thihayarzarJanuary 31, 20131min1525
ဒကာတစ်ယောက် ရေးကြီးသုက်ပြာနဲ့ ဘုန်းကြီးကျောင်းကို အပြေးအလွှား လာနေတယ် အချိန်ကလည်း ည ရှစ်နာရီလောက်ဆိုတော့ ကျောင်းပေါ်မှာ ထိုင်နေတဲ့ ဘုန်းကြီးက မသဲမကွဲနဲ့ လှမ်းကြည့်နေမိတယ်။ နီးကပ်တော့မှ ငယ်ငယ်က ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ဖြစ်နေတယ်။ အကြောင်းအရာက သူ့မိန်းမ မီးဖွားရခက်နေလို့ ဘုန်းကြီးဆီကနေ ရေမန်းလာတောင်းတာ ဘုန်းကြီးကလည်း ရေတစ်ခွက် နဲ့ သပြေပန်း ယူခဲ့ဆိုပီး အင်္ဂုလိမာလသုတ် ရွက်ပီး ပေးလိုက်တယ်။ ရေမန်းကို မိန်းမကိုလည်းတိုက် သပြေပန်းလေးနဲ့ ခေါင်းကိုလည်းဖြန်းပေး ပတ်ဝန်းကျင်ကိုလည်း ဖြန်းပေးဆိုပီး ပေးလိုက်တယ်။ နောက်တစ်နာရီလောက် ကြာတော့ ပြန်လာပြန်ရော … ဆရာတော် လုပ်ပါအုံးဘုရား .. ဘာဖြစ်လာပြန်ပီလဲ နာရီလည်း ကြည့်ပါဦးဟ …. မမွေးသေးဘူးဘုရား ၊ တညီးတညူညူ ဖြစ်နေတယ်ဘုရား ၊ ဆရာတော်ဘုရား […]