Yin Nyine NwayJune 3, 20121min24415
ဒီနေ့ညနေ ဘိုတထောင်ဘုရားကအပြန်မှာ 48 ကားလေးစီးပြီး စံရိပ်ငြိမ်ကို အပြန် 48 ကားပေါ် ထူးထူးဆန်းဆန်းလူတယောက်တက်လာပါတယ် ထူးထူးဆန်းဆန်း လည်ပင်းမှာ ရောင်စုံမီးတွေပါတဲ့ စပီကာ 2တုံးလေးကို ဆွဲလို့ အားလုံးက ကြောင်တောင်တောင်နဲ့ ထိုလူကို ထူးဆန်းနေသလို ကြည့်နေကြပါတယ် ခဏကြာတော့အဲဒီလူက သူ့လွယ်အိတ်ထဲက ပေါ့တေးပါး ဒီဗီဒီလေးထုတ်ပြီး အက်ရှုှင်ကားတကားရဲ့ထွေလာလေးတခုကိုဖွင့်ပြီး ပေ်ါ့တေးပါးတီဗီလေးကို ထော်ပြီး အားလုံးမြင်အောင်ပြပါတယ် ကောင်းတဲ့အခန်းလေးတွေကိုသာ သီးသန့်စုပြီး ပြတဲ့အတွက် တော်တော်ကြည့်ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ် ပြီးမှ သူက ဒါဘာရုပ်ရှင်ကားပါ တခွေက်ု 300 ပါဆိုပြီးရောင်းပါတော့တယ် ကားပေါ်ကလူတွေ လုရက်ပြီး ဝယ်ကြပါတယ် နောက် ရောင်းပြီးတာနဲ့ နောက်တကားထပ်ပြ ပါတယ် ဒါကိုလည်း အရင်ကအတိုင်း ဘာကားပါဆိုပြီး ပြောပြီးရောင်းပါတယ် တော်တော်စိတ်ကူးကောင်းတဲ့ သူပါ အဲဒီရုပ်ရှင်ကားကို လမ်းဘေးဆိုင်တွေမှာလဲရပါတယ် ဒါပေမဲ့ […]