7 ပိတောက်ခူးသူ အမှတ်နှစ်            “မေပိတောက်….နဲ့ ရွှေရန်ကုန်”   ဒီနေ့မနက် လမ်းလျောက်ထွက်တော့ ပိတောက်ပန်းရနံ့တွေရနေပါတယ်။ လှမ်းကြည့်လို်က်တော့ ကုန်းကျော်အဆင်းမှာ ပိတောက်တစ်ပင်။ ဓါတ်ပုံရိုက်မယ်ကြည့်တော့ နေနဲ့ပြောင်းပြန်။ ရိုက်ပြန်ရင်လဲ ခပ်မဲမဲဘဲထွက်မှာဆိုတော့လက်မဆော့။ ဆက်သွားရင်း ကုန်းကျော်အနောက်ဘက်အောက်ခြေမှာ ပိတောက်ပင်တွေအများကြီးတွေ့ပါတယ်.။ မွှေးလိုက်တာလဲလွန်ပါရော။ လှမ်းကြည့်တော့ ပိတောက်ချစ်သူတွေက ပိတောက်ခူးနေပါတယ်။ အဲဒါနဲ့ လှမ်းလက်ဆော့။ စွယ်တော်ဘုရားကအပြန်မှာတော့ ပိတောက်ပန်းကိုယ်စီနဲ့ပိတောက်ချစ်သူတွေ တွေ့တော့ ခွင့်တောင်းပြီးဓါတ်ပုံရိုက်. ဒါရန်ကုန်မှာပထမဆုံးပိတောက်ပွင့်ဆိုဘဲ။ ဒီနေ့အလုပ်ကိစ္စနဲ့သွားရာလမ်းတစ်လျောက် ပိတောက်ပွင့်တွေဝေလို့။ ကားပေါ်ကဆိုတာ လက်ဆော့လို့မရ။ ကဲ လှမှလှ လို့ဘဲဆိုချင်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (2-5-2012)


    “မန်းလေးကရှေးအမွေ…………..တစ်”   မြန်မာပြည်နောက်ဆုံးမင်းဆက်နေသွားခဲ့တာကတော့ ရတနာပုံမန္တလေး။ လွန်ခဲ့သောနှစ် 150က တည်ထားတာဆိုတော့ ကျုံးမြို့ရိုးပြအိုးပစ္စင် အကုန်အစုံမြင်နိုင်ပါသေးတယ်။ ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။ ကျုံးထဲမှာကြာပန်းရှိတယ်။ ရေမှော်ရှိတယ်။ ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။ ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။ ငယ်ကတည်းက ကျုံးဘေးမှာနေလာသူဆိုတော့ ပိုသံယောဇဉ်ကြီးမိပါရဲ့။ အခုနောက်ပိုင်းကျုံးမဟုတ်ဘဲကန်ဖြစ်သွားတယ်။ မြေဘောင်ကနေကျောက်စီဘောင်ဖြစ်သွားတယ်။ ငယ်က ကျုံးဖြတ်တဲ့တံတားတွေပျောက်သွားတယ်။ ဒါပေမယ့် မပျောက်ပျက်သေးဘဲကျန်နေတာလေးတွေတင်ပေးလိုက်ပါတယ်။ ဒါကိုတော့ထပ်အစားမထိုးစေချင်ပါဘူး။       ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။ (25-2-2012)