“အဝေးက ဆောင်းပုံပြင်”             ( အပိုင်းနှစ်)   “နိုးထခြင်း” သဲပြင်မှာ သူသူငါငါလာတဲ့အခါ အားလုံးရဲခြေရာ မြေမှာကျန်သလို ကျနော်ရဲ့နှလုံးသားရင်ပြင် သူဝင်လာတဲ့အခါ                                         လွယ်လွယ်မမြင်နို်င်တဲ့                                                    သံယောဇဉ်ခြေရာများ သူချန်ထားခဲ့ပါတယ်။   “ခိုင်” ရန်ကုန်ကိုရောက်တဲ့နေ့မှာ ခိုင့်နဲ့ အဆက်အသွယ်ရပါတယ်။ သန်ဘက်ခါ ည အီလိုက် ည ဆယ်နာရီကားနဲ့လာမယ်။ ဘူတာကြီးနားကစောင့်ပါလို့မှာပါတယ်။ တံခွန်တိုင်အဝိုင်းပတ်ရောက်ရင်ဖုန်းဆက်ပါလို့မှာတော့ အဝိုင်းပါတ်သူမသိတဲ့.။ အဲတော့အလွယ်ဆုံးကတော့ကားပေါ်ရောက်ရင်ကျနော့်ဖုန်းကိုခေါ်လိုက်။ ပြီးရင်ဖုန်းကို စပယ်ယာကောင်လေးပေးလိုက်။ အဲဒီစပယ်ယာကို ကျနော်မှာမယ်လို့ဘဲ ပြောထားရပါတော့တယ်။ တကယ်ရောက်လာတော့လဲချောချောမောမောပါဘဲ။ ခိုင်တံခွန်တိုင်အဝိုင်းပါတ်ရောက်ပြီလု့ိဖုန်းဆက်ချိန်မှာ ကျနော်က သူ့ကိုကြိုဘို့အိမ်ကထွက်လာနေပြီလေ။ ဘူတာကြီးရှေ့ကျနော်ရောက်တော့ ခိုင်တို့ကား ကရောက်နေပါပြီ။ အသားလတ်လတ်မျက်နှာဝိုင်းဝိုင်း  အရပ်ခပ်မြင့်မြင့် ခဲရောင်စကဒ်ဝတ်ထားပြီးခပ်ကျော့ကျော့လေးရပ်နေသူက ခို်င်မှန်းကျနော်တန်းသိလေသည်။ သူ့ကတော့ ဟိုကြည့်ဒီကြည့်ရှာနေလေသည်။ သူ့နံဘေးနားကိုကျနော်အရောက် ခို်င် ဟု […]