပါတယ်။ သူကရွှေမောဓောဘုရားအနောက်ဘက်လမ်းကနေ တောင်ဘက်ကိုသွားပါတယ်။ အတော်လေးသွားပြီးတော့  မြေလမ်းလေးတစ်ခုထဲကိုဆင်းသွားလိုက်ပါတယ်။ အဝေးမှာသစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ပါဘဲ။ တောင်ကုန်းကြီးတစ်ခုရဲ့နံဘေးကနေဖြတ်သွားရတာပါ။ အိမ်ဘုတ်စုလေးတွေဖြတ်ပြီးတော့ အထဲဝင်လိုက်တဲ့အခါမှာ ကြီးမားတဲ့ အုတ်တံတိုင်းကြီးကိုတွေ့ရပါတယ်။ ကျနော်တို့လို့ ဘုရားဖူးလာတဲ့ကားအတော်များများရပ်ထားတာကိုလည်းတွေ့ရပါတယ်။ ထန်းသီးသည်တွေလဲတွေ့ပါရဲ့။ အုတ်တံတိုင်းရဲ့တောင်ဘက်မှာဘုရားတစ်ဆူ။ နေကတော့အတာ်ပူနေပါပြီ။         ဒါနဲ့ဘဲဘုရားဝင်းထဲကိုဝင်လိုက်ပါတယ်။ ဘုရားရဲ့မြောက်ဘက်ဘေးမှာအဆောင်ကြီးတစ်ခု။ အဲဒီထဲမှာ ဆရာတော်တစ်ပါးသီတင်းသုံးနေကြပါတယ်။ ဆရာတော်ကိုဝတ်ပြုသူတွေအများအပြား။ ဘုရားကတော့ အတော်အသင့်မြင့်ပါတယ်။ ဘုရားအောက်ခြေက နတ်နန်းလေးထဲမှာတော့ လူတွေပြည့်သိပ်လို့နေပါတယ်။ အများနည်းတူဝင်စပ်စုတော့ မြွေကြီးထားတဲ့နေရာဖြစ်ပါတယ်။ မြွေကြီးကို စင်ပေါ်မှာတင်ထားပါတယ်။ မြွေကြီးက မှန်နံရံမှာမှီပြီး ပါးပြင်းထောင်ထားတာကို အပြင်ကလူတွေကဝိုင်းကြည့်။ ကျနော်ကတော့ အထဲဝင်ပြီး ဓါတ်ပုံရိုက်ပါတယ်။ မြွေကြီးကို ပိုက်ဆံလှူပြီးဆုတောင်းနေသူတွေကိုလဲမြင်ရ။ အဲဒီချိန်လူတစ်ယောက်က မြွေစောင့်နေတဲ့လူကို “တကယ်ဆုတောင်းပြည့်လားဗျ”လို့မေးတော့ “မပြည့်ရင်လှူကြမလားဗျ”လို့ခပ်မာမာပြောသံကြားရပါတယ်။ ဒါနဲ့ဘဲ […]


            ညနေခင်းဆည်းဆာ ကျနော်မိတ်ဆွေလေးရဲ့အိမ်အပေါ်ခေါင်မိုးကတော့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဖွဲ့စည်း ထားတာကတော့ အတော်လေးသေသပ်လှပ ပါတယ်။ သူတို့အခန်းက ဆယ်တစ်ထပ် မှာရှိတဲ့အခန်းပါ။ သူတို့အိမ်ကနေ အပေါ်ထပ်ခိုးကိုတက်။ ထပ်ခိုးမှာ တံခါးလေးဖောက်ထားပါတယ်။ အဲဒီတံခါးလေးက ထွက်လိုက်ရင်ခေါင်မိုးပြင်ကိုရောက်ပါတယ်။ အဲဒီခေါင်မိုးပါတ်ပါတ်လည်မှာ လမ်းလျောက်စရာ အဖြစ် တစ်ပေလောက်ချန်ထားပါတယ်။ အဲဒီလမ်းကလေးအတိုင်း တောင်ဘက်ကိုထွက်လိုက်ရင် သံဇာကာ  ကာထားပြီး ကြွေပြားတွေခင်းထားတဲ့ နေရာလေးကိုရောက်ပါတယ်။ ဟိုးအဝေးတော်တော်လှမ်းထဲ့အထိ မြင်ကွင်းကျယ်ကျယ်ကြီးမြင်ရတာလှပ။ ရှုပ်ထွေး မွန်းကျပ်လှတဲ့ရန်ကုန်မြို့မြေပြင် ကနေ ကျနော်မိတ်ဆွေလေး မကြာခဏထွက်ပြေးတဲ့နေရာလေး လဲဖြစ်ပါသတဲ့။ ရန်ကုန်မြို့ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ဒီတစ်ခါဘဲ အမြင့်ဆုံးကနေတက်ကြည့်ဘူးတာပါ။ ကိုယ့်အထက်မှာ အုပ်မိုးထားတာကပြာလွင်သောကောင်းကင်ကြီးဘဲရှိ။ ကြည့်နေရင်းက နေမင်းက ပြန်တော့မယ်လို့နုတ်ဆက်။ အနောက်ဘက်ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်သန်းလို့လှပ။ ကျနော်လည်းလက်ဆော့လု့ိမဝ။ အေးချမ်းတဲ့ ကာလလေးတစ်ခု။ အမှောင်သိပ်မသန်းခင်အိမ်ပေါ်ကဆင်းလာပြီး သူ့တို့ မိသားစုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး တဲ့အခါ ပြန်လာခဲ့ပါတယ်။ ဓါတ်လှေကားထဲကထွက်လို့ […]


  အထက်အမြင့်မှ ဖူးမြင်ရခြင်း         ကျနော်မိတ်ဆွေအများစုက မန်းလေးဂေဇက်ရွာထဲကဘဲဖြစ်ပါတယ်။ ထူးခြားစွာ ဖေစ်ဘုတ်ကနေ သိတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ တစ်ရက်သူက ညနေခင်းမှာဖုန်းဆက်လာပါတယ်။ “ တိမ်တွေတောက်နေတာလှလိုက်တာ “ သူတို့ အိမ်ခေါင်မိုးကနေတက်ကြည့်ရင် ရွှေတိဂုံဘုရားကိုမြင်ရတာ။ ညနေခင်း တိမ်တွေလှတာ။ လပြည်ညဆိုရင် ရွှေတိဂုံဘုရားကို ကြည်ညိုစွာဖူးမြင်ရတာ။ ကိုအမြဲပြောတော့ရန်ကုန်လာရင် အိမ်အလည်လာပြီး ဓါတ်ပုံရိုက်ခွင့်ပြုဘို့ ခွင့်တောင်းထားခဲ့ပါတယ်။ ကျနော်ရန်ကုန်ရောက်တဲ့တစ်ခုသောညနေခင်းမှာ ရွှေဂုံတိုင်မီးပွိုင်အနီးက သူတို့ ဆီကိုအလည်သွားပါတယ်။ အမြင့်က 11ထပ် ဓါတ်လှေကားရှိလို့တော်ပါသေးတယ်။ သူတို့အိမ်မှာခဏ စကားပြော. ညနေခင်းရောက်တော့ အိမ်အပေါ်ထပ်ကနေ ခေါင်မိုးပေါ်တက်။ သူတို့ က သံဇကာ ကာလို့ အသေအချာလုပ်ထား။ ဓါတ်ပုံတွေရိုက်မိတဲ့အခါ ကျနော်စိ်တ်ထဲ မှာ ကျေနပ်မူ့တစ်ခု ကျန်နေခဲ့ပါတယ်။ ကျေးကျေးပါ မိတ်ဆွေလေးရေ။   ကိုပေါက်လမ်းသလားနေသည် မဟာရန်ကုန် […]


              “အဝေးကစေတီ”(မြောက်ဥက္ကလာပ)     ကျနော်ရန်ကုန်ရောက်တိုင်း အောင်မင်္ဂလာကားဝင်းကနေတည်းတဲ့အိမ်ကိုတဲ့အခါ ကုန်းကျော်တံတားကွေးကွေး ကြီးနားရောက်ရင်မြင်ရတဲ့ စေတီဖြူဖြူကြီးတစ်ခုရှိပါတယ်။ မြင့်လဲ အတော်မြင့်သလို ပုဂံခေတ်က စေတီနဲ့ပုံစံတူပါတယ်။ စွယ်တော်ဘက်လမ်းလျောက်ရင်လဲ ဒီဘုရားကိုမြင်ရပါတယ်။ ကျနော်အတော်လေးလဲစိတ်ဝင်စားပါတယ်။ အဲဒီဘုရားအမြင့်ကသာ တက်ကြည့်ရရင် အတော်ဝေးဝေးထိမြင်ရမယ်လို့ထင်မိလို့ပါ။ ရန်ကုန်သာ တစ်နှစ်တစ်ခေါက်ရောက်ပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။       2013 နှစ်ဆန်းမှာရန်ကုန်ကို တစ်ခေါက်ထပ်ရောက်ပါတယ်။ တိုက်ဆိုင်စွာ 2012 ရော 2013 ပါ ဇန်နဝါရီလဆန်းရဲ့ပထမအပါတ်မှာ ရန်ကုန်ကိုရောက်နေတာဘဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ရက် မယ်လမုဘက်ကို လမ်းလျောက်ရင်းထွက်လာခဲ့ပါတယ်။ မယ်လမုဘုရားမှာ ဓါတ်ပုံရိုက်ပြီးပြန်အထွက်အဲဒီဘုရားကိုလှမ်းမြင်နေရပါတယ်။ အဲဒီကိုသွားမယ်ဆိုပြီး လမ်းအနောက်ဘက်ကူး။ သံလမ်းကိုကျော်ပြီး ဘယ်လိုသွားရမလဲ လို့ အဲဒီနားမှာနေသူကိုမေးကြည့်တော့ အတော်လေးဝေးတယ်ပြောပါတယ်။ နောက်ရပ်ကွက်တွေထဲဖြတ်သွားရင်မျက်စေ့လည်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မချင့်မရဲနဲ့ပြန်လာခဲ့ပါတယ်။     6-1-2013နေ့မနက် […]


“လေးဆူဓါတ်ပုံရွှေတိဂုံကိုဆောင်းနံနက်ခင်းမှာဖူးမြင်ရခြင်း”     ကန်တော်ကြီးကထွက်လာတော့လမ်းမလျောက်ချင်တာနဲ့တက္ကဆီငှားလိုက်ပါတယ်။ ဓါတ်လှေကားနားအရောက် တစ်ထောင်။ ဝင်ခါနီးမှာ၂၀ဝကျပ်ကိုအဆင်သင့်ထုတ်ထားလိုက်ပါတယ်။ ဂိတ်ဝင်ကြေးပေးဘို့။ ဓါတ်လှေကားနားရောက်တော့ အသင့်ယူလာတဲ့ ပလပ်စတစ်အိတ်လေးထုတ်ပြီးဖိနပ်ထည့်။ ယူမလာရင် တစ်အိတ်ငါးဆယ် ထပ်ကုန်မယ်လေ။ ဒါနဲ့ဘဲဓါတ်လှေကားထဲဝင် အထွက်ရောက်တော့ ပန်းရောင်းနေသူတွေကိုတို့ဝှေ့လို့ထွက် ဓါတ်လှေကားအသုံးပြုတဲ့အတွက် အလှူငွေထည့်ပြီး  ရင်ပြင်တော်ပေါ်ကိုရောက်လာပါတယ်။ မနက်စောစောပေမယ့် ဘုရားဖူးတွေနဲ့စည်ကားနေပါတယ်။         မဒမ်ပေါက်က လူနည်းနည်းရှင်းတဲ့ဇရပ်တစ်ဆောင်မှာ ဘုရားဝတ်ပြုနေတုန်း ကျနော်ကတော့ လက်ဆော့ဘို့ရင်ပြင်ပေါ်မှာလမ်းသလားပါတယ်။ ရောက်တိုင်းရိုက်နေကျ ထန်းပင်နဲ့စေတီကိုရိုက်ပါတယ်။ ရင်ပြင်ပေါ်မှာကျနော်လို့ဘဲ လက်ဆော့နေသူရှိတယ်။   မြန်မာဝတ်စုံလေးနဲ့နိုင်ငံခြားသူလေးကိုတွေ့တယ်။ နံနက်စောစောအလုပ်မသွားခင်ဘုရားလာပြီးဆီမီးပူဇော်သူရှိတယ်။ အဝေးက ဘုရားဖူးသူတွေရှိတယ်။ မပြောင်းမလဲ အိန္ဒြေကြီးစွာနဲ့သပ္ပါယ်လွန်းတဲ့ရွှေစေတီရှိတယ်။     ကြောက်စရာကောင်းတဲ့ဘီလူးရုပ်ကြီးနားမှာ ဆီမီးအမွှေးတိုင်ပူဇော်ထားတာရှိတယ်။ ကျနော် မဒမ်ပေါက်နားရောက်တော့ အစာတောင်းပြီးနားနေတဲ့ကျီးကန်းနှစ်ကောင်တွေ့တယ်။ ဒါပေမယ့် ကျနော်က တော့ ပျောက်ဆုံးနေသလိုလို။     […]


  “အလင်းပက်စ…….ရန်ကုန်..လှချက်က ကမ်းကုန်“     ရန်ကုန်ရောက်ပြီးနောက်တစ်ရက်မှာလဲ မနက်လမ်းလျောက်ထွက်ခဲ့ပါတယ်။ ဝေဇယန္တာလမ်းနံဘေးက မြန်မာအသံဝင်းကြီးထဲမှာ မြူတွေအငွေ့ထလို့နေတာ လှပလွန်းပါတယ်။ ဒါပေမယ့် အဲဒီအထဲကိုဝင်လို့မရပါဘူး။ မနက်ငါးနာရီခွဲကျော်ကျော်ရောက်တော့ ရောင်နီလေးတွေတက်လို့လာပါတယ်။ ပန်းရောင် အပြာနုရောင်ရောယှက်နေတဲ့ နံနက်ခင်းအလင်းစက်များကြောင့် ကောင်းကင်ကြီးမြင်ရတာ ရောင်စုံပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါဘဲ။ ဆောင်းပေမယ့် ရွက်ကြွေတွေမြေခနေလို့ ရိုးတံပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်တွေကလဲ ရောင်စုံအလင်းကြောင့်ပိုလှပနေသလိုလို။ လမ်းလျောက်လာရင်းက ပါရမီလမ်းက ကန်စွန်းခင်းများအနေားရောက်တော့ ချောင်းသေးသေးလေးမှာ မြူငွေ့တွေထနေတာရယ် အလင်းရောင်နီက လဲ အနီဘက်ကို သန်းလာတာရယ်ကြောင့် မြင်ရတာ စိတ်အေးချမ်းလှပါတယ်.။ အဲဒီကနေလျောက်လာရင်း ဂန္တမာ ဂေါက်ကွင်းဘက်ကြည့်လိုက်တော့ မြက်ခင်းများမှာမြူငွေ့တွေထနေတာကိုမြင်တော့ ခပ်တည်တည်ဘဲ အထဲဝင်သွားပြီး လက်ဆော့ပါတယ၊်။ အားရပါးရလက်ဆော့ ပြီးအပြင်ပြန်ထွက်လာမှ အဝင်တုံးက မမြင်လိုက်တဲ့ ခွေးမိုက်ကယ် တစ်အုပ်က မာန်ဖီပြီးအ သံတွေပေးတာ မြင်မှ အတော်လေးလန့်သွားပါတယ်.။ ဒါပေမယ့် အဲဒီနားမှာနေသူတွေက […]


                “မင်းဝံကိုငေးကြည့်မိခြင်း”     စစ်ကိုင်းတောင်ဆိုတာ မင်းဝံတောင်းတန်းကြီးရဲ့အစလို့ပြောနိုင်ပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးက စစ်ကိုင်းမြို့မြောက်ဘက်ခြမ်းမှာမင်းဝံတောင်တန်းကြီးကို ဧရာဝတီမြစ်ကြီးနဲ့ယှဉ်လျက်တွေ့နို်င်ပါတယ်။ စေတီပုထိုးဘုရားများစွာရှိတဲ့စစ်ကိုင်းတောင်ကတော့ အင်မတန်ကျက်သရေရှိလို့လှပ။ စစ်ကိုင်းတံတားအောက်ခြေမှာဓါတ်ပုံရိုက်အပြီး အလင်းရောင်ကူးပြောင်းစ ခြောက်နာရီခွဲလောက်မှာတော့ တံတားပေါ်ပြန်တက်လာခဲ့ကြပါတယ.်။ တံတားပေါ်ရောက်တဲ့အခါမှာတော့ ဆိုင်ကယ်ကိုလမ်းဘေးရပ်။ တံတားအဟောင်းဘက်ဆီကိုငေးကြည့်ရင်း လက်ဆော့ တောင်ဘက်ထိပ်ရောက်ပြန်တော့ မြူငွေ့တွေဝေနေတဲ့ စစ်ကိုင်းတောင်ကိုလက်ဆော့ ရင်း မင်းဝံတောင်ကိုငေးးးးးးးးးးးးးးးးးးးးးးးး။ အဲဒါနဲ့ဘဲ ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့ပြန်အလာ ရွှေကြက်ကျဆိပ်ကမ်းကိုအလွန်မှာတော့ မင်းဝံတောင်ရိုးကိုနေခြည်အခကိုမြင်လိုက်ရတဲ့အခါ ………………………………………………………………………………………..   ကိုပေါက်လမ်းသလားနေသည် 24-11-2012  


                    “နံနက်ခင်းအရုဏ်တက် စစ်ကိုင်းတံတားဘက်ဆီသို့”   ကျနော်ရယ်ဘိုသော့ရယ်ကအလုပ်ပိတ်ရက်မတူပါဘူး။ သူက ကုန်ပါပြီ ဝန်ထမ်း တနင်္ဂနွေပိတ်တယ် ကိုးနာရီမှရုံးတက်ရတယ်။ ကျနော်က ပုတ်ထိပုတ်ထ ဈေးသည် ဥပုဒ်နေ့ဘဲပိတ်တယ် မနက် 8နာရီဆီအလုပ်ကိုရောက်ရပါတယ်။ အဲတော့ နှစ်ယောက်အတူလက်ဆော့ဘို့ကခဲယဉ်းပါတယ်။ တစ်ခါတစ်ရံညနေခင်းလေတွေဆော်ချင်နှက်ချင်ပေမယ့် ညနေခင်းများက ကျနော်တကယ်အလုပ်ရှုပ်တဲ့အချိန်။ နောက်တော့ အတူရိုက်လို့ရမယ့် အချိန်ကို တွေ့သွားပါတယ်။၏ တနင်္ဂနွေမနက်စောစော ဒါဆိုအနီးအနားရိုက်လို့ရ။ ဥပုဒ်နေ့မနက်စောစော အသင့်အတင့်ဝေးတဲ့နေရာကိုသွားရိုက်လို့ရပါတယ်။   တစ်ရက်မတော့ ကျနော်စိတ်ကူးယဉ်တာလေးသူ့ကိုပြောပြပါတယ်။ မနက်စောစော နေအထွက် စစ်ကိုင်းတံတားပေါ်ကနေ ရွှေကြက်ကျကို လှမ်းလက်ဆော့ဘို့။ အဲဒါနဲ့ဥပုဒ်နေ့တစ်ရက် မနက်စောစော ငါးနာရီ သူက ကျနော်ကိုဝင်ခေါ်ပါတယ်။ ကန်တော်ကြီးကဖြတ်တက် ရှမ်းလေးကျွန်းကနေကန်ပါတ်လမ်းဘက်သွား။ အဲဒီကမှ စစ်ကိုင်းတံတားပေါ်ရောက်ပါတယ်။ […]